စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဆေးလိပ်သောက်ခြင်းက အရိုးပြန်ဆက်နိုင် စွမ်းလျော့နည်းစေ



ဆေးလိပ်သောက်ခြင်းသည် အရိုးကျိုးပြီးပါကအရိုးပြန်ဆက်နိုင် စွမ်းနှင့်အနာကျက်နိုင်စွမ်းကိုနည်းပါး စေကြောင်း သုတေသနတစ်ရပ်တွင် ဖော်ပြထားသည်။ University of Pennsylvania မှပြုလုပ်သော လေ့လာမှုအရ စီးကရက်သောက်သုံးမှုသည် အရိုးခွဲစိတ်မှုနောက်ပိုင်းဖြစ်ပွားသော နောက်ဆက်တွဲပြဿနာ များနှင့်ဆက်စပ်နေကြောင်း သိရှိခဲ့ရ သည်။


ဆေးလိပ်သောက်ခြင်းသည် အရိုးခွဲစိတ်မှုနောက်ပိုင်းအရိုးပြည် ပိုးဝင်ခြင်း၊အနာကျက်နိုင်စွမ်း၊အ ရိုးပြန်ဆက်နိုင်ချေများကိုလျော့ပါးစေ ကြောင်း၊စီးကရက်သောက်သုံးမှုသည် ကာကွယ်နိုင်သောရောဂါများကိုအ ဖြစ်များစေသောအချက်ဖြစ်နေ ကြောင်း၊ အရိုးကျိုးသောလူနာများ တွင် ဆေးလိပ်သောက်သုံးမှုက အရိုး ပြန်မဆက်ခြင်း၊နာကျင်မှုပိုမိုခြင်း နှင့်အရိုးပိုးဝင်ခြင်းများကိုဖြစ်စေနိုင် ကြောင်းသုတေသနခေါင်းဆောင်ထိ ခိုက်ဒဏ်ရာနှင့်အရိုးကျိုးခွဲစိတ် အထူး ကုဆရာဝန် Dr. Semir Mehta က ပြောကြားခဲ့သည်။


ဆေးလိပ်သောက်ခြင်းက အရိုး၊ အရိုးနုနှင့်အရွတ်များ အပေါ်အနာ ကျက် နိုင်စွမ်းကြာမြင့်စေနိုင်ကြောင်း ဖော်ပြထားသည်။ယခုလေ့လာမှုတွင်ပါဝင်သောအရိုးကျိုးမှုများမှာ တံကျင်ရိုးကျိုးခြင်း၊ ပေါင်ထိပ်ရိုးကျိုးခြင်း၊ တင်ပဆုံရိုးကျိုးခြင်းကဲ့သို့ အဖြစ်များသောအရိုးကျိုး ခြင်းများပါဝင်ကြောင်း Dr. Semir Mehta ကရှင်းပြထားသည်။

သော်ဇင်
Health Updates Journal
Vol.2, No.14

http://www.facebook.com/photo.php?fbid=400393803391790&set=a.351047714993066.76

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...