စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အားဆေး အကြောင်း သိကောင်းစရာ လေးများ


                       
“အားဆေး အညိုတောင့်ကြီးတွေ နေ့တိုင်း စားတယ်”
“ရေဆူ အားဆေးပြားကြီး တနေ့ နှစ်လုံး အမြဲစားတယ်လေ”
“ထမင်းစားပြီးတိုင်း အားဆေးပြား နှစ်မျိုး၊ သုံးမျိုးတော့ နေ့တိုင်း စားနေတာပဲ”
“စာအုပ်ထဲမှာပါတဲ့ အားဆေးတွေ ဖတ်ပြီး စားကြည့်နေတယ်”
အဆိုပါ “အားဆေး” ဆိုသည်မှာ အလွန် ရေပန်းစားနေပါသည်။ အရွယ်မရွေး အားဆေးစားသင့်သည်။ အားဆေးစားမှ ကျန်းမာမည်ဟု ယူဆထားလေ့ရှိကြပါသည်။

“ကျွန်တော်တို့ တင်သွင်းတဲ့ အားဆေးဟာ ဗီတာမင်၊ သတ္ထုဓာတ် ဆေးမြစ်တွေ အကုန်လုံး ပါဝင် ဖော်စပ်ထားပါတယ်။ အခု ရောင်းချနေတဲ့ တခြားအားဆေးတွေ နဲ့ နှိုင်းယှဉ်ပြထားပါတယ်။ ကျွန်တော်တို့ ဆေးက အများကြီး သာတယ်ဆိုတာ တွေ့ရပါမယ်။ ဒါကြောင့် ဒီဆေးကို သုံးကြည့်ပါ။ ညွှန်ပေးပါ” စသည်ဖြင့်လည်း ဆေးကုမ္ပဏီ အများအပြားက အလုအယက် ကြော်ငြာ အားကောင်းနေသော အချိန်လည်း ဖြစ်ပါသည်။ အရောင်အသွေး စုံလင်စွာဖြင့် ဝယ်ယူသောက် ချင့်စဖွယ် ဆွဲဆောင်အားလည်း အလွန်ကောင်းပါသည်။


ထိုကဲ့သို့သော အခြေအနေမှာ ကျွန်တော်တို့ ပတ်ဝန်းကျင်တွင် သာ ဖြစ်နေခြင်း မဟုတ်ပါ။ ကမ္ဘာနိုင်ငံ အသီးသီးတွင် ခေတ်မီ တိုးတက်ဖွံ့ဖြိုးလာသော ဆေးဝါးများ ထုတ်လုပ် ရောင်းချခြင်း၊ ဝယ်ယူ
တင်သွင်းခြင်း တို့ကြောင့် ထိုဆေးဝါးများနှင့် အထူးရင်းနှီးနေကြခြင်း ဖြစ်ပါသည်။ အမှန်တကယ်လည်း လူအများအပြား လက်ခံ သုံးစွဲနေကြပါသည်။ အမေရိကန်နိုင်ငံတွင် ထိုအားဆေး၊ ဗီတာမင်ဆေးများသည် အလွန်အရောင်းရဆုံး ဆေးပစ္စည်းဖြစ်ပြီး နှစ်စဉ် ၁.ဒသမ ၇.ဘီလျှံ ဒေါ်လာခန့် ရောင်းချနေရသည်။ အမေရိကန်နိုင်ငံသား ၄၀-ရာခိုင်နှုန်းမှာ ထိုဆေးများကို မှီဝဲနေကြပြီး နိုင်ငံသားများ အနှစ်သက်ဆုံး ဆေးမှာ ဗီတာမင်“စီ” ဆေးပြားဖြစ်ကြောင်း သိရသည်။ အအေးမိ နှာစေးသည်နှင့် ဗီတာမင်”စီ”ဆေးပြား သောက်သုံး တတ်ခြင်းသည် အိမ်သုံးဆေး ဆောင်ထားခြင်းကဲ့သို့ ဖြစ်ခဲ့ရာမှ ထိုဆေးပြားများနှင့် အမေရိကန်လူမျိုးတို့ ရင်းနှီးခဲ့ကြပါသည်။


မကြာသေးမီက အမေရိကန်အမျိုးသား သိပ္ပံ အကယ်ဒမီမှ သတင်းတခု ထုတ်ပြန်ခဲ့ပါသည်။ ထိုထုတ်ပြန်စာ၌ အမေရိကန် ဆေးရုံများတွင် အမှားအယွင်းများ ရှိခဲ့မှုများ ဖော်ပြထားပါသည်။ ထို့ပြင် အများကြိုက်နေသော ဗီတာမင်“စီ”နှင့်“အီး”ကို လိုအပ်သည်ထက် ပိုမိုသုံးစွဲစေခြင်း၊ သုံးစွဲနေခြင်း တို့ကြောင့် ကျန်းမာရေး
ပြဿနာများ ဖြစ်ပွားနေကြောင်းနှင့် ထိုအခြေအနေကို ဝိုင်းဝန်းထိမ်းသိမ်းကြရန် တိုက်တွန်းထားချက်တို့လည်း ပါဝင်ပါသည်။


လူ့ခန္ဓာကိုယ်ရှိ ဆဲလ်များသည် ဇီဝဖြစ်စဉ်များဖြစ်ပြီး ပျက်စီးသွားလိုက်၊ အသစ်ပြန်လည် တည်ဆောက်လိုက်ဖြင့် သံသရာလည်လျက်ရှိသည်။ ထိုဖြစ်စဉ်တို့တွင် Free Radicals ခေါ် ဓာတ်တိုးပစ္စည်းများ ထွက်လာတတ်ပါသည်။ ထိုပစ္စည်းတို့သည် ကျန်းမာ သန်စွမ်းနေသော ဆဲလ်အကောင်းများကို ထိခိုက်ပျက်စီးစေတတ်ပါသည်။ ထို့ပြင် ကင်ဆာရောဂါများ၊ နှလုံးနှင့် ပတ်သက်သော ရောဂါများမှအစ အယ်လ်ဇိုင်းမားရောဂါနှင့် အိုမင်းရင့်ရော်မှုများမှာလည်း ထိုပစ္စည်းများ ပါဝင်ပတ်သက်နေပါသည်။ ထိုမလိုလားအပ်သော ပစ္စည်းတို့ကို ဖယ်ရှားနိုင်ပါက ရောဂါဘယများမှ ကင်းဝေးနိုင်သည့်အပြင် အိုမင်းခြင်းမှပင် အတော်အတန် ဟန့်တားနိုင်မည်ဖြစ်သည်။ 


ထိုသို့ ဆောင်ရွက်နိုင်သော ဓာတုပစ္စည်းတို့ကို ရှာဖွေတွေ့ရှိထားပါပြီ။ ဗီတာမင် “စီ” ဗီတာမင် “အီး”နှင့် ဆီလီနီယမ် (Selenium) တို့ ဖြစ်သည်ဟု သိရသောအခါ လွန်ခဲ့သည့် နှစ်အနည်းငယ်က ထိုပစ္စည်းတို့ဖြင့် ဖော်စပ်ထုတ်လုပ်ရောင်းချသော
ဆေးဝါးတို့သည် အလွန်လူကြိုက်များခဲ့ပါသည်။ အများအပြား ရောင်းချ၊ သုံးစွဲခဲ့ကြပါသည်။
အမေရိကန်နိုင်ငံ၊ တတ်ဖ်တက္ကသိုလ်မှ ဇီဝသိပ္ပံပညာရှင် နော်မန်ကရင်စ်စကီး ဦးဆောင်သော အဖွဲ့က အဆိုပါဆေးများ သုံးစွဲမှုကို လေ့လာခဲ့ပါသည်။ 


ဗီတာမင် “စီ”အပြည့်အဝပါသော အစားအစာများ၊ ဗီတာမင်“အီး”နှင့် ဆီလီနီယမ် အပြည့်အဝပါသော အစားအစာတို့ကို စားသုံးခြင်းဖြင့် နာတာရှည်ရောဂါ များ ဟန့်တားခြင်းမှ အတော်အတန် ကာကွယ်နိုင်ကြောင်း သိရသည်။ သို့ရာတွင် ထိုပစ္စည်းတို့ဖြင့်
ဖော်စပ်ထားသော ဆေးဝါးများကို အများအပြား သုံးစွဲမိပါက မလိုလားအပ်သော ကျန်းမာရေး ပြဿနာများ ရင်ဆိုင်ကြရကြောင်း တွေ့ရပါသည်။ ဗီတာမင်“အီး” အများအပြား စားသုံးမိသူများမှာ သွေးယိုစီးခြင်း (အစာအိမ်၊ ဦးနှောက်၊ သွားဖုံး စသည်များ) ဖြစ်ပွား၍ ဗီတာမင် “စီ” အလွန်အမင်း စားသူတို့မှာ ဝမ်းပျက်ခြင်း၊ ကင်ဆာရောဂါကုဆေး မှီဝဲနေရသူ ဖြစ်ပါက ထိုဆေး၏ အာနိသင်များ ထိခိုက်ပျက်ပြယ်စေခြင်းမ


https://www.facebook.com/photo.php?fbid=488812654549904&set=a.351047714993066

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...