စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







စိတ်ဆိုးတဲ့အခါတိုင်း စိတ်ကောင်းရောက်အောင်ကြိုးစား


 
စိတ်ဆိုးတဲ့အခါတိုင်း -
ကြည်နူးစရာတွေပျောက်သွားတယ်။ပျော်ရွင်စရာတွေကုန်ဆုံးသွားတယ်။ကိုယ့်အပေါ်တစ်ဖက်သတ်အပြစ်ပဲမြင်နေတယ်လို့ ထင်လာတယ်။သူမှန်တယ် ငါမှန်တယ်လို့
ငြင်းခုံရတဲ့အတွက်စိတ်ရှုပ်ထွေးရတယ်။

ကြည်နူးစရာစကားလုံးတွေမကြားရတော့ဘူး။ မျက်နှာ
တင်းတင်းနဲ့မာကျောတဲ့ စကားသံတွေပဲ ကြားနေရတယ်။တိတ်ဆိတ်ငြိမ်သက်နေပေမယ့် စိတ်ထဲမှာမအေးချမ်းဘူး။ထွေးပွေ့ထားရာကနေကျောခြင်းကပ်သွားကြတယ်။ တွေး
လိုက်တိုင်း ရင်မောရတယ်။ မပြောသင့်တဲ့စကားလုံးတွေ၊
မစဉ်းစားသင့်တဲ့ အတွေးတွေ၊ မလုပ်သင့်တဲ့အပြုအမှုတွေ
မထင်မှတ်ပဲ လုပ်မိသွားတတ်တယ်။

ဆိုးနေတဲ့စိတ်ကို ကောင်းအောင်ပြန်ကြိုးစားပါ။ ဆိုးနေတဲ့
စိတ်ဆိုတာ ကောင်းနေရာကနေဆိုး သွားတာမဟုတ်လား။ အခုလည်းဆိုးနေတဲ့စိတ်ကို ပြန်ကောင်းအောင်လုပ်နိုင်ပါတယ်။သင့်ပေါ်မှာပဲမူတည်တယ်။ ဘယ်လိုလုပ် ရမှာပါလဲ။စိတ်ကောင်းနေတုန်းက အခြေအနေကို ပြန်စဉ်းစားပါ။

ကိုယ်စိတ်ဆိုးနေတဲ့လူရဲ့ကောင်းကွက်ကို တဖြည်းဖြည်း
ရှာယူပါ။ကောင်းကွက်ဆိုတာရှာတတ်ရင် အများကြီးထွက်လာပါလိမ့်မယ်။ ကျေးဇူးတရားကို အစဖေါ်ပြီးစဉ်းစားပါ။ တစ်ဦးနဲ့တစ်ဦး ဆက်ဆံတဲ့နေရာမှာ ကျေးဇူးမကင်းကြပါဘူး။
ကျေးဇူးတရားကို အစဖေါ်လို့ရပြီဆိုရင် ကောင်းကွက်ကို ရှာဖို့
လမ်းစရပြီလို့ဆိုနိုင်ပါတယ်

ဘာဖြစ်လို့လည်းဆိုတော့ သင့်နှလုံးသားကအဲဒီအချိန်မှ
ကောင်းကွက်ကိုချည်း လက်ခံဖို့ကြိုးစားနေလို့ပါပဲ။ အဲဒီအချိန်ရောက်ရင် သင်စိတ်ဆိုးလို့မရတော့ပါဘူး။ စိတ်ဆိုးနေကြတဲ့လူတွေအားလုံး စိတ်ဆိုးပြေကြပါစေ။

- အရှင်ဝိလာသဂ္ဂ(ဗောဓိမြိုင်သစ္စာရွေပြည်ဓမ္မရိပ်သာဆရာတော်)
Dhamma Danã Source ►
www.facebook.com/youngbuddhistassociation.mm
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...