စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ရိုးသားသော မြန်မာ Taxi သမားတစ်ဦး

 

           ဒီနေ့ 5 Apr '13 မျက်ချယ် ရဲ့ ကိုယ်တွေ့အဖြစ်အပျက်လေးတခုပါ။သားကိုရင်လေးကိုဒီနေ့အိမ်မှ
ဆွမ်းဖိတ်ကျွေးဖို့ မနက် ၇ နာရီမှာမျက်ချယ်နဲ့ သားငယ်လေး Taxi တစီးကိုငှားစီးပါတယ်၊ အသွားအပြန်ငှားတာပါ၊ ကိုရင်လေးကိုပင့်လာအပြီးလမ်းမှာကိုရင့်ကိုဆံပင်ထပ်ရိတ်ရမြှာ ဖစ်လို့ ဆံပင်ညှပ် ဆိုင်တစ်ဆိုင်ကို ဝင်ခဲ့ပါတယ။်စောင့်ရမှာဖြစ်လို့ငှားလာတဲ့ ကားကိုကားခရှင်းပြီး နေခဲ့ကြပါတယ်။ ကားထွက်သွားပြီး ခဏကြာမှ မျက်ချယ်ရဲ့ ဆိုင်အိတ်(ရတနာပစ္စည်းထဲ့ထားတဲ့အိတ်) Taxi ပေါ်ပါသွားမှန်း သတိရ
ပါတယ်။ စိတ်တွေအရမ်း လှုပ်ရှားပြီး ဘာလုပ်ရမှန်းတောင်မသိပါဘူး။ 


          တခါမှလဲ မမြင်ဘူးသလို ဘယ်လိုက်ရမှန်းလဲမသိပါဘူး။ ဘာမှမတတ်နိုင်တဲ့အဆုံး ဆံပင်ညှပ်ဆိုင်ကိုပြန်သွားပြီး ကားမောင်းတဲ့ အကိုပြန်လာရင် ဖုန်းဆက်ပေးဖို့မှာခဲ့ပါတယ်။ သားကိုရင်လေးခမျာမှာလဲ အမေကိုကြည့်ပြီးဆွမ်းတောင်ဘုန်းမပေးနိုင်ပါဘူး။
ဘာမှမတတ်နိုင်တဲ့အဆုံးအိမ်ပြန်လာခဲ့ပါတယ်။ အိမ်ရောက်ပြီး ၁၅မိနစ်လောက် အကြာမှာဘဲ ဖုန်းရပါတယ်။ ခုနက Taxi ဆံပင်ညှပ်ဆိုင်ကိုရောက်နေပါတယ်တဲ့။ ကားမောင်းတဲ့ အကိုက ခရီးသည်အသစ်တင် မှသိပြီး ဆက်အငှားမလိုက်ဘဲ ပြန်လာပို့တာလို့ ပြောပါတယ်။

အကိုရဲ့နာမည်က
ကိုသန်းဦး
ကားနံပါတ် ၁က ၁၈၇၆
လိပ်စာ ၄၃၊ ၅၁၆
စေတနာ ၄ လမ်း၊
မြောက်ဒဂုံ။
Ph no.09420100905
ဖြစ်ပါတယ်။

လောကမှာ ဒီလိုလူမျိုးရှား လွန်းပါတယ်။ ရိုးသားလွန်းပြီးသူတော်ကောင်း အလုပ်ကိုလုပ်သွားတာပါ။ ဒါကြောင့် ကိုသန်းဦးကိုလေးစားလွန်းလို့ ဒီစာကိုရေးပြီ ဂုဏ်ပြုချင်းဖြစ်ပါတယ်။ ဘယ်တော့မှ ကိုသန်းဦးကျေးဇူးကိုမမေ့ပါဘူး။ အခုဒီစာကိုဖတ်နေတဲ့ မျက်ချယ်ရဲ့ဆွေမျိုး သားချင်း ညီအကို မောင်နှမ မိတ်ဆွေ သူငယ်ချင်းများ တတ်နိုင် သလောက် share ပေးကြပါနော်။


  Share

 ဒီနေရာမှကူးယူမျှဝေပါသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...