စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မြန်မာနှင့် ကမ္ဘာ့ပညာရှင်များရဲ့ အဆိုအမိန့်များ



ကိုယ့်နိုင်ငံနဲ့ ကိုယ့်လူမျိုးအတွက် စွန့်လွတ်အနစ်နာခံတတ်ဖို့ လိုသလို ကိုယ်စာပေနဲ့ ကိုယ့်ယဉ်ကျေးမှုကိုလည်း မြတ်နိုး ထိန်းသိမ်း တတ်ဖို့ လိုတယ်။
(ဗိုလ်ချုပ် အောင်ဆန်း)


ကျောင်းဆရာတိုင်း၏ အကြီးဆုံးသော အရည်အချင်းသည် အကျင့် စာရိတ္တ ကောင်းမွန်ရေးဖြစ်၏။ သို့မှသာလျှင် ကျောင်းသူ ကျောင်းသား များသည် အကျင့်စာရိတ္တ ကောင်းနိုင်ပေမည်။ မည်သည့်အတန်းကို ပင် အောင်မြင်စေကာမူ၊ မည်ကဲ့သို့ပင် အသင်အပြကောင်းစေကာမူ၊ အကျင့်စာရိတ္တ မကောင်းသောသူသည် ဆရာအဖြစ်နှင့် မလျော်။ လွတ်လပ်သော မြန်မာပြည်အတွက် အကျင့်စာရိတ္တကောင်းသော ဆရာ ဆရာမများသည် ပဲ့ကိုင်များ ဖြစ်ကြရပေမည်။
(ဦးသန့် )


အပြုံးတစ်ပွင့်ရဲ့တန်ဖိုး
"သူငယ်ချင်းတွေနဲ့ တွေ့တဲ့အခါ ပြုံးပြပါ။ သင့်ရဲ့ ဇနီး (သို့မဟုတ်)
ခင်ပွန်းကို ပြုံးပြပါ။ သင့်ရဲ့ ကလေး ငယ်တွေကို ပြုံးပြပါ။ အချင်းချင်း ပြုံးပြပါ။ သူဘယ်သူ လည်းဆိုတာ အရေးမကြီးပါဘူး။ အဲဒီ အပြုံး တစ်ပွင့်ဟာ သင်တို့အချင်းချင်း ချစ်ခြင်းမေတ္တာတွေ ဆက်လက်ကြီး ထွားစေဖို့အတွက် အထောက်အကူပေးပါလိမ့်မယ် "
(Mother Teresa )


ကိုယ်တိုင်ရှာဖွေပါလေ။
အမှန်တရားတိုင်းမှာ ထောင့် ၄ ထောင့်ရှိပါတယ်။ ဆရာအနေနဲ့ ကျုပ်က ထောင့် တစ်ထောင့်ကို ပေးလိုက်ပါမယ်။ ကျန်တဲ့ ထောင့် ၃ ထောင့်ကို တပည့်ကိုယ်တိုင် ရှာဖွေပါလော့။
(ကွန်ဖြူးရှပ်)


အရှက်ခွဲခြင်းဖြင့် ဆုံးမခြင်း
မိဘများ နားမလည်ရှာသော အချက်မှာ သားသမီးကို အရှက်ခွဲသော နည်းဖြင့် ဆုံးမခြင်းသည် ကောင်းသည်၊ လိမ္မာစေသည်၊ နောင်ကြဉ်စေ သည်ဟု ထင်မှတ်ရှာ ကြခြင်းပင်ဖြစ်သည်။ “နောင်ကြဉ်သည်” ဆိုခြင်း
ကား ဟုတ်လေမည်လား မဆိုနိုင်။ ခံရသော သားသမီး၏စိတ်ကို နုံချာ သွားစေခြင်းကိုကား ခံရဖူးသောကျွန်ုပ်သိပါသည်။
ရွှေဥဒေါင်း(တစ်သက်တာ မှတ်တမ်းနှင့် အတွေးအခေါ်များမှ)


လက်ဆောင်မွန်
ပညာသင်ယူခြင်းကို ခက်ခဲသော တာဝန်တစ်ခုအနေနှင့် မခံယူဘဲ
အဖိုးတန် လက်ဆောင်မွန် တစ်ခု ရရှိခြင်းဟု ထင်မြင်လာအောင် စွမ်းဆောင်နိုင်မှ သာလျှင် သင်ကြားခြင်း မည်ပေသည်။
(အဲလ်ဘတ် အိန်းစတိန်း )


စာရိတ္တဖွံ့ဖြိုးတိုးတက်ရေး
ပညာရေး အကြောင်းပြောရင် စိတ်နဲ့ စာရိတ္တ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးရမယ် ဆိုတာ ပါတယ်။ ပညာရေးဟေ့ဆိုရင် ကျန်တာတွေ ဘယ်လောက် တတ်တတ် စိတ်နဲ့ စာရိတ္တကိုသွာမေ့ထားလို့ မရဘူး။ ကောင်းမြတ်တဲ့ စိတ်ထား သဘောထားတွေ၊ ကောင်းမြတ်တဲ့ စာရိတ္တတွေ ပေါ်အောင်လည်း ပညာရေးကလုပ်ပေးနိုင်တယ်။
(တက္ကသိုလ် ဘုန်းနိုင် )


လမ်းကြောင်းသစ်
လမ်းကြောင်းတစ်ကြောင်းကို ရှာလို့တွေ့ရင်တွေ့၊ မတွေ့ရင်တော့ ကိုယ်တိုင်လမ်းသစ်တစ်ကြောင်း ဖောက်ရလိမ့်မယ်။
(Sir P. Sidney, 1554-1586 )


လူမှာအရေးအကြီးဆုံး နှစ်ခုဘဲရှိတယ် အဲဒါကတော့ ကိုယ်ကျင့်တရားရယ်၊ အမှန်တရားကို မြတ်နိုးမှုရယ်၊ ဒါဘဲဖြစ်တယ် ဘယ်နေရာမဆို အမှန်ကို အမှန်အတိုင်း ပြောရဲရမယ်၊ ပြောရဲတဲ့ သတ္တိလည်းရှိရမယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

ပညာရေး ရည်ရွယ်ချက်
ပညာရေးရဲ့ရည်ရွယ်ချက်ကရာထူး ဂုဏ်ထူးတွေရအောင်လုပ်ဖို့၊
လူ့ဘ၀ မှာတိုးတက်ကြီးပွားဖို့၊အထက် တန်းကျကျဝတ်နိုင်စားနိုင်ဖို့မျှ သာမဟုတ်ဘူး။ ပညာရေးဆိုတာတိုးတက် ကြီးပွားအောင် လုပ်ဖို့ မျှသာ မဟုတ်ဘူး။တကယ်က.. ပညာသင်ကြားခြင်းဟာ အမှား အမှန် ဆုံးဖြတ်နိုင်ဖို့၊ တရားမှု မတရားမှု ခွဲခြားနိုင်ဖို့ ဖြစ်တယ်။ မိမိကိုယ်တိုင် မှန်ကန်တဲ့ လမ်းကြောင်းမျိုး ရွေးမိပြီဆိုရင် ဘ၀မှာ တိုးတက် ကြီးပွားကြောင်း ဖြစ်စေမယ့် ပညာရေးမျိုးဟာ ယူရတာ လွယ်ပါတယ်။
ဂျွန် ရပ်စကင်း (၁၈၁၉-၁၉၀၀)


လူတွေရဲ့ အမှား
လူတို့သည် သူတပါး အမှားမှ သင်ခန်းစာမယူဘဲ၊ မိမိကိုယ်တိုင်မှားမှသာ သင်ခန်းစာ ယူတတ်လေ့ရှိသည်။ ထို့ကြောင့်ပင် သမိုင်းတွင် အကြိမ်ကြိမ် အမှားကျုးလွန် နေကြခြင်းဖြစ်သည်။
အီလျာ အာရင်ဘခ် (ရုရှားစာရေးဆရာ)

( မြေလတ်သား )

http://www.facebook.com/photo.php?fbid=398656000232237&set=a.351047714993066.76

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...