စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အရက်အလွန်အကျွံသောက်ခြင်း


(၁) အရက်အလွန်အကျွံသောက်ခြင်းသည် မျိုးပွားအင်္ဂါအဖွဲ့အစည်းကို ထိခိုက်စေနိုင်သည်။
 
(၂) အရက်သည် မျိုးပွားအင်္ဂါအဖွဲ့အစည်းအပါအ၀င် ကိုယ်ခန္ဓာကို များစွာ ဒုက္ခဖြစ်စေပါသည်။အရက်စွဲမှု၏ အကျိုးဆက်ကြောင့် လိင်အဂါင်္မထောင်မတ်နိုင်ခြင်း ဖြစ်တတ်သည်။ ကျားစွမ်းရည်ပီသမှု လျော့နည်းခြင်း၊ မြုံခြင်း ၊ ဝှေးစေ့ပိန်လှီခြင်း စသော ရောဂါများမှာ အရက်စွဲသူများနှင့် များစွာဆက်နွယ်မှုရှိသည်။

(၃)အရက်သောက်သုံးခြင်းကြောင့် ဖြစ်လာသောဟော်မုန်းဓါတ်လျော့နည်းလာခြင်းသည်
အမျိုးသားများတွင် သွေးထဲရှိ ကျားဟော်မုန်းကို လျော့နည်းစေနိုင် သလို အမျိုးသမီးများတွင် မမျိုးဥကြွေခြင်းကို တားဆီးသည်။

(၄) အမျိုးသားများတွင်သုတ်ကောင်အရေအတွက်ကိုလျော့နည်းစေခြင်း ၊ သုတ်ကောင် ပုံပမ်းသဏ္ဍာန် ပျက်ယွင်းစေခြင်း၊ ၄င်းကြောင့် မိဘကိုယ်တိုင် မြုံခြင်း နှင့် သားသမီးများ တွင်ပါ မြုံတတ်ခြင်းမှာ အရက်သောက်သုံးခြင်း၏နောက်ဆက်တွဲ ဆိုးကျိုးများ ဖြစ်သည်။

(၅) အမျိုးသမီးများ သန္ဓေသားပျက်လျောခြင်းများ၊ ရာသီသွေးမူမမှန်ခြင်းများမှာအရက်သောက်သုံးခြင်း၏ နောက်ဆက်တွဲ ဖြစ်သည်။ ထို့အပြင် အရက်သောက်သုံးခြင်းကြောင့် သန္ဓေသားကို ပြင်းထန်စွာ ထိခိုက်စေနိုင်သည်။

(၆) လိင်ဆက်ဆံသည့် ရက်သတ္တပတ်အတွင်း အရက်အလွန်အကျွံသောက်ခြင်းသည် သားပျက်ခြင်းကို အဆများစွာ ဖြစ်စေတတ်သည်။၎င်းမှာ အမျိုးသားသောက်သုံးပါက ပုံမှန်ထက် ၂ ဆမှ ၃ ဆအထိ မြင့်တတ်ပြီး၊ အမျိုးသမီးသောက်သုံးပါက ၃ ဆမှ ၅ ဆထိ မြင့်တတ်စေ ပါသည်။

Ref: Paper by Beloit College

ဒီနေရာမှကူးယူမျှဝေပါသည်။ 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...