စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







တူယှဉ်နွှဲပျော် မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်



မြန်မာ အဘိဓာန်၌ ''သင်္ကြန်'' ဟူသော ဝေါဟာရကို ''နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းသည့် ကာလ'' ''ရေပက်ဖျန်းသည့် နှစ်သစ်ကူး ပွဲတော်'' ဟူ၍ အဓိပ္ပာယ် ဖွင့်ဆိုထားသည်။

သင်္ကြန်ဟူသော ဝေါဟာရသည် ''သင်္ကြန္တ''ဟူသည့် သက္ကတ စကားမှ ဆင်းသက် လာသည်ဟု ဝေါဟာရ လီနတ္ထဒီပနီနှင့် ဝေါဟာရတ္ထ ပကာသနီ တို့တွင် ဖော်ပြ ထားပေသည်။ ပညာရှင် အချို့ကမူကား ''ပါဠိစကား'' ''သင်္ကန္တ''မှ ဆင်းသက် လာသည်ဟု ယူဆကြသည်။ မည်သို့ပင် ဖြစ်စေကာမူ အဓိပ္ပာယ်မှာ ''ကူးပြောင်းခြင်း၊ ရွှေ့ပြောင်းခြင်း''ဟူ၍ ချည်း ဖြစ်ကြသည်။ မြန်မာ့ရိုးရာ သင်္ကြန်ကာလကို တချို့က ရေကစားခြင်းဖြင့် ဖြတ်ကျော် ကြသည်။ တချို့က အလှူဒါနများ ပြုလုပ်ခြင်း၊ ဥပုသ်သီတင်း ဆောက်တည်ခြင်း၊ စတုဒိသာ ကျွေးမွေးခြင်းနှင့် တိရစ္ဆာန်များအား ဘေးမဲ့ လွှတ်ခြင်းတို့ ပြုလုပ်ကြသည်။ ထို့အတူ သက်ကြီး ပူဇော်ပွဲများ ကျင်းပကာ မြန်မာ့ရိုးရာ ယဉ်ကျေးမှု ဓလေ့ကို ထိန်းသိမ်း စောင့်ရှောက်လျက် ရှိသည်။

ကမ္ဘာပေါ်ရှိ လူမျိုးတိုင်းတွင် နှစ်ဟောင်းကုန်၍ နှစ်သစ်သို့ ကူးပြောင်းသော နှစ်သစ်ကူး ပွဲတော်များ ရှိသကဲ့သို့ မြန်မာတို့၏ အတာသင်္ကြန် ပွဲတော်သည်လည်း တစ်ခု အပါအဝင် ဖြစ်သည်။ ပုဂံခေတ်ဦးမှ စတင်၍ မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်ကို ကျင်းပ လာခဲ့သည်မှာ ယခုဆိုလျှင် နှစ်ပေါင်း တစ်ထောင်ကျော် တိုင်ခဲ့ပြီဖြစ်သည်။ မြန်မာ့ ဆယ့်နှစ်လ ရာသီ ပွဲတော်များ အနက် တန်ခူးလ သင်္ကြန်ပွဲတော်သည် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အစဉ်အလာကို ဖော်ပြနေသော အထူးခြားဆုံး၊ အပျော်ရွှင်ဆုံး ပွဲတော်ကြီး ဖြစ်သည်။

http://bit.ly/ZN5K3y

ဒီနေရာမှ ကူးယူမျှဝေပါသည်။ 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...