စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သတိ ရှိပါ ၊ စပ်စု လို စိတ် လျှော့ ပါ



၂၀၀၃ ခုနှစ် နွေ ရာသီ အီရတ် နိုင်ငံ တွင်ဖြစ်သည် ... ပြင်းပြ သော အပူရှိန် အောက်တွင် ဗုံး တစ်လုံး အား ရှင်းလင်းရန် အမေရိကန် ဗုံး ရှာဖွေ ရှင်းလင်းရေး အဖွဲ့ မှ ဗုံးကျွမ်းကျင် ပညာရှင် များ အလုပ်များလျက်ရှိနေသည် ... ဗုံးပညာ ရှင်များ စိတ်ပူ သည် မှာ ထောင်ချောက် ဆင် ထား သလား ၊ လာရောက် ရှင်းလင်း မည့် ဗုံး ရှင်းလင်း ရေး ကျွမ်းကျင် သူများ အား Sniper ဖြစ်ပစ်ခတ် မည်လား အနားရောက်မှ အဝေးထိန်း စနစ်ဖြင့် ဖောက်ခွဲ မည်လား ဟု ဖြစ်သည် .... အပေါ်ကောင်းကင်ယံ အိမ်ခေါင်မိုးများ ပေါ် မှ မောင်းသူမဲ့ အပေါ့စား လေယာဉ်ငယ် လေး တစ်စီး မှ ပျံ သန်း နေပြီး အားကောင်း သော အပူဓါတ် သုံး ကင်မရာ ဖြင့် ပတ်ဝန်း ကျင် အား ရိုက်ကူ၍ လက်တော့ ကွန်ပြူတာ သို့ ပေးပို့ နေ သည် .... လှုပ်ရှားမှု မရှိ .... အ န္တရာယ် အငွေ့ အသက် မရှိ .... ရန်သူ့ လှုပ်ရှား မှု မတွေ့ရ .... ပတ်ဝန်းကျင် တွင် မရိန်းတပ်သားများ လုံခြုံ ရေးယူထားသည် ..... အရပ်သားများ ကွက်ကြည့် ကွက်ကြည့် ဖြင့် စူးစမ်း နေသည် ....

ဒီလို လုပ်ငန်းမျိုး သည် ကြာကြာ အချိန် ဆွဲ လို့ ကောင်းတာ မဟုတ် .... သူ ဗုံး ဒါဏ်ခံ ၀တ်စုံကို ၀တ် လိုက်သည် .... ဒီဝတ်စုံမှာ ပေါင်တစ်ရာ လေးပြီး ကီဗလာ နှင့် ကြွေ စပ် ထားသော ၀တ်စုံဖြစ်သည် ... ပူပြင်းမှု ကို သူ ဂရု မစိုက်နိုင် .... ဗုံးရှိရာ သို့ တလှမ်းချင်း တိုးသွားသည် .... ဤသို့ ကိုယ်ကျိုး မဖက် လုပ်ရသည် များက အီရတ် လိုနေရာ တွင် မထူးဆန်း တော့ ... နေ့စဉ် အကြိမ်ရေ ဒါဇင် နှင့် ချီပြီး လုပ်ရ သည် ..... အနီးရောက် ၍ သေချာ စူးစမ်း လေ့လာ တော့ ၁၅၅ မီလီမီတာ ဗုံးသီး ဖြင့် ပြုလုပ် ထားသော ဗုံး အမျိုး အစား ဖြစ်ကြောင်း တွေရှိ ရသည် ... ဒီကောင် ပေါက် ကွဲ လျင်တော့ ဒီ ဗုံးကာ ၀တ်စုံ ပင် သူ့ အား မကယ် နိုင် .... သူ တစ်စ စီ ဖြစ်သွားနိုင် သည် ဟု တွေးမိ သည် .....

အမြောက်ကျည် ထိပ်ပိုင်းတွင် ဒစ်ဂျစ်တယ် နာရီ တစ်လုံး အား တိပ်ဖြင့် ကပ်ထား သည် .... အချိန်သည် တရွေ့ရွေ့ .... ဗုံးပညာ ရှင် က ယင်း နှင့် ဗုံး စပ်ဆက် ထားသော ၀ါယာ များ နှင့် ပိုမို သေချာ စေရန် အတွက် အဖုံး ကို ကွာ သွားအောင် ဖြတ်တောက် ကိရိယာ တပ်လိုက် သည် .... ပြီးပြီ ... သူ အကာအကွယ် သို့ ပြန်လာသည် .... လုံခြုံ သောနေရာတွင် ၀တ်စုံချွတ် ပြီး ဖြတ်တောက်ကိရိယာ အား ဖောက်ခွဲ လိုက်သည် .... ဖောက်ခနဲ မြည်သံ နှင့် အတူ နာရီ ရော အဖုံး ပါ လွင့် ထွက်သွား သည် .... ဗုံး အသက်မဲ့ ပြီ .....

ဗုံးပညာ ရှင် နှင့် မရိန်း အရာရှိတို့ လုံခြုံ ရေး သတိ ဖြင့် ဗုံးနား သို့ ပြန်လာ ကြသည် ... ဒီဗုံး ကို ဖြုတ် သိမ်း ရဦးမည် .... မရိန်းတို့ သက်ပြင်း ချ လိုက် သလို သာမာန် အရပ် သား တို့ လဲ သက်ပြင်း ချ သည် .... ဝေးဝေး စူးစမ်း ရာမှ အနည်း ငယ် တိုးကပ် စပ်စု လာ သည် .. မရိန်း တို့ ကလဲ အစ က လောက် မတားဆီး တော့ ... ဗုံးပညာ ရှင် နှစ်ဦး ဗုံး အား သယ်ဆောင် ရန် ပြင်ဆင် နေ သည် ... ဒီဗုံး ကို လေ့လာ ပြီး လွတ်ရာ တွင် ခွဲ ရဦး မည့် သူ့ အလုပ် ရှိသေး သည် .... ဗုံးပညာ ရှင် တို့ စီနင်း လာသော ဟမ်းဘီး သံချပ်ကာ ကား ကို အနားသို့ ခေါ်လိုက် သည် ... ဗုံးပညာ ရှင်မှ ဗုံးအား ကား ပေါ် သို့ တင် ဖို့ လုပ်နေစဉ် လေတစ်ချက် ဟပ် လိုက် ပြီး သူ ဘာမှ မသိ တော့ ......

မူလ တွေ ရှိ့ သည့် ဗုံးနှင့် မီတာ ၂၀ လောက် အကွာမှ ၁၅၅ မီလီမီတာ အမြောက်ကျည် ဖြင့် ပြုလုပ် ထား သော အဝေး ထိန်း စနစ် သုံး ဗုံး ပေါက်ကွဲ ခြင်း ဖြစ် သည် .... ထို ပေါက်ကွဲ မှု တွင် ဗုံး ပညာ ရှင် နှစ်ဦး နှင့် မရိန်း တပ်သား ၇ ဦး ပွဲ ချင်းပြီး ကျဆုံးပြီး မရိန်း ၃ ဦး ဒါဏ်ရာ ရကာ အဝေး မှ စူးစမ်းနေသူ များမှ တစ်ဦး သေဆုံး ၄၀ ကျော် ပေါက်ကွဲ မှု အရှိန်ကြောင့် အစ ထိမှန် ဒါဏ် ရာ ရရှိ ပြီး အနီး တ၀ိုက် အဆောက် အဦ များ ပျက်ဆီး ခဲ့ သည် ....

အဆိုပါ ဖြစ်စဉ် သည် ဇာတ်ကား တစ်ကား မဟုတ် ... အမှန် တကယ် ဖြစ်ပျက်ခဲ့ သော လူသိမ များသော ကိစ္စ များ ထဲ မှ တစ်ခု သာ ဖြစ်သည် .....

ဗုံးတွေ့လျင် စပ်စု လို စိတ် ကင်း နိုင် ကြပါစေ ....

Photo : ဈေးချို ဗုံးလန့်မှု တွင် စူးစမ်းနေသူများ


https://www.facebook.com/photo.php?fbid=485545738209929&set=a.3510477149930

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...