စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဗုဒ္ဓဘာသာတိုင်း သိသင့်သော ဘုရားရှိခိုး



ဓမ္မဒါနပြုသည် - ဟိန်း

သြကာသ ... သြကာသ ... သြကာသ

ကာယကံ ၊ ၀စီကံ ၊ မနောကံ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက် ပါစေခြင်းအကျိုးငှာ

ပထမ ... ဒုတိယ ...တတိယ

တစ်ကြိမ် ...နှစ်ကြိမ် ...သုံးကြိမ် မြောက်အောင်

ဘုရားရတနာ ... တရားရတနာ ... သံဃာရတနာ

ရတနာမြတ်သုံးပါးတို့ကို အရိုအသေ အလေးအမြတ် လက်အုပ်မိုး၍ ရှိခိုး ပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ပါ၏အရှင်ဘုရားးး

ကန်တော့ရသော အကျိုးအားကြောင့် -

အပါယ်လေးပါး ... ကပ်သုံးပါး ... ရပ်ပြစ်ရှစ်ပါး ... ရန်သူမျိုးငါးပါး ... ၀ိပတ္တိ တရားလေးပါး ... ဗျဿနတရား ငါးပါး တို့မှ

အခါခပ်သိမ်းကင်းလွတ်ငြိမ်း သည်ဖြစ်၍ နိဗ္ဗါန်ချမ်းသာ တရားတော်မြတ်ကို ရပါလို၏အရှင်ဘုရားးး

အနက် -

သြကာသ ... သြကာသ ... သြကာသ - ရှိခိုးပါရစေ ...

ခွင့်ပြုတော်မူပါ (၃) ကြိမ် ...

ကာယကံ ... ၀စီကံ ... မနောကံ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ် တို့ကို ပျောက်ပါစေခြင်း အကျိုးငှာ -

ကိုယ်ဖြင့် ပြုမူပြစ်မှားမိခဲ့သော ကာယအမူ ...

နှုတ်ဖြင့် ပြောဆိုပြစ်မှားမိ ခဲ့သော ၀စီအမှု ...

စိတ်ဖြင့်ကြံစည်ပြစ်မှားမိခဲ့သော မနောအမှု

စသည့် ထိုကံသုံးပါး တွင် တစ်ပါးပါးသောကံ တို့ဖြင့်

ဘုရား...တရား...သံဃာ၌လည်းကောင်း...

ဆရာသမား မိဘ ဘိုးဘွား အစ ရှိသော လူကြီးသူမများ ၌ လည်းကောင်း

ပြစ်မှားမိခဲ့လျှင် ကင်းရှင်းပြေပျောက် ပါစေခြင်း အကျိုးငှာ

ပထမ ... ဒုတိယ ... တတိယ

တစ်ကြိမ် ...နှစ်ကြိမ် ... သုံးကြိမ်မြောက်အောင် -

ပထမ က ဒုတိယ... ဒုတိယ က တတိယ ... တစ်ကြိမ် က နှစ်ကြိမ်... နှစ်ကြိမ် က သုံးကြိမ်တိုင်အောင်

ဘုရား ရတနာ ... တရား ရတနာ ... သံဃာ ရတနာ ရတနာမြတ်သုံးပါးတို့ကို အရိုအသေ အလေးအမြတ် လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ပါ၏အရှင် ဘုရားးး

ဟိတ်ဟန်မပြ မာန်မာနလျော့ချ၍ ကြည့်ရှုဖူးမြော်ကန်တော့ပါ၏ အရှင်ဘုရားးး

ကန်တော့ရသော အကျိုးအားကြောင့် -

ဤကန်တော့ရသော ကုလိုလ်အကျိုးအား အစွမ်းကြောင့် ...

အပါယ်လေးပါး -

၁ ... ကုသိုလ်ကောင်းမှု များစွာပြုခွင့်မရကြသော ငရဲကြီးများဖြစ်ကြသည့် -

(က) အကုလိုလ်ကံမကုန်သေးသမျှတစ်ခါတည်း သေကြေပျောက်ပျက် မသွားဘဲ ထပ်ခါထပ်ခါအသက်ရှင်လျှက် ငရဲထိန်းတို့၏ခုတ်ဖြတ်မှု ကို သာ ပြင်းစွာခံကြရရှာသော "သိဉ္စိုးငရဲ"

(ခ) ငရဲသားတို့ကို ငရဲထိန်းတို့က သားကောင် ကို ခွေးတွေ လိုက်သလို အတင်းလိုက်ကြပြီး မောဟိုက်သွားသည့်အခါ သစ်တုံးကြီးကို သစ်ရွေ သ မားတို့က ခုတ်ရွေကြသကဲ့သို့ ကျကျနန မျဉ်းကြိုးချ၍ ပက်လက်တစ်မျိုး ... မှောက်လျက်တစ်မျိုး ...၀ဲယာတစ်မျိုး ... ရှေ့နောက်တစ်မျိုး အားဖြင့်အကု သိုလ်ကံ မကုန်သေးသ၍ လွတ်ခွင့်မရနိုင်ကြ ဘဲ အမျိုးမျိုးခုတ်ရွေခံကြရ သည့် "ကာဠသုတ်ငရဲ "

(ဂ) အောက်မြေအပြင်မှာ မီးလျံတွေထလျှက် အထု (၉) ယူဇနာရှိသော သံမြေပြင် ကြီးဖြစ်၌ ငရဲသားတို့ဟာ ထန်းပင်ငုတ်လေးတွေစိုက်ထားသလို ခါးထိအောင်စိုက်ထားခြင်းခံရပြီး အရှေ့အရပ်မှ လာသော သံတောင်ကြီးက စားမည်ဝါးမည်ဆိုနေသလို တဒိန်းဒိန်း တခြိမ်းခြိမ်းမြည်ဟီးလျက် ကြိတ်ကာ ကြိတ်ကာ အနောက်အရပ်သို့ သွားပြီး ၊ နောက်တောင်အရပ်မှသံတောင်ကြီး က ထိုနည်းအတိုင်းပင် ကြိတ်ကာကြိတ်ကာမြောက်အရပ်သို့သွားပြီးလျှင် အနောက်အရပ်သို့ ရောက်ပြီးသော သံတောင်ကြီးကလည်း အရှေ့အရပ် သို့ကြိတ်ကာကြိတ်ကာပြန်၍လာခြင်းဖြင် အရပ်လေးမျက်နှာမှသံတောင်တွေ သန်းဥတုတ်သလို ဖိနှိပ်ကြိတ်ချေသော်လည်း အကုသိုလ်ကံမကုန်သမျှငုတ်စု စု ပေါ်ထွက်လျက် ဆက်ကာဆက်ကာ အကြိတ်ခံရရှာသော "သံဃာတငရဲ "

(ဃ) မီးတောက်တို့သည် တ၀ုန်းးဝုန့်း ထလျက် ငရဲသို့ကျရောက်သူတို့၏ ဒွါရ (၉) ပေါက်မှ အတင်းဝင်ရောက်လောင်ကျွမ်းသဖြင့် အလွန်အားငယ်စွာ တစာစာအော်ကြရရှာပြီး ပြင်းစွာငိုကြွေးခြင်းဖြင့် မီးတောကမီးလျှံအလောင် ခံနေ ကြ ရသော " ရောရုာဝငရဲ "

(င) မီးခိုးတို့တစ်ငရဲလုံးဖုံးလွမ်းနေပြီး ငရဲသို့ကျရောက်သူတို့ကို မီးခိုး တို့ က အတွင်းအပြင် အတင်းဝင်၍ နှူးနှပ်ကြသောကြောင့် ငရဲသူ ငရဲသားတို့မှာ ဘာမှန်းတတ်နိုင်ကြတော့ပဲ သနားစဖွယ် အားငယ်စွာ အော်နေကြရရှာသော "မဟာရောရုဝငရဲ"

(စ) ငရဲသို့ကျရောက်သော သတ္တ၀ါများကို ထန်းလုံးလောက်ကြီးမား၍ မီးလျှံ ထသော သံတံကျင်၌ မလှုပ်နိုင်အောင် စိုက်ထားပြီးလျှင် ထိုသံတံမှ ထွက်သော မီးလျှံတို့က အမြဲပူလောင်စေတတ်သော "တာပနငရဲ "

(ဆ) မီးလျှံထနေသော သံတောင်ကြီးနှင့် ထိုသံတောင်၏အောက်ခြေ၌ သံတံ ကျင်တွေစိုက်ထူထားပြီး ငရဲသူငရဲသားတို့ကိုငရဲထိန်း တို့ကသံတော င်ပေါ်သို့ မတက် တက်အောင် ရိုက်နှက်၍ တင်ကြပြီးသံတောင်ပေါ် သို့ရောက်သော အခါ ကံကြမ္မာ အလျောက် လေမုန်တိုင်းပေါ်ပေါက် ၍ ထို လေမုန်တိုင်း က တောင်ခြေ၌ရှိသော တံကျင်ပေါ်ရောက်အောင်တိုက် လွှင့် ချလိုက်သဖြင့် တံကျင်အဖျား၌ ကားခနဲ စူးဝင်ခြင်းခံကြရရှာသော "မဟာ တာပန ငရဲ "

(ဇ) မီးတောကိမီးလျှံများ အကြားမရှိပဲတစ်ငရဲလုံးမီးလျှံများဆက်နေပြီး ငရဲ သားချင်းလည်း ၀ါးကျည်တောက်အတွင်းမုန်ညှင်းစေ့ကလေးတွေ ပြည့် ကျပ်နေသကဲ့သို့ အကြားမရှိပြည့်ကျပ်နေအောင် ဆင်းရဲဒုက္ခ အကြားအရှိ ၊ ဒုက္ခမှ လွတ်ကင်း၍ ချမ်းသာခွင့် လုံးဝမရနိုင်ဘဲ မီးလျှံ ၊ သတ္တ၀ါ ၊ ဆင်းရဲခြင်း ဒုက္ခ ဤသုံးမျိုးတို့ဆက်စပ်နေသော အ၀ီစိငရဲတို့နှင့် ထို ငရဲတစ်ထပ် တစ် ထပ် ၌ ဘင်ပုပ်ငရဲ ၊ ပြာပူငရဲ ၊ လက်ပံတောငရဲ ၊ သန်လျက်ရွက်တောငရဲ ၊ ဝေတ္တရဏီ“ သံရည်မြစ်ငရဲ ဟု တံတိုင်းခတ်သကဲသို့ ရံပတ်၍နေသော ငရဲ အရပ်၌ ကျရောက်ရခြင်းလည်းကောင်း

၂ ... ဆင် ၊မြင်း ၊ ကျွဲ ၊ နွား ၊ ခွေး ၊ ကြက် ၊ ငှက် ငါးလိပ်စသော ကုန်းနေ ရေေ န အခြေလေးချောင်း ၊ အခြေနှစ်ချောင်း ၊ အခြေအများ သတ္တ၀ါ တို့နှင့် မြွေ စသော အခြေမရှိသော သတ္တ၀ါများဖြစ်ကြသည့် တိရစ္ဆာန်အဖြစ်ရောက်ရခြင်း လည်းကောင်း

၃ ... တစ္ဆေ ၊ မှင်စာ ၊ သရဲ သဘက် အစိမ်းဖုတ်ကောင် ၊ကျတ်ကောင် စသည့် ပြိတ္တာ ဖြစ်ရခြင်းလည်းကောင်း

၎ ... ပြိတ္တာအကြီးစားများ ဖြစ်ကြပြီး နေ့စံညခံ ၊ ညခံနေ့စံ စသည်ဖြင့်လည်း ခံနေကြရရှာသော အသူတကာယ် အရပ်၌ ကျရောက်ရခြင်းလည်းကောင်း

ကပ်သုံးပါး -

(၁) တုတ် ဓါး သေနတ် ဗုံး အမြောက် စသောလက်နက်ဖြင့် သေကြေပျက်စီး ရခြင်း (သတ္တန္တရကပ် )

(၂) ပလိပ်ရောဂါ ၊ ကာလရောဂါ ၊ ကျောက်ရောဂါ ၊ အဖျားရောဂါ စသည်ဖြင့် ကူးစက်မြန်သောကြောင့်မြို့နယ်အနှံ့ သေကြေပျက်စီးရခြင်း (ရောဂန္တရကပ်)

(၃) မြို့နယ်အနှံ့အပြားတို့၌ အစားအသောက်ပြတ်ငတ်၍ သေကြေပျက်စီး ရခြင်း ( ဒုဗ္ဘိက္ခန္တရကပ် ) တို့နှင့် ကြံကြိုက်ရခြင်းလည်းကောင်း

ရပ်ပြစ်ရှစ်ပါး -

မဂ်ဖိုလ်ရအောင် တရားအားထုတ်ခွင့်မရခြင်းကြောင့် အပြစ်ဖြစ်သော အရပ်ဒေသများဖြစ်ကြသည့် ...

(၁၊၂၊၃) ဘုရားပွင့်နေဆဲအခါ ငရဲ ၊ တိရစ္ဆာန် ၊ပြိတ္တာ စသော အပါယ်အရပ် ( အသူတကယ်ကို ပြိတ္တာမျိုး၌ယူ )

(၄) ဘုရားရှင်ပွင့်ဆဲ ဘုရားရှင်ကိုမဖူးတွေ့နိုင် ၊ တရားမနာနိုင်ကြရှာသော ခန္ဓာကိုယ်သာရှိ၍ စိတ်ဝိညာဏ်မရှိသော အသညသတ်ဗြဟ္မာများနှင့် စိတ်ဝိညာဏ်သာရှိပြီး ခန္ဓာကိုယ်မရှိသော အရူပဗြဟ္မာများဖြစ်ကြသည့်
ဒီဃာယုနတ်တို့အရပ်

(၅) အစွန်အဖျား တောတောင်အကြား လူရိုင်းများနေသည့် ပစ္စ န္တရာဇ်အရပ်

(၆) ဘုရားပွင့်ဆဲအခါ မိစ္ဆာဒိဋ္ဌိရှိနေခြင်း

(၇) ဘုရားပွင့်ဆဲအခါ တရားနာလည်းလောက်သော ဥာဏ်မရှိသူ

(၈) တတ်သိနားလည်လောက်သော ဥာဏ်ရှိသော်ငြားလည်း ဘုရား မပွင့်သောအခါလူ ဖြစ်ရခြင်းလည်းကောင်း

ရန်သူမျိုးငါးပါး -

(၁) ရေ

(၂) မီး

(၃) ခိုးသူ

(၄) အမွေခံသားဆိုး သမီးဆိုး

(၅) မင်းဆိုး စသည့် ဘေးငါးမျိုးနှင့်ကြုံတွေ့ရခြင်းလည်းကောင်း

ဝိကတ္တတရားလေးပါး -

ဖောက်ပြန်ချို့ယွင်းခြင်း ၊ ပျက်စီးခြင်းဟုဆိုအပ်သော

(၁) မင်းဆိုး မင်းယုတ်အုပ်စိုးသောအခါ ဖြစ်သည့် ကာလ၀ိပတ္တိ

(၂) အအပါယ်လေးပါးတို့၌ဖြစ်ရခြင်း စသည့်မကောင်းသော ဂတိဖြစ်၍ ဂတိဝိပတ္တိ

(၃) ရုပါအဆင်းအင်္ဂါချို့တဲ့ခြင်းစတဲ့ ဥပဓိဝိပတ္တိ

(၄) အသိအလိမ္မာ ဥာဏ်ပညာ သတိဝီရိယမရှိပဲ ပြုမူ ၊ပြောဆိုကြံစည် မူ ပယောဂ၀ိပတ္တိ စသည့်မကောင်းသော အဖြစ်ဆိုးတို့နှင့်လည်းကောင်း

ဗျဿနတရားငါးပါး -

(၁) ဆွေမျိုးပျက်စီးခြင်း ဥာတိဗျဿန

(၂) စည်းစိမ်ဥစ္စာ ပျက်စီးခြင်း ဘောဂဗျဿန

(၃) အနာရောဂါဖြစ်ခြင်း ရောဂဗျဿန

(၄) မှားယွင်းသော မိစ္ဆာအယူကိုယူခြင်း ဒိဋ္ဌိဗျဿန

(၅) သီလပျက်ခြင်း သီလဗျဿန စသောပျက်စီးခြင်းတို့နှင့် ကြုံတွေ့ရခြင်း ဟူသော

အခါခပ်သိမ်းကင်းလွတ်ငြိမ်းသည်ဖြစ်၍

ဤမကောင်းသော တရားတို့မှ အခါခပ်သိမ်းကင်းလွတ်ငြိမ်းသည်ဖြစ်၍

မဂ်တရား -

သောတာပတ္တိမဂ် ... သကဒါဂါမိမဂ် ... အနာဂါမိမဂ် ... အရဟတ္တမဂ်

ဖိုလ်တရား -

သောတာပတ္တိဖိုလ် ... သကဒါဂါမိဖိုလ် ... အနာဂါမိဖိုလ် ...အရဟတ္တဖိုလ်

နိဗ္ဗါန်ချမ်းသာ -

ခန္ဓာအသစ် တစ်ဖန်မဖြစ်ရာ ...သေခြင်းသဘောလည်း မရှိရာ ... ဒုက္ခ အပေါင်းမှလည်း ကင်းဝေးရာ အမြတ်ဆုံးချမ်းသာဖြစ်သည့် နိဗ္ဗါန်စသော တရားတော်မြတ်တို့ကို သံသရာ၌ ကြာရှည်စွာ မကျင်လည်ရတော့ပဲ အမြန် ဆုံး ရရပါလို၏ အရှင်ဘုရားးး

~~~ ဓမ္မမိတ်ဆွေ သူတော်စင်အပေါင်း ကျန်းမာ ရွှင်လန်း ငြိမ်းအေး နိုင် ကြ ပါစေ ~~~

နှလုံးသား၏ ဓမ္မသံစဉ်


https://www.facebook.com/photo.php?fbid=485921064839063&set=a.351047714993066.

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...