
ဒုတိယဆွမ်းသည်ကား သောဏသတို့သား၏ ဆွမ်း ဖြစ်ပေသည်။
ဤဆွမ်းဖြစ်ပေါ်လာမှု၏ ထူးခြားပုံကား -
မဇ္ဈိမဒေသရှိ ဆန်စပါးမျိုးစုံတို့အနက် အကောင်းဆုံးသော အမျိုးအစားမှာ စွပယ်ဖူးဆန် ဖြစ်၏၊ ဤဆန်ကို ချက်လိုက် ပြုတ်လိုက်လျှင် ထွက်ပေါ်လာသော ထမင်းလုံးမှာ ဖြူဖြူဖွေးဖွေး စံပယ်ဖူးလေးများပမာ
ဖြစ်ပေါ်လာသောကြောင့် စံပယ်ဖူးဆန်-ဟု ခေါ်၏၊ မွှေးကြိုင်ပြီး အဆီအနှစ်နှင့်လည်း ပြည့်စုံသည်။ ယင်းစံပယ်ဖူးဆန်ကို လူတိုင်းမစားနိုင်။ မင်းစိုးရာဇာ အထက်တန်းလွှာတို့သာ စားသုံးနိုင်၏။
သောဏသတို့သား၏ မိဘတို့က ယင်းစံပယ်ဖူးစပါး အမျိုးအစား
ကောင်းကောင်းကို ရွေးချယ်ဝယ်ယူပြီးလျှင် သီးသန့်မြေတွင်
ရေဖြင့်မစိုက်၊ နို့ရည်ဖြင့်သာ စိုက်စေပြီးလျှင် ထွက်ပေါ်လာသောစပါးကို နံ့သာမျိုးစုံ၊ နံ့သာနှစ်၊ နံ့သာပြောင်းတို့ဖြင့် လိမ်းကျံမွမ်းထုံအပ်သော ကျီသုံးလုံးတွင် ထည့်သွင်းပိတ်လှောင်ပြီးနော
ချက်ပြုတ်ရာ၌လည်း စပါးလုံးကို တစ်လုံးချင်းနွှာစေ၍ နို့ရည်ဖြင့်သာ ချက်ပြုတ်ရသည်။
ယင်း သောဏသတို့သား ဟူသည်ကား နောင်အခါတွင်
ဘုရားရှင်ဒေသနာတော်၌ ၀ီရိယကြီးမားခြင်းအရာ၌ ဧတဒဂ်သခင်
ဖြစ်လာသော ဘ၀ပါရမီထူးရှင် သောဏကောဠိဝိသထေရ်ပင် ဖြစ်လေ၏။
ဘုရားရှင်သည် နာမကျန်းဖြစ်တော်မူပြီးနောက
( မင်္ဂလာသတင်းစဉ်မှ )
https://www.facebook.com/photo.php?fbid=478777232220113&set=a.35104771499
No comments:
Post a Comment