စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဥပုသ်



   မိမိတို့၏စိတ်ကလေးတွေဟာ နှစ်သက်စရာအာအရုံတွေကိုတွေ့လိုက်တော့ လောဘဆိုတဲ့

ကိလေသာတွေဖြစ်ခဲ့ကြပါတယ်၊ မနှစ်သက်စရာအာရုံလေးတွေကိုတွေ့တော့
 ဒေါသဆိုတဲ့ကိလေသာလေးတွေ ဖြစ်ခဲ့ကြပါတယ်၊ အမှု့မဲ့ အမှတ်မဲ့နေပြန်တော့လည်း မောဟဆိုတဲ့ကိလေသာတွေဖြစ်ခဲ့ကြရပြန်ပါတယ်၊ ဒီလိုပူလောင်လှတဲ့ကိလေသာတွေကို ငြိမ်းချမ်းတဲ့ (သီလ)တရားရေစင်နဲ့ ဆေးကြောဖို့ တစ်ချို့ကတရားစခန်းဝင်ကြပါတယ်၊ တစ်ချို့ကတော့ သီတင်းသီလခံယူကြပါတယ်။

          ဒီလိုနေတာဟာ ဗုဒ္ဓဘာသာဝင်တွေရဲ့ ချစ်စရာကောင်းတဲ့ အလေ့အထဖြစ်ပါတယ်။ သီတင်းသီလခံယူပီးရင်လဲ ကိုယ်တတ်နိုင်သလောက်တရားဓမ္မတွေမှတ်နေရပါမယ်၊ ဒါမှ အကျိုးများမှာဖြစ်ပါတယ်၊ ဒီလိုမှမဟုတ်ပဲ စာကလေးတွေမြည်သလို စကားတွေ အရမ်းပြောနေမယ်၊ နွားကျောင်းသားလေးတွေလို ဟိုဟိုဒီဒီ တွေးနေမယ်ဆိုရင်တော့ ကိလေသာတွေက ပြန်ဝင်လာအုံးမှာပါ၊ ဒါကြောင့် မင်္ဂလာရှိတဲ့နှစ်သစ်ကို မင်္ဂလာရှိစွာကြိုစိုဖို့ဆိုရင်တော့ မိမိစိတ်ကလေးမှာ စွန်းထင်းနေတဲ့ ကိလေသာတွေကို သီလရေစင်နဲ့ဆေးကြောပီး ဘာဝနာတစ်ခုခုပွားနေမယ်ဆိုရင်တော့ မင်္ဂလာရှိစွာ နှစ်ဟောင်းကိုနှုတ်ဆက်ရာရောက်သလို မင်္ဂလာရှိစွာ နှစ်သစ်ကိုလဲကြိုစိုရာရောက်ပါလိမ့်မယ်။



မိမိစိတ်မှာ စင်ကြယ်လာအောင် ရှစ်တန်(ကိုးတန်)အင်္ဂါ သီလခံ၍ ချိုးခြံအောင့်အီး တစ်ဖြောင့်တည်းဖြင့် စောင့်စည်းကြိုးကုတ် တရားလုပ် ဥပုသ်စောင့်ဟုမှတ်။

အရှင် သုမင်္ဂလ

http://www.facebook.com/photo.php?fbid=403679259729911&set=a.351047714993066.76

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...