စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







"မြင်းမိုရ်တောင်ဦးကို ညွတ်နူးတဲ့ ၀ါကျွတ်အစဉ်အလာ


• စိုးမြတ်သူဇာ

မေး - သွေးသားတော်စပ်မှု အရ မကြီး က ဒီညီမများရဲ့ အစ်မကြီး တစ်ယောက် ဖြစ်သလို အနုပညာနဲ့ ပတ်သက်ရင်လည်း သူတို့ရဲ့ အစ်မ သာမက မိခင်တစ်ဦးလိုပါ။ အနုပညာ ပန်းကလေးတွေ မွေးဖွားပေးသူလို့ ပရိသတ်က တင်စားကြတယ်။ အဲဒီအပေါ် အစ်မရဲ့ ခံစားမှု ပြောပြပေးပါ။

ဖြေ - အခုခေတ်ကလေးတွေက အရမ်းကို Smart ဖြစ်တယ်။ အထူးတလည် သူတို့ကို အစ်မ ဘာမှ မသင်ပေးခဲ့ရပါဘူး။ သူတို့ ကိုယ်တိုင်ကိုက Pick up လုပ်တာ သိပ်မြန်ပါတယ်။ အနုပညာနယ်ပယ်မှာ နေရာ အသီးသီးရလာကြတာကို မြင်ရတော့ အစ်မ ပီတိဖြစ်ရပါတယ်။

မေး - ဒီလို ညီမ တစ်တွေ စုစုစည်းစည်း ကန်တော့ကြတဲ့ အပေါ် မှာ ဖြစ်ပေါ် လာတဲ့ စိတ်ခံစားမှု ကို ပြောပြပေးပါ။

ဖြေ - ညီမတွေဆိုပေမယ့် သူတို့ကို သားသမီးတွေလို သဘောထားတာပါ။ ကန်တော့တော့လည်း ၀မ်းသာရပါတယ်။

• စိုးမြတ်နန္ဒာ

မေး - ဒါဒါက မကြီးကို အခုလို သီတင်းကျွတ်အခါမျိုးတင် မဟုတ်ဘဲ အမြဲကန်တော့ဖြစ်လား။

ဖြေ - သီတင်းကျွတ်တိုင်းတော့ အမြဲတမ်း ကန်တော့ဖြစ်ပါတယ်ရှင့်။

မေး - အဲဒီလို ကန်တော့ဖြစ်တာ မကြီး ကို ဒါဒါ့ရဲ့ စိတ်ထဲမှာ ဘယ်လိုမျိုး တင်စားခံယူထားလို့လဲ။

ဖြေ - အမေဆိုလည်း ဟုတ်တယ်။ အစ်မဆိုလည်း ဟုတ်တယ်။ ဒါဒါ့ရဲ့ အနုပညာလောကထဲ ရောက်လာဖို့ အတွက် ကျေးဇူးရှင်လည်ဖြစ်တယ်။

• စန္ဒီမြင့်လွင်

မေး - ကိုယ့်ရဲ့ အစ်မကြီးကို အခုလို ကန်တော့ရတော့ ရင်ထဲက ဖြစ်ပေါ် လာတဲ့ ခံစားမှု ကို ပြောပြပေးပါဦး။

ဖြေ - ခံစားမှုကတော့ နှစ်တိုင်းခံစားနေကျ အတိုင်းပါပဲ။ ဘာလို့လဲဆိုတော့ ဒီဒီက မကြီးကို နှစ်တိုင်း ကန်တော့နေကျမို့ပါ။ အဘိုး၊ အဘွား ၊ ဖေဖေ၊ မေမေ၊ အဒေါ်တွေ၊ ဦးလေးတွေနဲ့ အစ်ကိုတွေ၊ အစ်မတွေကိ အမြဲတမ်းပေါ့။ နှစ်တိုင်း ကန်တော့နေကျမို့ ပီတိဖြစ်မိပါတယ် အစ်မရယ်။

• စိုးပြည့်သဇင်

မေး - အခုလို ညီမတစ်တွေ စုစုစည်းစည်း နဲ့ မကြီးကို ကန်တော့ရတော့ ဘယ်လိုခံစားရလဲ။

ဖြေ - အရမ်းကို ပျော်ပါတယ်။ ကိုယ့်ရဲ့ အစ်မ တစ်ယောက်ကို အခုလို ကန်တော့ရတာ အရမ်းလည်း ၀မ်းသာတယ်။ စိုးပြည့်တို့ ညီအစ်မတွေ အကုန်လုံး စုစုစည်းစည်း နဲ့ ကိုယ်ချစ်တဲ့ အစ်မကို ကန်တော့ရတာ ပိုပြီးတော့ ပျော်တာပေါ့။ မကြီးရဲ့ ဆုံးမ လမ်းညွှန်မှုတွေဟာ စိုးပြည့်တို့ကို အသိပညာတွေလည်း တိုးပွားစေပါတယ်။

(၂၀၀၇၊ အောက်တိုဘာလထုတ် ရတီမဂ္ဂဇင်း)
Yati Magazine


https://www.facebook.com/photo.php?fbid=485073528257150&set=a.3510477

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...