စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မိမိကိုယ်ကို ကာကွယ်ခြင်း




အားနွဲ့တဲ့သူတွေဟာ အားကြီးတဲ့သူတွေရဲ့ အနိုင်ကျင့်ခြင်းကို ခံရတတ်တာ လောက ဓမ္မတာပါပဲ... ကြီးနိုင်ငယ်ညှင်း နိုင့်ထက်စီးနင်းမှုတွေဟာ တိရိစ္ဆာန်လောကမှာကော လူ့လောကမှာပါအချိန်နဲ့အမျှ ဖြစ်ပွားနေကြပါတယ်.... မိမိက ခွန်အားပိုကောင်းတာကို အသုံးချပြီး အနိုင်ကျင့်စော်ကားတတ်တဲ့သူတွေလည်း ကမ္ဘာအနှံ့မှာ အများအပြားရှိနေသေးကြောင်း မှုခင်းသတင်းတွေက သက်သေပြနေပါတယ်... လူတွေအများအပြား လမ်းမထွက်ပြီး ပျော်ရွှင်မြူးတူးကြတဲ့ ဒီလို သင်္ကြန်ပွဲမျိုးမှာဆိုရင်လည်း အခွင့်အရေးသမားများက လက်တုံ့နှေးနေမယ်လို့ ယူဆထားလို့မရပါဘူး... ဒါကြောင့် မိန်းကလေးများအနေနဲ့ အားကိုးလောက်တဲ့အဖော်မပါဘဲနဲ့ လူပြတ်တဲ့နေရာမျိုးကိုမသွားသင့်ပါဘူး... အကြောင်းကြောင်းကြောင့် အကြမ်းဖက်တဲ့သူနဲ့ ရင်ဆိုင်ရပြီဆိုရင်တော့ အမြန်ဆုံးလွတ်မြောက်နိုင်ဖို့ ကြိုးစားရမှာပါပဲ....

တစ်စုံတစ်ယောက်ရဲ့ အကြမ်းဖက်ခြင်း၊ နိုင့်ထက်စီးနင်းပြုလုပ်ခြင်းကို ခံနေရပြီဆိုရင် သင့်အနေနဲ့ လွတ်မြောက်ဖို့နည်းလမ်းရှာရပါလိမ့်မယ်... အကောင်းဆုံးကတော့ ကိုယ့်ကိုတိုက်ခိုက်လာတဲ့သူကို တုံ့ပြန်တိုက်ခိုက်ပြီး ထွက်ပြေးဖို့ ဒါမှမဟုတ် အကူအညီတောင်းဖို့ အခွင့်ကောင်းကိုရှာဖို့ပါပဲ... ဒီလိုလုပ်ဖို့အတွက် သင်က ကိုယ်ခံပညာတွေ သိုင်းပညာတွေ တတ်ထားရင်တော့ အကောင်းဆုံးပါပဲ... ကိုယ်ခံပညာကို လုံးဝမလေ့လာဖူးတဲ့သူတွေအတွက် တိုက်ခိုက်ရမယ့် နေရာနဲ့ နည်းလမ်းလေးတွေကို ရှာဖွေတင်ဆက်ပေးပါ့မယ်... ကဲ စပြီးလေ့လာကြည့်လိုက်ကြရအောင်...

♥ မျက်လုံး
သင့်ထက်အားပိုကြီးတဲ့ လာရောက်တိုက်ခိုက်သူရဲ့ မျက်လုံးကို ခပ်ပြင်းပြင်းထိုးလိုက်တာ... ဖိညှပ်လိုက်တာမျိုးနဲ့ တုံ့ပြန်နိုင်ပါတယ်...

♥ နားရွက်
နားရွက်တွေဟာ ခန္ဓာကိုယ်ရဲ့ အထိမခံတဲ့ အစိတ်အပိုင်းတွေဖြစ်ပါတယ်... နားရွက်ကိုခပ်ပြင်းပြင်း အုပ်ရိုက်လိုက်တာမျိုးလုပ်နိုင်ပါတယ်...

♥ နှာခေါင်း
ပထမဆုံးမျက်လုံးကိုတိုက်ခိုက်လိုက်ခြင်းဖြင့် အမြင်အာရုံဝေဝါးအောင်ပြုလုပ်ပြီး နားရွက်တွေ နှာခေါင်းတွေကို တိုက်ခိုက်နိုင်ပါတယ်... နှာခေါင်းကို လုံလောက်အောင်သာခပ်ပြင်းပြင်း ထိရိုက်လိုက်မယ်ဆိုရင် နှာခေါင်းသွေးကျလာပြီး သင့်ကိုတိုက်ခိုက်သူ အားနည်းသွားစေပါလိမ့်မယ်...

♥ ဇက်ပိုး
နေရာကတော့ ခေါင်းရဲ့အခြေနဲ့ ပခုံးရဲ့အစ ကြားထဲက အလည်မှာရှိတဲ့နေရာပါပဲ... အားပြင်းပြင်းနဲ့ထိုးနှက်လိုက်ရင် နာကျင်မယ်... ထုံမယ်... စပ်ဖျဉ်းဖျဉ်းခံစားရပါလိမ့်မယ်... အားအရမ်းပြင်းသွားမယ်ဆိုရင် တုံ့ဆိုင်းသွားတဲ့အထိ ဖြစ်သွားနိုင်ပါတယ်...

♥ ကျောက်ကပ်
ကျောက်ကပ်တွေဟာ ကျောရိုးရဲ့တစ်ဘက်တစ်ချက် လက်မအနည်းငယ်အကွာမှာ တည်ရှိပါတယ်... ကိုယ့်ကိုတိုက်ခိုက်သူရဲ့ နောက်ကျောဘက်ရောက်နေချိန်မှာ လက်သီး၊ တံတောင်၊ ခြေထောက်တို့နဲ့ ထိုးနှက်တိုက်ခိုက်ကန်ကျောက်နိုင်ပါတယ်...

♥ ပေါင်ခြံ
လိင်အင်္ဂါတွေရှိတဲ့ ပေါင်ခြံခွကြားဟာ အရမ်းထိခိုက်လွယ်ပါတယ်... အဲ့ဒီနေရာကို ထိုးနှက်လိုက်ရင် အလွန်အမင်းနာကျင်ပြီး အမျိုးသားအင်္ဂါကိုထိခိုက်နိုင်တဲ့အထိ ဖြစ်သွားစေနိုင်ပါတယ်...

♥ ခြေဖမိုး
နောက်ကနေတိုက်ခိုက်လာတဲ့သူကို တုံ့ပြန်ဖို့အကောင်းဆုံးနေရာကတော့ ခြေဖမိုးတွေပါပဲ... သင့်ရန်သူရဲ့ ခြေဖမိုးပေါ်ကို ဖနှောင့်နဲ့ ခပ်ပြင်းပြင်းပေါက်ချလိုက်ရင် သူအလွန်အမင်းနာကျင်သွားပါလိမ့်မယ်...

♥ ချိုင်းကြား
ချိုင်းကြားကိုတိုက်ခိုက်ဖို့တော့ မလွယ်ပါဘူး... ဒါပေမဲ့ သင့်အနေနဲ့ အခွင့်အရေးတစ်ခါလောက်ရခဲ့လို့ အားလေးနည်းနည်းထည့်ပြီး ထိုးရိုက်မိမယ်ဆိုရင် အတော့်ကိုနာကျင်သွားစေမှာ သေချာပါတယ်....

♥ လည်ပင်းအခြေက ကြွက်သား
လည်ပင်းနဲ့ ပခုံးဆုံတဲ့နေရာမှာ ကြွက်သားနဲ့ အာရုံကြောတွေအများကြီး တည်ရှိပါတယ်... သင်ထိုးနှက်နိုင်တဲ့ အားအပေါ်မူတည်ပြီး နာကျင်မှုကိုဖြစ်ပေါ်စေနိုင်ပါတယ်... သင်ထိုးနှက်လိုက်တဲ့ဘက်က လက်မောင်းကြွက်သားတွေဆန့်တငင်ငင်ဖြစ်ပြီး တဒင်္ဂအသုံးပြုလို့မရတာမျိုး၊ ထုံကျဉ်သွားတာမျိုးအပြင် ကြွက်သားဒဏ်ရာတွေပါ ရသွားစေနိုင်ပါတယ်...

♥ လည်မျိုရှေ့ပိုင်း
လည်ဇလုတ်ရဲ့အောက် လည်မျိုရဲ့အခြေဟာ အခေါင်းပေါက်ကြီးဖြစ်နေပြီး ရင်ခေါင်းရဲ့ အစနေရာလည်းဖြစ်ပါတယ်... ရင်ခေါင်းဟာ ပခုံးနှစ်ဖက်ကနေစပြီး နံရိုးအခြေမှာ အဆုံးသတ်ပါတယ်... ဒီအခေါင်းပေါက်ကြီးထဲမှာ လေပြွန်နေရာဟာ အကာအကွယ်မရှိပါဘူး... လက်ညှိုးတစ်ချောင်းလောက်နဲ့ထိုးလိုက်ရင်ကို အားနဲ့ဝင်လာတဲ့ သင့်ရန်သူကို ပြင်းပြင်းထန်ထန်ထိခိုက်စေပြီး သေသွားတဲ့အထိ ဖြစ်စေနိုင်ပါတယ်....

ကိုယ့်ရဲ့ကိုယ်နေဟန်ထားနဲ့ တိုက်ခိုက်လာသူရဲ့ ကိုယ်နေဟန်ထားပေါ်မူတည်ပြီး ဘယ်ပစ်မှတ်ကိုတိုက်ခိုက်တာ အသင့်တော်ဆုံးဆိုတာကို အလျင်အမြန်ဆုံးဖြတ်ပြီး တုံ့ပြန်တိုက်ခိုက်ပါ... တစ်ဖက်လူအထိနာနေချိန်မှာ ပိုင်ပိုင်နိုင်နိုင်ဖြစ်အောင် ထပ်မံတိုက်ခိုက်ပါ... ဒါမှမဟုတ် ထွက်ပြေးပါ... အကူအညီအော်တောင်းပါ... အကာအကွယ်ပေးနိုင်မယ့် လူစုလူဝေးထဲကိုတိုးဝင်ပါ.... မိန်းကလေးများ ကိုယ့်ကိုကာကွယ်နိုင်ကြပါစေ....
----------------------------------------------------------------
Ref: Facts and GK+
နှိုင်းရင့်နွေ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...