စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မူပိုင်ရှိသော တေးသွားသံစဉ် Happy Birthday



Happy Birthday ဆိုတဲ့သီချင်းကိုတော့ အားလုံးသိကြမှာပါ... တစ်ယောက်ယောက်ရဲ့မွေးနေ့ပွဲရောက်တိုင်း လက်ခုပ်လေးတွေတီးရင်း ဆိုဖူးကြပါလိမ့်မယ်... တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ လူသုံးအများဆုံးဖြစ်နေတဲ့ ဒီသီချင်းကို ရုပ်မြင်သံကြားမှာ တစ်စုံတစ်ယောက်က သီဆိုနေတာကိုတော့ မြင်ဖူးကြမယ်မထင်ပါဘူး...

ဘာကြောင့်လဲဆိုတော့ မူရင်းသီချင်းဟာ မူပိုင်ခွင့်ဥပဒေနဲ့ အကာအကွယ်ပြုထားလို့ပါပဲ... ဆိုလိုတာကတော့ ဒီသီချင်းကို ခွင့်ပြုချက်မရှိဘဲ စီးပွားဖြစ်အသုံးပြုလို့မရဘူးဆိုတာပါပဲ... စီးပွားဖြစ်လို့ဆိုရာမှာ ရုပ်ရှင်တွေ၊ ရုပ်မြင်သံကြားတွေနဲ့ ကြော်ငြာတွေပါဝင်ပါတယ်... ဒါပေမဲ့စိတ်မပူပါနဲ့... သင့်မွေးနေ့ပွဲမှာ ဒီသီချင်းကိုဆိုလို့ တရားစွဲခံရတာမျိုးတော့ မရှိနိုင်ပါဘူး...

ဒီသီချင်းရဲ့ မူရင်းတေးသွားကတော့ Good Morning to All ဆိုတဲ့ သီချင်းအတွက်ဖြစ်ပါတယ်... အဲဒီကနေပြီး ကျွန်တော်တို့အခုသိထားတဲ့ စာသားတွေအတိုင်း အသံသွင်းခဲ့ကြပါတယ်... ၁၉၃၄ ခုနှစ်မှာတော့ မူပိုင်ခွင့်တင်ခဲ့ပါတယ်...

ဒီမူပိုင်ခွင့်ဟာ 2030 ခုနှစ်အထိ အနည်းဆုံး သက်ရောက်နေဦးမှာဖြစ်ပါတယ်... ဒါဟာ မူပိုင်ခွင့်သတ်မှတ်တဲ့ကာလက စတွက်မယ်ဆိုရင် နှစ်ပေါင်း 100 နီးပါးလောက်ရှိပါတယ်....

Happy Birthday to You သီချင်းဟာ နှစ်စဉ်နှစ်တိုင်း မူပိုင်ခအနေနဲ့ အမေရိကန်ဒေါ်လာ ၂ သန်းလောက် အကြမ်းဖျဉ်းရရှိနေပါတယ်... ရရှိတဲ့ငွေအများစုကို လူမှုရေးအဖွဲ့အစည်းတွေကို လှူဒါန်းတယ်လို့လည်း သိရပါတယ်...

ဒီသီချင်းလေးအကြောင်းကို ဒီမှာဆက်ဖတ်ကြည့်ပါဦး...
http://www.snopes.com/music/songs/birthday.asp
----------------------------------------------------------------
Ref: Facts and GK+
နှိုင်းရင့်နွေ
-----------

ဒီနေရာမှ ကူးယူမျှဝေပါသည်။ 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...