စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကံ အကောင်းဆုံး လူသား



အကယ်လို့ သင်ဆာတဲ့အချိန် စားနိုင်တဲ့ အစားစာတွေ သင့်မှာရှိမယ်ဆိုရင်... သင့်ခန္ဓာကိုယ်မှာ ဝတ်စရာ အဝတ် ရှိမယ်ဆိုရင်... သင့် ဦးခေါင်းထက်မှာ အမိုး ရှိမယ်ဆိုရင်... သင်မှာ အိပ်စရာနေရာ တစ်ခု ရှိမယ်ဆိုရင်.... သင်ဟာ တစ်ကမ္ဘာလုံးရဲ့ ၇၅ % သော လူတွေထက် ပို ချမ်းသာပါတယ်...

အကယ်လို့ သင့် ဘဏ်စာရင်းမှာ ပိုက်ဆံရှိမယ်... သင့်ပိုက်ဆံအိတ်ထဲမှာ ပိုက်ဆံနဲ့ အကြွေ နည်းနည်းရှိမယ်... ပြီးတော့ သင်သွားချင်တဲ့ နေရာကို သွားနိုင်တယ်ဆိုရင် သင်ဟာ ကမ္ဘာ့လူဦးရေရဲ့ ၈ % သာရှိတဲ့ လူချမ်းသာတွေထဲက တစ်ယောက်ဖြစ်ပါတယ်...

အကယ်လို့ ဒီကနေ့ မနက်ခင်းကို မဖျားမနာဘဲ ကျန်းကျန်းမာမာ နိုးထလာမယ် ဆိုရင် သင်ဟာ ဒီရက်သတ္တပတ်အတွင်း အသက် ဆက်မရှင်နိုင်ဘဲ သေဆုံး သွားကြတဲ့ လူ သန်းပေါင်းများစွာထက် ကံထူးသူဖြစ်ပါတယ်.....

အကယ်လို့ သင်ဟာ စစ်မြေပြင်ရဲ့ အန္တရာယ်ကို လုံးဝ မတွေ့ကြုံဖူးခဲ့ဘူး... နှိပ်စက် ညှင်းပမ်းခံရတာနဲ့ ထောင်သွင်း ချုပ်နှောင် ခံရတာတွေရဲ့ သောကဗျာပါဒကို လုံးဝမရခဲ့ဖူးဘူး... စူးရှ ပြင်းထန်တဲ့ နာကျင်မှုဝေဒနာနဲ့ ဆာလောင် ငတ်မွတ်မှုတွေကို လုံးဝ မတွေ့ကြုံခဲ့ဖူးဘူးဆိုရင်... ဒီလိုအဖြစ်အပျက်တွေ... ဝေဒနာတွေကို လက်တွေ့ ခံစားနေရတဲ့ လူပေါင်း သန်း ၅၀၀ ထက် သင် ပိုကံကောင်းပါတယ်...

ဒီစာကို သင် တကယ်ဖတ်နေတယ်... ပြီးတော့ နားလည်တယ်ဆိုရင် သင်ဟာ မျက်စိမမြင်လို့ပဲဖြစ်ဖြစ်.. စာမတတ်လို့ပဲဖြစ်ဖြစ်... စိတ်အခြေအနေ ပုံမှန် မရှိလို့ပဲဖြစ်ဖြစ် ဒီစာကို လုံးဝ မဖတ်နိုင်တဲ့ လူပေါင်း ၃ ဘီလီယံထက် ပိုပြီး ကံကောင်းသူဖြစ်ပါတယ်...

ဘဝဆိုတာ နာကျင် ဝမ်းနည်းမှုတွေနဲ့ ညည်းညူနေစရာ မဟုတ်ပါဘူး... လက်ရှိ အခြေအနေကို တန်ဖိုးထားလက်ခံပါ... လောကကြီးမှာ သင့်ထက် အတိဒုက္ခရောက်နေတဲ့သူတွေ အများကြီးရှိနေပါသေးတယ်... ညည်းတွား မှိုင်တွေနေမယ့်အစား ကိုယ့်ဘဝ တိုးတက်ဖို့ ကြိုးစားအားထုတ်ပါ... လက်ရှိအချိန်မှာ လက်ရှိ အခြေအနေမျိုးကို ရောက်ရှိနေတဲ့အတွက် ....

သင်ဟာ ကံကောင်းတဲ့သူဖြစ်ပါတယ်...

Ref: polyvore.com

(နှိုင်းရင့်နွေ )

http://www.facebook.com/photo.php?fbid=404514172979753&set=a.351047714993066.76

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...