အိုင်တီလို့သာ အကြမ်းဖျင်းခေါ်ပေမယ့် သူက အင်မတန် ကျယ်တဲ့ ပင်လယ်ကြီး တစ်ခုပါပဲ။ ယင်းကျယ်ပြန့်တဲ့ ပင်လယ်ထဲမှာ ကိုယ်က ဘယ်ပရော်ဖက်ရှင်နယ်လိုင်းကိ
ကွန်ပြူတာ အင်ဂျင်နီယာ (Computer Engineering)
ကွန်ပြူတာ စက်ပစ္စည်းတီထွင်တဲ့ ပညာလို့ အကြမ်းဖျင်း မှတ်ယူနိုင်ပါတယ်။ CPU ဘယ်လိုလုပ်တယ်။ မော်နီတာ ဘယ်လိုလုပ်တယ်။ ဟာ့ဒ်ဝဲ ပစ္စည်းအစိတ်အပိုင်း တစ်ခုချင်းစီတည်ဆောက်တဲ့ ပညာရပ်ပါပါမယ်။ ဒါတင်ဘယ်ကအုံးမလဲ။ ဆော့ဖ်ဝဲ ဖန်တီးမှုလည်း ပါဝင်ပါ သေးတယ်။ CPU တော့လုပ်လိုက်ပါပြီ။ ယင်း CPU ဘယ်ဘယ်လို တာဝန်ထမ်းဆောင် မယ်။ ဘယ်လို အီလက်ထရောနစ် Signal ကိုတုံ့ပြန်လုပ်ဆောင်မယ် အစရှိသဖြင့် ဟာ့ဒ်ဝဲတင်မကတော့ပဲ ဆော့ဖ်ဝဲပါ ပါဝင်လာပါတယ်။ ဒီတော့ ကွန်ပြူတာ အင်ဂျင်နီယာ ဆိုတာ ကွန်ပြူတာ ရဲ့  အခြေခံအကျဆုံး ဆော့ဖ်ဝဲ နဲ့ ဟာ့ဒ်ဝဲကို တီထွင်ဖန်တီးတဲ့ ဘာသာ့ရပ် ဖြစ်ပါတယ်။
ကွန်ပြူတာ စနစ် အင်ဂျင်နီယာ (System Engineer)
ကွန်ပြူတာ အင်ဂျင်နီယာကတော့ ကွန်ပြူတာတွေ တစ်လုံးပြီး တစ်လုံး တီထွင်လိုက်ပါပြီ။ ယင်း ကွန်ပြူတာတွေ ဘယ်လို စနစ်နဲ့ အလုပ်လုပ်မယ်ဆိုတာကို ဖန်တီးပေးရတယ့် အဆင့်ကလည်း တစ်ခု ရှိပါသေးတယ်။ ဥပမာ ကွန်ပြူတာနဲ့ ဂြိုလ်တုကိုလှမ်းချိတ်မယ်။ ကွန်ပြူတာ တစ်လုံးနဲ့ တစ်လုံးချိတ်ဆက်ဖို့အတွက် ဘယ်လို ဟာ့ဒ်ဝဲတွေ ရှိသင့်တယ်။ ဆော့ဖ်ဝဲတွေ ရှိသင့်တယ်။ လိုအပ်တဲ့ ဟာ့ဒ်ဝဲနဲ့ ဆော့ဖ်ဝဲ တီထွင်ဖန်တီးပေးသူကို ကွန်ပြူတာ စနစ်အင်ဂျင်နီယာလို့ ခေါ်ပါတယ်။ ကွန်ပြူတာလို့ရှေ့ မှာ တပ်ရတဲ့အကြောင်း အရင်းက system အင်ဂျင်နီယာမှာ အခြား ဘာသာရပ်တွေလည်း ထပ်ကွဲနေသေးလို့ပါ။
ကွန်ရက် အင်ဂျင်နီယာ (Network Engineer)
ကွန်ပြူတာ ထွင်တဲ့သူက ထွင်လိုက်ပြီ။ တစ်လုံးနဲ့ တစ်လုံး ချိတ်လို့ရအောင် ဆော့ဖ်ဝဲတွေ၊ ဟာ့ဒ်ဝဲတွေလည်း ထွင်လိုက်ပြီ။ သို့ပေမယ့် ယင်း ပစ္စည်းတွေ တစ်ခုနဲ့တစ်ခု ချိတ်ဆက်ဖို့ကျတော့ ကွန်ရက်အင်ဂျင်နီယာက အလုပ်လုပ်ပေးရတာပါ။ Network Engineer ပေါ့။ ဒါလည်း အင်မတန် ကျယ်ပြန့်ပါတယ်။ ကမ္ဘာတစ်ဝန်းလုံး အီးမေးလ်တွေပို့လို့ရအောင်၊
ကွန်ပြူတာ စနစ်အုပ်ချုပ်ရေး ဘာသာရပ် (System Administrator)
ကွန်ပြူတာလည်းရှိပြီ၊ ချိတ်လည်းချိတ်ပြီးပြီ၊ သတင်းအချက်အလက်လည်း စီးဆင်းပြီဆိုရင် နောက်ထပ် လိုအပ်တာက Administration ပါ။ ယင်း အချက်အလက်များစီးဆင်းနေမှုက
ကွန်ပြူတာ ပရိုဂမ်ရေးဆွဲခြင်း ဘာသာရပ် ( Computer Programmer )
Programmer သို့တည်းမဟုတ် Developer သို့တည်းမဟုတ် coder သို့မဟုတ်
အခြားအမျိုးမျိုးခေါ်တာရှိပါ
ဒီလိုပါ။ ဝဘ်ဆိုဒ်တစ်ခုကို ကွန်ပြူတာမှာ ဖွင့်ရင် ဘယ်လို ဘာသာရပ်နဲ့ပေါ်မယ်။ သတင်းတွေကို ဘယ်နေရာမှာ ဖတ်ရမယ်။ ဘာကိုရှာရင် ဘယ်နေရာမှာ အလွယ်တကူ တွေ့ရမယ်။ အစရှိသဖြင့် ပေါ့။ အနီးစပ်ဆုံးအနေနဲ့ မာ့ခ်ဆူကာဘတ်ဆိုတဲ့ Facebook တည်ထောင်သူဟာ PHP programmer (Web Programmer) တစ်ဦးပါ။ Facebook ဆိုတာကြီး ကို ဖန်တီးဖို့အတွက် သူကြိုးစားခဲ့တာလေးပါ။ ပရိုဂမ်မာ မှာတောင် Java လား၊PHP လား၊ C++ လား ဘာလား ညာလား လိုင်းက အတော်လေး ထပ်ကွဲ ပါသေးတယ်။ နောက်မှ အသေးစိတ်ပြောတာပေါ့။
ဝဘ်ဆိုဒ် ဒီဇိုင်း ဘာသာရပ် (Web Designer)
ဒါက ပရိုဂမ်မာနဲ့ နည်းနည်းဆက်စပ်တယ်။ ပရိုဂမ်မာတွေ တစ်ခုပြီးတစ်ခုဖန်တီးပေမယ့်
ဝဘ်ဆိုဒ်အုပ်ချုပ်ရေးမှု (Webmaster)
ဒါကတော့ ခေါင်ချုပ်ကြီးပေါ့။ Webmaster တစ်ယောက်ရဲ့  တာဝန်က ဝဘ်ဆိုဒ်တစ်ခုနဲ့ ပက်သက်ပြီး ပရိုဂမ်ပိုင်းလည်း တတ်ရတယ်။ System ပိုင်းလည်းတတ်ရမယ်။ ဆာဗာပိုင်းလည်း တတ်ရမယ်။ Network ပိုင်းလည်း ရရမယ်။ ကိုယ်က တာဝန်ယူထားတာလေ။ Google လိုဆိုဒ်မျိုးမှာ Webmaster လုပ်သူဟာ ဆိုဒ် ၅ မိနစ်လောက်ဒေါင်းတာနဲ့ အလုပ်ပြုတ်ဖို့ ရာခိုင်နှုန်းများပါတယ်။ ၅ မိနစ်အတွင်း ဆုံးရှုံးသွားမယ့် ရှယ်ယာက ကုမ္မဏီတစ်ခုလုံးက ဝန်ထမ်းလစာထက် အဆပိုများတာကိုး။ ဒီတော့ Webmaster ဟာလည်း ကွန်ပြူတာ အခြေခံ Web အပိုင်းသွားတဲ့ ပညာရပ်တစ်ခုပါ။ တော်တော်များများက ပရိုဂမ်ပိုင်းလိုက်စားသူတွေ
ကွန်ပြူတာ ကွန်ရက် လုံခြုံရေးအတတ်ပညာ ( Computer Security/ Hacker )
ဒါကတော့ အတော်များများ စိတ်ဝင်စားနေကြတဲ့ ပညာရပ်ပေါ့။ ရုပ်ရှင်တွေ ဇာတ်လမ်းတွေထဲမှာ ဟက်ကာတွေ အလုပ်များတာ တွေ့တော့ အားကျကြတာပေါ့။ သူကလည်း နက်နဲတဲ့ ဘာသာရပ် တစ်ခုပါ။ Programming တစ်ခုပဲ တတ်ထားလို့ မရဘူး။ Networking လည်းတတ်ရမယ်။ Physical အပိုင်းအရ ဟာ့ဒ်ဝဲပစ္စည်းတွေအကြောင်း လည်း သိထားရမယ်။ OSI Layer ၇ခုလုံး အလုပ်လုပ်ပုံအပြင်၊ ကိုယ် ကာကွယ်ချင်တယ်၊ ထိုးဖောက်ချင်တဲ့ ပစ္စည်း၊ စက်ယန္တယားတွေ အကြောင်းလေ အားလုံး သိရသေးတယ်။ နာဆာမှာ ဟက်ကာတွေ မွေးထားတယ်လေ။ ဒုံးပျံတစ်စင်းဘယ်လို အလုပ်လုပ်တယ်ဆိုတာကို အင်ဂျင်နီယာနီးပါး သိရပါတယ်။ FBI မှာ ဟက်ကာ ထားတယ်။ ကာကွယ်ရေးပစ္စည်း၊ စစ်လက်နက်တည်ဆောက်မှု အကြောင်းတွေလည်း သိရတယ်။ နိုင်ငံရေးဆိုင်ရာ ဘာသာရပ်လည်း သင်ကြားရတယ်။ ပြောမယ်ဆို စနစ်လုံခြုံရေးအမည်ခံ ဟက်ကာ၊ System Security သမား ဖြစ်ဖို့ဆိုတာ သူ့နေရာနဲ့ သူဆိုင်ရာ ပညာရပ်အားလုံးကို သိထားဖို့လိုအပ်ပါတယ်။
အိုင်တီ စီးပွားရေးဘာသာရပ် (IT Business)
ကွန်ပြူတာပေါ်ပြီဆိုတာနဲ့ ယင်းကွန်ပြူတာကိုအခြေခံလို့
အခြား ကွန်ပြူတာ ပရိုဂမ် အသုံးချ အတတ်ပညာများ
၂၀၀၀ ခုနှစ်နောက်ပိုင်းမှ ရေပန်းစားလာတဲ့ ပညာတွေပေါ့။ သတိမထားမိကြဘူး။ Computer Animation ပိုင်းကို ကောင်းကောင်း ဆော့ကစားနိုင်သူများဟာ ဟောလိဝုဒ်မှာ ပညာရှင်အနေနဲ့ လုပ်ကိုင်နေကြပါတယ်။ သူက Application မှာ ကစားရတာလေ။ လက်စွမ်းထက်သလောက် 3D မှာနာမည်ရလာရင် စီးပွားရေးလုပ်ငန်းရှင်အထိေ
အနှစ်ချုပ်
ကျနော်ပြောသားပဲ ကွန်ပြူတာပညာရပ်ဆိုတာ တကယ် ခပ်သောက်လို့မ ကုန်တဲ့ ပင်လယ်ကြီးပါ။ ဒါတောင် ချိတ်ဆက်မှု မပါသေး တယ်။ စက်မှုအင်ဂျင်နီယာ၊ လျှပ်စစ် အင်ဂျင်နီယာ၊ မက်ကယ်ထရောနစ် အင်ဂျင်နီယာ များက သင်္ဘောတွေ၊ ကားတွေ၊ လေယာဉ်တွေ၊ အခြား စက်ပစ္စည်းတွေကို ဖန်တီးတယ်။ ယင်း ဖန်တီးတဲ့ စက်ယန္တယားတွေ ကို မောင်းသူမဲ့လုပ်မယ်၊ စစ်လက်နက်ဆန်းတွေ တပ်ဆင်မယ်။ ဘာလုပ်မယ်၊ ဘာလုပ်မယ်။ အားလုံး ကွန်ပြူတာနဲ့ထိတွေ့ရတယ်။ ဒီတော့ သူတို့လည်း ကွန်ပြူတာကို ပြန်လေ့လာတယ်။ ကွန်ပြူတာ ပညာရှင်များလည်း ယင်းပညာတွေကို ပြန်လေ့လာရပါတယ်။ ဒီလိုပဲ ဆေးပညာမှာလည်း ကွန်ပြူတာတွေသုံးရတယ်။ ဒီအတွက် လည်း ဆေးပညာရှင်များ ဘက်ကလည်း ကွန်ပြူတာနဲ့ ဆိုင်ရာ ပြန်လေ့လာရတာတွေရှိပါတယ်။ ဒီတော့မှာ ပြီးပြည့်စုံတဲ့ ဓာတ်ခွဲခန်းတွေ ပေါ်လာတာလေ။ ပြောမယ်ဆို ကုန်တောင်ကုန်နိုင်မှာ မဟုတ်ဘူး။ ဆက်ရေးနေရင် ဒီလိုပဲ ကွန်ပြူတာနဲ့ဆိုင်ရာ ဘာာသာရပ်တွေ တစ်ခုပြီး တစ်ခုတိုးနေအုံးမှာပါ။
မှာချင်တာကတော့ဗျာ။ ကိုယ်က ဘယ်ပညာရပ်ကိုပဲ လိုက်စား၊လိုက်စား အကောင်းဆုံးဖြစ်အောင်လုပ်ပါ
မမေ့အောင် ထပ်မှာချင်ပါသေးတယ်။ Team Work. ။ တိုင်းပြည်တစ်ခု ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ network အင်ဂျင်နီယာ တစ်ယောက်တည်း ရှိလို့ မရဘူး။ ပရိုဂမ်မာပဲရှိလို့မရဘူး။ အားလုံး သူ့နေရာနဲ့သူ ရှိရတယ်။ ပြည့်စုံ ရတယ်။ ကိုယ်က မလုပ်နိုင်ရင် လုပ်နိုင်တဲ့သူကို လက်တွဲခေါ်။ ကိုယ်တတ်တဲ့ ပညာတွေကို ဆရာစားမကျန်ပြန်သင်ပေး။ ညီငယ်၊ညီမငယ်တွေကို သေချာ ဆုံးမ။ ကိုယ့်နိုင်တဲ့ ကဏ္ဍကနေပါဝင်လို့ အိုင်တီကွန်ရက်ကြီးတစ်ခုဖန်
--
Aung Kham (AMDC)
August Myanmar Development Centre
https://www.facebook.com/photo.php?fbid=478742955556874&set=a.35104771499306
No comments:
Post a Comment