စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကိုယ်ဝန် ပျက်တာ ဘာကြောင့်ပါလဲ




သားအိမ် ခြစ်ပြီး ၃ လ ပြည့်ရင် ကလေးယူ လို့ ရပါလား ဆရာ။ ကျွန်မ ရဲ့ သားဦး ကိုယ်ဝန် ၂ လ နဲ့ ပျက်သွား ပါတယ် ဆရာ။ သားအိမ် ခြစ်ထား လို့ ဒုတိယ အကြိမ် ကိုယ်ဝန် ဆောင်ရင် အရင် လို ပျက်ကျ နိုင်ပါ သလား။ ဆောင်ရန် ရှောင်ရန် ပြောပြ ပေးပါ ဆရာ။

• ကိုယ်ဝန် ထပ်ဆောင် လို့ ရပါပြီ။ တခါ ပျက်ဘူး သူ နောက် ပျက်အုံး မလား ဆိုတာ တဦးချင်း အတွက် ပြောရ တယ်။ ပျက်တုံး က ဘာလို့ ပျက် သလဲ အပေါ် မှာ လဲ မူတည် တယ်။ တခါ ပျက်တိုင်း တော့ ထပ်ထပ် မပျက် ကြပါ။
• ကိုယ်ဝန် ဆောင်သူ အသက် ငယ် လွန်းတာ၊ ကြီးလွန်း တာ ကြောင့်လဲ ဖြစ်စေ နိုင်တယ်။ ၃၅ နှစ် အောက်မှာ ၁၅ %၊ ၃၅ - ၄၅ နှစ်ကြား မှာ ၂ဝ - ၃၅ %၊ ၄၅ နှစ် အထက် ၅ဝ %၊
• ကိုယ်ဝန် တခါ ပျက်ဘူး သူ ၂၅ % ထပ် ပျက် နိုင်တယ်။ ထပ်ထပ် ပျက် နေသူ ၁ % ရှိ တယ်။
• တချို့ နေရာ တွေမှာ သိသာ တဲ့ မဖျက်ဘဲ ပျက်တဲ့ ကိုယ်ဝန် ပျက်မှု ပေါင်း ဟာ ကိုယ်ဝန် စုစုပေါင်း ရဲ့ ၁၅ % ရှိတယ်။ အမေရိကား မှာ ၁ဝ - ၂၅ % ရှိတယ်။
• တချို့ မှာ ဘာလို့ လဲ ပြော မရဘူး။
• Miscarriage ခေါ်တဲ့ ကိုယ်ဝန် က ဖျက်ချ တာ မဟုတ် ဘဲ သူ့ အလိုလို ပျက် စေတဲ့ အကြောင်းတွေ ထဲမှာ မတော် တဆ ဖြစ်တာနဲ့ သဘာဝ အကြောင်း တရား တွေ ရှိတယ်။ အများ ဆုံး ဖြစ်တာ က သန္ဓေ သားရဲ့ ( ခရိုမိုဆုံး ) ပုံမှန် မဟုတ် လို့ ဖြစ်တာ၊ ၅ဝ % ရှိတယ်။
• အများစု က စောပြီး ပျက် တယ်။ တချို့ မှာ ကိုယ်ဝန် ရှိနေတာ တောင် မသိ ဘူး။ သုတေ သန တခု အဆို အရ ၆၁ . ၉ % ၁၂ ပတ် အတွင်း ပျက်ကျ တယ်။ ဒီ အထဲ က ၉၁ . ၇ % က ပျက်ကျ တယ် ဆိုတာ တောင် ကိုယ်တိုင် မသိ လိုက် ကြဘူး။ ၁ဝ ပတ် ကျော် တာနဲ့ အလိုလို ပျက် ဘို့ အခွင့် အလမ်း သိသိ သာသာ နည်း လာပြီ။
• ထိခိုက် မှု ဆိုတာ မတော် တဆ ထိခိုက် မှု ( အတွေ့ အကြုံ အရ အားကစား သာမန် လုပ်လို့ ပျက် မကျ ပါ။ ) တမင် တကာ ထိခိုက် မှု နဲ့ စိတ် ဖိအား တွေ ဖြစ်တယ်။

ကိုယ်ဝန် ပျက်စေတဲ့ အကြောင်း ရင်း တွေ များ တယ်။ စာရင်း ချရင် ၃၂ မျိုး ရှိတယ်။

• အများ ဆုံး ဖြစ်တတ် တဲ့ ရောဂါ ၃ မျိုး၊
• ဖြစ်လေ့ ရှိတဲ့ ရောဂါ ၁ မျိုး၊
• ဖြစ်ခဲ တဲ့ ရောဂါ ၁ မျိုး၊
• ရှားရှား ပါးပါး ဖြစ်စေတတ် တဲ့ ရောဂါ ၂ မျိုး နဲ့
• တခြား အကြောင်း ၂၆ မျိုး ဆိုပြီး ရှိတယ်။

အဲဒီရောဂါ နဲ့ အခြေအနေ တွေ ထဲက

• Amniocentesis လုပ်နည်း၊
• Anticardiolipin syndrome ရောဂါ၊
• Carboprost tromethamine ရောဂါ၊
• Cervical incompetence သားအိမ်ဝမလုံခြင်း၊
• Chronic villus sampling လုပ်တာ၊
• Cone biopsy of cervix လုပ်တာ၊
• Endometrosis သားအိမ်ရောဂါ၊
• Gemeprost သွေးဆင်းရပ်ဆေး၊
• Listeria monocytogenes ရောဂါ၊
• Paroxysmal nocturnal hemoglobinuria ရောဂါ၊
• Paroxyvirus B19 infection ရောဂါ၊
• Rubella ဂျာမန်-ဝက်သက် ရောဂါ
• Sickle cell disease သွေးရောဂါ၊
• Systemic lupus erythematosus ရောဂါ နဲ့
• Dinoprostone ကိုယ်ဝန် ဖျက်ဆေး၊ Mifepristone ကိုယ်ဝန် ဖျက်ဆေး တွေ ဟာ ကိုယ်ဝန် တခါ မက ပျက်နိုင် ပါတယ်။

ကျန်တာ တွေ ကတော့ Alloimmune ရောဂါ၊ Antifetal antibodies ရောဂါ၊ Antiphospholipid antibodies ရောဂါ၊ သန္ဓေသား အင်္ဂါ ချို့ယွင်းတာ၊ အစာ ဆိပ် သင့်တာ၊ ( ကေဖင်း ) အများကြီး သောက် တာ၊ ရောဂါ ပိုးဝင်တာ၊ သား အိမ်ထဲ IUCD ပစ္စည်း ထည့်တာ၊ Japanese skimmia ရောဂါ၊ Luteal phase defect ရောဂါ၊ ကင်ဆာ အတွက် ဓါတ် ကင်တာ၊ ဆေးလိပ် သောက်တာ၊ သားအိမ် ပုံမှန် မဟုတ်တာ၊ အရက် သောက်တာ နဲ့ သူ့ အလိုလို ပျက်ကျ တာတွေ ဖြစ် ပါတယ်။

ဒေါက်တာတင့်ဆွေ
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...