စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သင်္ကြန်တွင်း ကျန်းမာရေးနှင့် ပါတ်သက်သည့် ဆောင်ရန်၊ ရှောင်ရန် အချက်များ



ဦးနှောက် နှင့် အာရုံကြော ခွဲစိတ် အထူးကု ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာ စောဆိုင်မွန်သာ

မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်ကြီးမှာ မကြာခင်အချိန်အတွင်းမှာ ကြရောက်တော့မည် ဖြစ်သည်။ မြန်မာတို့၏ နှစ်ဟောင်းမှ အညစ် အကြေး များကို နှစ်သစ်တွင် ပါမလာစေရန် သင်္ကြန်ရေဖြင့် သန့်စင်စေမည် ဟုဆိုကြလေသည်။ သင်္ကြန်ရေ သည် လူကြီး လူငယ် မရွေး စိတ်ကို ကြည်နှုးစေသည် ၊ လန်းဆန်းအေးမြစေသည်။

တိုတောင်းလှသော သင်္ကြန်ရက်များကို စိတ်အေး ချမ်းသာစွာ ဖြင့်သာ ကုန်ဆုံး လိုကြသည်။ လူကြီးတွေလည်း ပျော်ကြသလို လူငယ်တွေလည်း ပျော်ကြ မည်မှာ အမှန်ပင် ဖြစ်သည်။

ထိုအချိန်တွင် အမှုမဲ့ အမှ တ်မဲ့ သတိမထားမိ ဘဲဖြစ် ပေါ်တတ်သော မိမိတို့၏ ကျန်းမာရေးကို အထူးဂရုပြုရန် လိုအပ်လှပေသည်။

သင်္ကြန်တွင်း အပျော်လွန်ပြီး မဆင်မခြင် ဖြစ်ရပ်များ ဖြစ်ပေါ် နိုင်သော ကြောင့် မလိုလား အပ်သော ကျန်းမာရေး ပြဿနာ များ ဖြစ်ပေါ်လာ နိုင်သည်။

သို့ဖြစ်ပါ၍ သင်္ကြန် တွင်း ကျန်းမာရေးနှင့် ပတ်သက်ပြီး ဆောင် ရန် ရှောင်ရန်များ ကို စာဖတ်ပရိတ်သတ်များ အတွက် ဦးနှောက် နှင့် အာရုံကြော ခွဲစိတ် အထူးကု ဆရာဝန်ကြီး ဒေါက်တာ စောဆိုင်မွန်သာ နှင့် သင်္ကြန်နှင့် ပတ်သက်၍ ကျန်းမာရေး တွေ့ဆုံ မေးမြန်းခန်းကို တင် ဆက် ပေးလိုက် ပါသည်။

မေး- သင်္ကြန်တွင်းမှာ လမ်းဘေးအစားအစာတွေ အစားများကြတယ်။ ကျန်းမာရေးနဲ့ ပတ်သက်ပြီး သတိပြုစရာလေး တွေရှိရင် ပြော ပြပေး ပါဆရာ။

ဖြေ- သင်္ကြန်တွင်းမှာ လမ်းဘေးအစားအစာ စားတဲ့ သူတွေကို မစားနဲ့တော့မပြောပါဘူး။ ဒါပေမဲ့ ကိုယ် စားတဲ့ အစားအစာက သန့်ရှင်းတဲ့ အစား အစာဖြစ်ဖို့ လိုတယ်။

ကိုယ်စားမယ့် အစားအစာကို ကိုင်တွယ်တဲ့ လက်ကလည်း သန့်ရှင်း ဖို့လိုတယ်။ အမေရိကန်သမ္မတ အိုဘားမား ပြောသလိုပဲ wash your hand ဘာမဆို ကိုင်တွယ်ရင် လက်ဆေး ကြပါလို့ ဆိုချင်ပါတယ်။

သရက်ကင်တွေစားရင် ရေခဲရည်တွေ သောက် ရင် ဝမ်းပျက်နိုင်တယ်။ အထူး သဖြင့် ရေခဲမုန့်တွေ၊ ဒိန်ချဉ် တွေစားမယ်ဆိုရင် ရက်လွန်တာတွေ ဖြစ်နေရင် ဝမ်း ပျက်၊ ဝမ်းလျှောဖြစ် နိုင်တယ်။

သင်္ကြန်မှာ အရက်အတု တွေလဲရောင်းနိုင်တဲ့အတွက် အသောက်အစားမကင်း တဲ့သူတွေလဲ သတိထား ရမှာပါ။

မေး- အသောက်အစားမကင်းတဲ့သူတွေက သင်္ကြန် အတွင်း မဆင်မခြင် သောက်စားရင် ဘယ်လိုမျိုးထိ ခိုက်နိုင် ပါသလဲဆရာ။

ဖြေ- သင်္ကြန်မှာကတော့ အသောက်အစားဆင်ခြင် ရမယ်။ မဆင်ခြင်ရင် ထိခိုက်မှာကတော့ အများကြီး ပါပဲ။ အမူးလွန်ရင် အချင်းချင်း ခိုက်ရန် ဖြစ်ပွားမယ်။မူးပြီး ကားပေါ်ကနေ လိမ့်ကျရင် ထိခိုက်ဒဏ်ရာရ မယ်။

မူးပြီး ကားမောင်းရင် ကားမှောက်မယ်။ အော့ အန်မယ်။ ဦးခေါင်း ဒဏ်ရာရနိုင်တယ်။ အသက်ဘေး အန္တရာယ်ရှိသည် အထိဖြစ် နိုင်ပါတယ်။ ဒါကြောင့် သင်္ကြန်တွင်း အရက်သောက်ချင်ရင် ညပိုင်း အိမ်မှာပဲ သောက်သင့်တယ်။

မေး- သင်္ကြန်မှာ အဝတ်အစားတွေ အချိန်အကြာကြီး ရေစိုနေတာကကော ဘာဖြစ်နိုင်ပါသလဲဆရာ။

ဖြေ- သင်္ကြန်မှာ သိပ်ကြာကြာ ရေစိုကြီး မနေရဘူး။ ချမ်းတုန်တဲ့ အထိမနေရဘူး။ ရေပက်တဲ့သူတွေ အနေနဲ့ နားထဲကို ရေဝင်အောင် မပက်ပါနဲ့။ မျက်စိထဲ ရေဝင် အောင်မပက်ပါနဲ့လို့ အကြံပေးချင်ပါတယ်။

ဘာလို့လဲဆိုတော့ သင်္ကြန် ပြီးရင် နားပြည်ယိုတာတွေ၊ မျက်စိ နီရဲတာတွေ ကို နောက်ဆက်တွဲအနေနဲ့ ဆေးခန်းမှာ ကုပေး ရလို့ပါ။

မေး- သင်္ကြန်အတွင်းမှာ ရာသီဥတုပူပြင်းရင် အပူ လျှပ်နိုင်ပါသလား ဆရာ။ အပူလျှပ်ရင် အသက် အန္တရာယ် ကော ဖြစ်နိုင်ပါ သလား။

ဖြေ- ရာသီဥတုပူပြင်းရင် Heat Stroke အပူလျှပ်တာ ဖြစ်နိုင်တယ်။ အပူလျှပ်ရင် ကိုယ်ပူအရမ်းတက်ပြီး သတိမေ့ပြီး သေနိုင်တယ်။ ချွေး အရမ်း ထွက်ပြီးတော့ ခန္ဒာကိုယ်မှာရှိတဲ့ ဓာတ်ဆားရည်တွေ ခန်းခြောက်ပြီး သေနိုင်တယ်။

နောက်တစ်ခု သတိပေးချင်တာက ရာသီဥတု ပြင်း ရင် ဦးနှောက် သွေးကြော ပြတ်နိုင်တယ်။ အရက် သောက်တဲ့ လူတွေဆိုရင် ပိုဆိုးတယ်။ အထူး သဖြင့် သွေးတိုးရှိတဲ့ သူတွေ ဆိုရင် သင်္ကြန်မှာ နေပူပြင်း ရင် ဦးနှောက် သွေးကြောပြတ်နိုင်တဲ့ အတွက် သင်္ကြန် မလည်ခင် ဆရာဝန်နဲ့တိုင်ပင်ပြီး သွေးကျဆေး ကို သုံး ရက် လောက် ကြိုတင်စားထား သင့်တယ်။

မေး-သင်္ကြန်မှာ ယောင်္ကျားလေး တွေအပြင် မိန်းကလေးတွေလဲ သောက်စားတတ်တယ်နော်။ သူတို့တွေ အတွက် ကျန်းမာရေးနဲ့ ပတ်သက် ပြီး အသိပေးပါဦး ဆရာ။

ဖြေ- မိန်းကလေးတွေလဲ အဲဒီအချိန်မှာ သောက်စား တာတွေ၊ လည်ပတ်တာတွေရှိတယ်။ မိန်းကလေးတွေ အနေနဲ့ သင်္ကြန်မှာ မဆင် မခြင်သောက် စားမယ်၊ လည်ပတ်မယ်ဆိုရင် မဖြစ်သင့်တာတွေဖြစ်မှာ စိုးရိမ်ရပါ တယ်။ ဆိုးရွားတဲ့ ကူးစက် ရောဂါတွေ အကူးစက်ခံရနိုင် တဲ့ အတွက် ဆင်ခြင်ပါလို့ပဲ ပြောချင်ပါတယ်။

မေး- သင်္ကြန်မှာ အထူးသတိပေးချင်တာများရှိရင် ပြောပါဆရာ။

ဖြေ- ခုနကပြောတဲ့ ဟာတွေပါပဲ။သင်္ကြန်မှာ အပူ လျှပ်နိုင်တယ်။ ဦးနှောက်သွေးကြော ပြတ်နိုင်တယ်။ ဝမ်းပျက ဝမ်းလျှော ဖြစ်နိုင် တယ်။ ထိခိုက်ဒဏ်ရာတွေ လည်း ရနိုင်တယ်။ အဲဒါတွေ မဖြစ်အောင် ဂရုစိုက်ပြီး နေထိုင်ပါ လို့ပဲ ပြောချင်ပါ တယ်။

ယခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

Posted From Yangon Media Group

http://www.facebook.com/photo.php?fbid=400881740009663&set=a.351047714993066.76

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...