စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







စိတ်ကျခြင်းကိုတိုက်ဖျက်ရန်အတွက် နည်းလမ်း သစ်ဖြစ်လာသော Facebook




          စိတ်ကျခြင်းကို ကုစားရန်အတွက် Facebook သည်လည်းနည်းလမ်း တစ်မျိုးဖြစ်လာကြောင်း သုတေသနတစ်ရပ်တွင် ဖော်ပြ ထားသည်။ Facebook တွင် တင်ထားသောပုံအဟောင်းများကို ပြန်လည်ကြည့်ရှုခြင်း၊ ကွန်မန့်များကို ဖတ်ရှုခြင်းက စိတ်ကျဝေဒနာကို သက်သာစေနိုင် မည်ဖြစ်ကြောင်းနှင့် မှတ်ဥာဏ်ဆုံးရှုံးနိုင်ချေရှိသော သက်ကြီးရွယ်အိုများအတွက် Facebookက သင့်တော်ကြောင်း ဖော်ပြထားသည်။


            သုတေသနကို ဦးဆောင်သူ Dr. Alice Good က ယခုလေ့လာမှုကို သက်သေပြရန် မိမိတို့ဆက်လက်ကြိုးပမ်း နေကြောင်း၊ Facebookသည် စိတ်ကျခြင်း၊ စိတ်ဖိစီးမှုများခြင်းတို့ကို သက်သာစေနိုင်သည်ကို တွေ့ရှိရကြောင်း၊ လူတစ်ဦး တစ်ယောက်အနားတွင် ရှိနေရန်မလိုဘဲ မိမိဘာသာ အသုံးပြုခြင်းဖြစ် အထီးကျန်ခြင်းကြောင့် ဖြစ်သော စိတ်ကျခြင်း၊ စိတ်ဖိစီးမှုများခြင်းတို့ကို သက်သာစေကြောင်း သက်ကြီးရွယ်အိုများတွင် အဆိုပါအာနိသင်က သိသာထင်ရှားကြောင်း ပြောကြားခဲ့သည်။


           စိတ်ကျန်းမာရေး အထူးကုဆရာဝန်ကြီး Dr. Clare Wilson က Facebook သည် စိတ်ကျမ်းမာရေးရှုထောင့်အရလည်း အကောင်းမြင်စိတ်များစေသော ကုထုံးတစ်ရပ်ဖြစ်ကြောင်း၊ သက်ကြီးရွယ်အိုများအနေ ဖြင့် ပုံအဟောင်းများကို ပြန်လည်ကြည့်ရှုခြင်း ကွန်မန့်များပေးခြင်းအးဖြင့် စိတ်ကျခြင်းကိုသက်သာလျော့ပါး စေမည်ဖြစ်ကြောင်း ရှင်းပြခဲ့သည်။
ယခုလေ့လာမှုကို Journal Lecture Notes in Computer Science တွင် ဖော်ပြထားခြင်းဖြစ်သည်။

သန့်စင်
ref: ANI
Health Updates Journal
Vol.2, No.13

http://www.facebook.com/photo.php?fbid=148083448694783&set=a.131750700328058.25

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...