စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ပျားကောင်ပမာ စီးပွားရှာ ၊ ခွဲဝေသုံးစွဲ မိတ်ဆွေမြဲ

 
မြတ်စွာဘုရားသည် စုဏ္ဏိယဗန္ဓအားဖြင့် ဟောကြားပြီး၍ ဂါထာဗန္ဓအားဖြင့် ထပ်မံဟောကြားတော်မူလေသည်။

မိတ်ဆွေစစ်ကို ချဉ်းကပ်

အကြင်မိတ်ဆွေသည် ကျေးဇူးပြုတတ်၏။ အကြင်မိတ်ဆွေသည် ချမ်းသာအတူ ဆင်းရဲအတူ ဖြစ်၏။ အကြင်မိတ်ဆွေသည် အကျိုးစီးပွားကို ပြောကြားတတ်၏။ အကြင်မိတ်ဆွေသည် အစဉ်သနားတတ်၏။ ပညာရှိသောသူသည် ဤမိတ်ဆွေစစ် လေးယောက်တို့ကို ဤသို့ ဆိုခဲ့တိုင်းသိ၍ အမိသည် ရင်၌ဖြစ်သော သားသို့ ချဉ်းကပ်သကဲ့သို့ ရိုသေစွာ ချဉ်းကပ်ရမည်။ သီလနှင့် ပြည့်စုံသော ပညာရှိမိတ်ဆွေသည် တောင်ထိပ်၌ တောက်လောင်သော မီးကဲ့သို့ ထွန်းလင်းတင့်တယ်၏။


ပျားကောင်ပမာ စီးပွားရှာ

ပျားသည် ပန်းပွင့်ကို မထိခိုက်စေမူ၍ ဝတ်ရည်ကိုသာ စုပ်ယူလျက် ပျားလပို့ကို အားထုတ်ဆောက်လုပ်သကဲ့သို့ မိမိ သူတပါး နှစ်ဦးသားကို မညှင်းဆဲ မထိခိုက်စေမူ၍ တရားသဖြင့် ဥစ္စာပစ္စည်းကို စုဆောင်းရှာမှီးသော သူ၏ ဥစ္စာစည်းစိမ်တို့သည် ခြတောင်ပို့ ကြီးပွားသကဲ့သို့ ကြီးပွားခြင်းသို့ ရောက်ကုန်၏။


ခွဲဝေသုံးစွဲ မိတ်ဆွေမြဲ

- အိမ်ထောင်သည်ဘဝကို တည်ဆောက်သော အမျိုးသားတို့သည် ဤသို့ ဥစ္စာစည်းစိမ်တို့ကို ကောင်းစွာ စုဆောင်းပြီးလျှင် စည်းစိမ်တို့ကို လေးဖို့ လေးပုံ ခွဲဝေရမည်။ ဤသို့ ခွဲဝေသုံးစွဲသော ထိုသူသည် မိတ်ဆွေခင်ပွန်းတို့ကို မကွဲအောင် ဖွဲ့နှောင်စည်းရုံးနိုင်၏။
- တစ်ဖို့သော ဥစ္စာဖြင့် စည်းစိမ်ကို ခံစားရမည်။ နှစ်ဖို့တို့ဖြင့် ကုန်သွယ်မှုစသည် ပြုလုပ်ရမည်။ လေးခုမြောက်အဖို့ကိုကား ဘေးရန်ဖြစ်လျှင် အသုံးပြုရန် သိုမှီးသိမ်းဆည်းထားရမည်။
[စည်းစိမ်ဥစ္စာ ကြွယ်ဝသူသည်သာ မိတ်ဆွေ အပေါင်းအသင်း မပြိုကွဲ မပျက်စီးအောင် ထိန်းသိမ်းထားနိုင်သည်။]


(သာသနာရေးဝန်ကြီးဌာန သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာနမှ ထုတ်ဝေသော ဗုဒ္ဓဘာသာကောင်းတစ်ယောက်စာအုပ်၊ စာမျက်နှာ-၉၄ မှ ကူးယူမျှဝေပါသည်။)

Kaung Kin Thit

http://www.facebook.com/photo.php?fbid=404478532983317&set=a.351047714993066.

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...