စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကမ္ဘာ့ အင်တာနက်လိုင်း အမြန်ဆုံး ရရှိသော ၁၀ နိုင်ငံ

 

ကမ္ဘာ့ အင်တာနက်လိုင်း အမြန်ဆုံး ရရှိတဲ့ ၁၀ နိုင်ငံ စာရင်းကို Statista မှ ယခုလို ထုတ်ပြန်ပေးလိုက်ပါတယ်။ အများစု မထင်မှတ်ထားတာ ကတော့ အမေရိကန်ဟာ အဆင့် ၈ မှာ ရှိနေခြင်းပါ။

နံပါတ် ၁ နေရာမှာ တောင်ကိုရီးယားက တည်ရှိနေပါတယ်။ သူပြီးရင်တော့ ဂျပန်၊ ဆွစ်ဇာလန် နဲ့ လပ်တီဗာတို့က တည်ရှိနေပါတယ်။ ပြီးရင် နယ်သာလန်၊ ချက်သမ္မတ နိုင်ငံ၊ ဘယ်လ်ဂျီယံ၊ အမေရိကန်၊ ဖင်လန် နဲ့ ဗြိတိန်တို့ အစဉ်လိုက် တည်ရှိနေပါတယ်။ ဘားမှာ ပြထားတဲ့ ရာခိုင်နှုန်းက အခြားမဟုတ်ပါဘူး။ လူဦးရေ ရာခိုင်နှုန်းဖြစ်ပြီး ဥပမာ တောင်ကိုရီးယား မှာဆိုရင် လူဦးရေရဲ့  ၄၅ ရာခိုင်နှုန်းက 10Mbps အထပ်က Speed ကိုရရှိနေတယ်လို့ ညွန်းဆိုခြင်း ဖြစ်ပါတယ်။ ဗြိတိန်မှာဆိုရင်တော့ လူဦးရေရဲ့  ၂၃ ရာခိုင်နှုန်းသာ ရရှိ ပါတယ်။

အင်တနက်လိုင်း မြန်ဆန်မှုနဲ့ လူဦးရေ အရေအတွက် များများအား ပေး စွမ်းနိုင်မှုက တိုင်းပြည်ရဲ့  နည်းပညာနှင့် ဆက်စပ် စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးမှာ အဓိက ကျပါတယ်။
.
Ref: mashable
Aung Kham (TSJ Team)


https://www.facebook.com/photo.php?fbid=488250194606150&set=a.351047714993066.

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...