စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မြန်မာ့ဆေးဖက်ဝင် ခွေးလှေးယားပင်




Item Name ---- Cowhage or Cowitch Plant (ခွေးလှေးယားပင်)
Category : Raw Material
Botany Term : Mucuna prurita Hook
Species Family : Papiionaceae

မြန်မာနိုင်ငံ အနှံ့အပြားတွင် ပေါက်ရောက်သည်။ သဘာဝအလျောက် ပေါက်ရောက်သည်။

အပင်

တစ်နှစ်ခံနွယ်ပင်မျိုးဖြစ်၍ သေးသွယ်သော အကိုင်းအခက်များတွင် အမွေးများ ရှိသည်။ အပင်ကြီးရင့်လာသောအခါ ပြောင်ချော၏ ။

အရွက်

ရွက်လွှဲထွက်သည်။ သုံးရွက်မြွှာပေါင်းဖြစ်၍ အောက်နှစ်ရွက်သည် လိပ်ပြာတောင်ပုံသဏ္ဍာန်ရှိပြီး ရွက်ရင်း ရွဲ့စောင်းနေသည်။ ထိပ်ရွက်မြွှာသည် ဘေးရွက်မြွှာ နှစ်ခုထက်သေးငယ်ပြီး ရွက်ထိပ်ရွက်ရက်းသွယ်၍ အလယ်ပိုင်း ကျယ်သည်။ အရွက်ထက်အောက် မျက်နှာပြင်နှင့်ရွက်ညှာတွင် အမွေးများရှိသည်။ ရွက်မြွှာများ၏ ရွက်ညှာရင်းတွင် ရွက်စွယ်၂ ခုရှိ၏။

အပွင့်

ပဲပုစွန်ပွင့်နှင့်တူ၏ ။ ပွင့်ညှာတို၍ ပန်းခိုင်အောက်ဘက်သို့ ငိုက်ကျနေသည်။ အပွင့် ခရမ်းရောင်ဖြစ်သည်။ ပွင့်ချပ် အညိုရောင်ပေါ်တွင် အနက်စက်ကလေးများ ရှိ၍ မီးခိုးရောင် အမွေးကလေးများ ရှိ၏။

အသီး

ညိုဝါရောင်ရှိ၏ ။ အသီးတောင့်မှာ ၂ လက်မ ၃ လက်မ ရှည်၍ ထိပ်ဘက်တွင် ကောက်နေ၏ ။ အစေ့အိမ်ဘေးတွင် ယားယံစေသော အမွေးများ ရှိသည်။ အစေ့ ၅-၆စေ့ ခန့်ပါသည်။ တပို့တွဲလ တပေါင်းလတွင်သီးသည်။

အစေ့

ဘဲဥပုံဖြစ်သည်။ ပြားချပ်နေသည်။ အညိုရောင်တွင် အနက်စက်များ ပါရှိ၏ ။

► အသုံးဝင်ပုံ

အမြစ် ၊ အစေ့ ၊ အသီး ၊ အရွက်။

အာနိသင်

မြန်မာဆေးကျမ်း များ အလိုအရ ခွေးလှေးယားသည် ချိုခါးသော အရသာ ရှိ၏ ။ အေးသောဂုဏ်သတ္တိရှိ၏ ။ လေ ၊ သည်းခြေကို နိုင်၏ ။ အစေ့သည် သုက်ကိုပွားစေ၏ ။ အားကို ဖြစ်စေ၏ ၊ ၀ဖြိုးစေ၏ ၊ သန်ပိုးများကို နိုင်၏ ၊ အာရုံကြောများကို အားရှိစေ၏ ၊ အမြစ်သည် အကြောများကို အားရှိစေ၏။ ဆီးရွှစေ၏။ အစေ့အိမ်၌ ကပ်နေသော အမွေးများသည် သန်ပိုးများကို ကျစေ၍ သွေးလေတို့ကို ကြွစေနိုင်သဖြင့် ထုံကျင်နေသောနေရာတို့၌ လိမ်းပေးရ၏ ။

► အမြစ်အသုံးပြုပုံ

၁ ။ ခွေးလှေးယားမြစ်မှုန့် အနည်းငယ်ကို ရေနှင့်ရောသောက်သော် သွေးဝမ်းကျရောဂါ ပျောက်၏။
၂ ။ ခွေးလှေးယားမြစ်ကို သုံးခွက်တစ်ခွက်တင်ပြုတ်၍ ပျားရည်နှင့် ရောသောက် သော် ကာလ၀မ်းရောဂါ ပျောက်၏ ။
၃ ။ ခွေးလှေးယားမြစ်ကို ကြိတ်၍ ရေဖျဉ်းရှိသောဗိုက်တွင် လိမ်းပေးခြင်း ၊ အတုံးငယ်ကလေးများပြု၍ ခြေဆစ်လက်ဆစ်တို့၌ ချည်နှောင်ပေးခြင်းဖြင့် ရေဖျဉ်းရောဂါပျောက်စေ၏။
၎ ။ ခွေးလှေးယားမြစ် ကြိတ်ရည်ကို နေ့စဉ်သောက်သုံးသော် လေရောဂါ လက်မောင်းသိမ်ရောဂါ ပျောက်စေ၏ ။
၅ ။ ခွေးလှေးယားမြစ်မှုန့်ကို ဆီနှင့် ချင်ပြီး အဆီကို စစ်ယူ၍ လိမ်းပေးသော် ဆင်ခြေထောက်ရောဂါ ပျောက်၏ ။

► အစေ့အသုံးပြုပုံ

၁ ။ ခွေးလှေးယားစေ့မှုန့်ကို ရေနှင့် ရောသောက်သော် ဆီးချုပ်ရောဂါ ပျောက်၏ ။
၂ ။ ခွေးလှေးယားစေ့အနုကို ဟင်းအဖြစ် ကြော်ချက်စားသော် သွေးအန် သွေးလျှံရောဂါ ပျောက်၏ ။
၃ ။ ခွေးလှေးယားစေ့ကို ထောပတ်နှင့် ကြော်ချက်စားသော် လူကို ၀စေ၍ အားကို တိုးစေသည်။
၎ ။ ခွေးလှေးယားစေ့ကို ကြိတ်၍ ကင်းကိုက်ရာ၌ အုံပေးသော် ကင်းဆိပ်ပျောက်၏ ။
၅ ။ ခွေးလှေးယားစေ့သည် အားတိုးဆေး၊ ကာလသားရောဂါပျောက်ဆေး ၊ လေငန်းရောဂါပျောက်ဆေးအဖြစ်လည်း သုံး၏ ။
၆ ။ ခွေးလှေးယားစေ့ကို အမှုန့်ပြု၍ နွားနို့သောက်လျှင် သုက်အားကို အထူးပွားစေ၏ ။ အမျိုးသမီးများ နို့ထွက်စေ၏ ။
၇ ။ ခွေးလှေးယားစေ့နှင့် ခွေးလှေယားမြစ်ကို ဆတူအမှုန့်ပြု၍ ယင်းအမှုန့်နှင့် သကြားဆတူရောပြီး နွားနို့နှင့် နေ့စဉ်သောက်ပါက ကျန်းမာဝဖြိုးပြီး သုက်အားကို အလွန်အမင်း ကောင်းစေပါသည်။

► အသီးအသုံးပြုပုံ

၁ ။ အသီးတောင့်ကို သန်ကျဆေးအဖြစ် သုံး၏ ။

အရွက်အသုံးပြုပုံ

၁ ။ ခွေးလှေးယားရွက်ကို ပြုတ်တို့လျှင် အမျိုးသမီး သားသည် မိခင်များ နို့ထွက်များစေ၏ ။ သွေးအန် ၊ သွေးကျရောဂါ ကို ကာကွယ်နိုင်၏ ။
၂ ။ ယောက်ျားများ ဒူလာပါဒရက်ရောဂါပျောက်စေ၏။

မြန်မာ့ဆေးဖက်ဝင်အပင်များ


https://www.facebook.com/photo.php?fbid=656158624424779&set=a.57278505276

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...