စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







တံတောင်နေရာ ချောမွေ့ဝင်းပလာစေနည်း




တံတောင် နဲ့ဒူး ချောမွေ့အောင် ဆိုရင် ခပ်လွယ်လွယ် ကိုယ်တိုင် လုပ်နိုင်မယ့်နည်းတွေ ထဲက တစ်ခု ကတော့ သံပရာသီး ကို အခြေခံထား ပါတယ်။ သံပရာသီးကို ယူ၊ အရည်ပို ထွက်အောင် အသီးကို တစောင်းလေးတွေ လှီး။ ရလာတဲ့ သံပရာခြမ်းလေးတွေနဲ့ တံတောင်နဲ့ ဒူးတွေကို စိတ်ရှည်လက်ရှည် ပွတ်ပါ။ မိနစ် ၂ဝ စောင့်ပါ။ အဲဒီမိနစ် ၂ဝ အတွင်းရေနွေးအိုးတည်ပါ။ ပဝါဟောင်းတစ်ထည်နဲ့ဇလုံတစ်ခုယူပါ။ မိနစ် ၂ဝ ပြည့်တဲ့အခါ ဇလုံထဲရေနွေးထည့်ပြီး ပဝါကိုပါ ထည့်လိုက်ပါ။ လက်မပူအောင် ဂရုစိုက်ပြီး ပဝါက ရေနွေးကိုညှစ်ပါ။ ပြီးရင် တံတောင်နေရာ ကို ရေနွေးငွေ့ပဝါနဲ့ အုပ်ပြီး ပွတ်ပေးပါ။ ပြီးရင် ရေနွေးဇလုံမှာ ပြန်စိမ်ပြီး ကျန်တံတောင် တစ်ဖက် ကိုလုပ်ပါ။

အလားတူ ဒူး ၂ ဖက်ကိုလည်း တစ်လှည့်စီ လုပ်ပေးပါ။ လိုအပ်ရင်ရေနွေးကို လဲပြီးလုပ်ပါ။

အဲဒီလိုလုပ်ပေးတဲ့နေ့မှာပဲ ဒုတိယအဆင့် အနေနဲ့ တံတောင်နဲ့ ဒူးများ ကိုခြောက်သွေ့တဲ့ အနေအထားမှာ သံပရာရည် လက်ဖက်ရည် ဇွန်း တစ်ဇွန်းနဲ့အုန်းဆီတို့ ရောမွှေထားတဲ့ အရည်ကို လူးပေးပါဦး။ ပြီးရင် ပထမအဆင့်တုန်းကလို ရေနွေးငွေ့ ပဝါနဲ့ တစ်နေရာချင်းလိုက်ပွတ်ပေးပါ။ ဒီလို ၂ ဆင့်စလုံးလုပ်ရင် ပိုထိရောက်ပါတယ်။ နေ့စဉ်ဆက်တိုက် လုပ်သွားရင် ၂ ပတ်အတွင်း နူးညံ့ချောမွေ့လာတဲ့ သင့်ရဲ့ တံတောင် နဲ့ဒူးကို သင်ကိုယ်တိုင် တွေ့မြင်နိုင်ပါပြီ။

မာဦး
Yati Magazine


https://www.facebook.com/photo.php?fbid=488230824608087&set=a.351047714993

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...