စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







လှတာ နင့်အတွက်မဟုတ်ဘူး... တဲ့


လွန်ခဲ့သောနှစ်ပေါင်း(၃၀) ကျော်လောက်အချိန်ကပေါ့၊ တောရကျောင်းမှာတရားကျင့်နေတဲ့ဆရာတော်ကြီးတပါးက အလှပြင်တာ ၀ါသနာပါတဲ့ (၁၇) နှစ်အရွယ်ကောင်မလေးတစ်ယောက်ကို ဆုံးမသတဲ့...

"နင်သိပ် မလှချင်နဲ့၊ လှတာ နင့်အတွက်မဟုတ်ဘူး၊ သူများအတွက်ပဲ"
အာ- မဟုတ်ပါဘူး ဆရာတော်၊ လှချင်တာ ကိုယ့်ဖို့ပါ.. လို့ ပြန်ငြင်းတော့...
အေး.. သေချာစဉ်းစားအုံး. သဘောပေါက်ရင် ငါ့ပြန်ပြော.
ဆိုပြီး ဆုံးမလိုက်တယ်၊ နောက်တော့ အဲဒီအမျိုးသမီးလေးဟာ တသက်လုံး အကျွတ်တရားရသွားသတဲ့..

(အရွယ်တင်နုပျိုစေသော နည်းလမ်း)
ဆရာတော်ကြီးကတော့ ဓမ္မရှုထောင့်က ဆုံးမသွားတာပါ၊ ကျမ္မာရေးရှုထောင့်က ကြည့်ရင်တော့ ကာယကံရှင်အတွက်အကျိုးရှိစေပါတယ်၊သာဓကအနေနဲ့စာရေးသူအသက်(၇၀) ကျော်အဖွားတစ်ယောက်နဲ့ဆုံရတယ်၊ သူ့ကြည့်ရတာ သိပ်အရွယ်တင်တယ်၊ အသက် (၅၀) ကျော်ဝန်းကျင်ပဲ ထင်ရတယ်၊ ဒါနဲ့ မနေနိုင်ပဲ မေးမိတယ်၊

အဖွား... ဘာဖြစ်လို့ ဒီလောက်အရွယ်တင်နေရတာလဲ ..နည်းကောင်းလေးများရှိရင် ပြောပါအုံး. ဆိုတော့ ...

"အဖွားကမိတ်ကပ်ကိုလုံးဝမလိမ်းဘူး၊မိတ်ကပ်တွေမှာထုံးဓာတ်၊အက်စစ်ဓာတ်တွေပါတော့ နူးညံ့လှတဲ့ ပါးပြင်ပေါ်က အရေပါးတွေကို လောင်ကျွမ်းစေပြီး အမည်းကွက်တွေ၊ အမာရွတ်တွေ ဖြစ်စေတယ်၊

ကလေးဘ၀ကတည်းက သနပ်ခါးတစ်မျိုးပဲ လိမ်းလေ့ရှိတယ်၊ နေ့စဉ် ရေချိုးပြီးတိုင်း မျက်နှာ၊ လည်ပင်း၊ လက်မောင်းတွေကအစ လိမ်းတယ်၊

အကျိုးဆက်ကတော့ မျက်နှာမှာ တင်းတိပ်၊ ၀က်ခြံလုံးဝမထွက်ဘူး၊ အဆီမပြန်ဘူး၊ ခန္ဓာကိုယ်အသားအရေရော၊ မျက်နှာရော မတွန့်ဘူး လို့ ထင်တယ်၊ အဲဒါပဲ မောင်ပဉ္ဇင်း" တဲ့။


post by နှင်းဆီဖူးလေးများ-Love BUDS

ဒီနေရာမှ ကူးယူမျှဝေပါသည်။ 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...