စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သီချင်းတွေနဲ့မြူးမယ့်သင်္ကြန်



ရေးသားသူ- ကြူကြူဟန်၊ ဇွဲဉာဏ်

မကြာမီရက်ပိုင်းအတွင်း ကျရောက်တော့မယ့် နှစ်သစ်ကူး အတာသင်္ကြန်ကာလကို ကြိုတင်ရင်ခုန်နေကြသူများထဲမှာ သာမန်ပြည်သူများသာမက

အနုပညာရှင်များ၊ အဆိုတော်များလည်း ပါဝင်ပါတယ်။ ဒီတော့ သူတို့ရင်ခုန်တဲ့သင်္ကြန်ကို ဘယ်လိုနွှဲမလဲဆိုတဲ့ စကားသံလေးတွေ နားထောင်ကြည့်ရအောင်။

စိုင်းစိုင်းခမ်းလှိုင်
မဏ္ဍပ်က ပြည်လမ်းမှာ စိုင်းစိုင်းနဲ့ သူငယ်ချင်းတွေ ပါဝင်ပါတယ်။ Alpine မဏ္ဍပ်ကို ကျွန်တော် ဦးစီးပြီးဆောက်တာ ၁၀ နှစ် ရှိသွားပြီ။ ပျော်လို့ပါ။

ရတနာမိုင်
My New April အမည်နဲ့ ပါရမီလမ်းမပေါ်မှာ မဏ္ဍပ်ဆောက်ထားပါတယ်။ ပါဝင်မယ့် အနုပညာရှင်တွေက အကယ်ဒမီလူမင်း၊ ဆိုတေး၊ အောင်လ၊ နန်းစုရတီစိုး၊

မိုင်လေးက ဆိုချင်မှဆိုမယ်။ မဆိုချင်လဲမဆိုဘူး။ အတွေ့အကြုံအသစ်လေးတစ်ခုရအောင် ဆောက်ဖြစ်တာပါ။ သင်္ကြန်မှာ အန္တရာယ်ကင်းကင်းနဲ့

ပျော်ရွှင်နိုင်ကြပါစေလို့ အဲဒါလေးပဲ ဆုတောင်းပေးပါတယ်။

ဟဲလေး
မန္တလေးမြို့တော်ဝင်မဏ္ဍပ်မှာ ရှိပါမယ်။ ကိုဖြိုးကြီး၊ မြန်မာပြည်သိန်းတန်၊ ဦးခင်မောင်ထူး၊ ဝေလျံ ၊ ဒီယံ၊ အိမ့်ချစ်၊ L ဆိုင်းဇီရယ် မေခလာရယ်

နောက်ထပ်အများကြီး ပါပါတယ်။

I.C
ပြည်လမ်း ကန်ပေါင်နားက AGD Bank မဏ္ဍပ်မှာ အိုင်စီတီးဝိုင်းနှင့်အတူ လေးဖြူ၊ အငဲ၊ ၀ိုင်ဝိုင်း၊ မျိုးကြီး၊ အခြားသောအနုပညာရှင်များ ပါဝင်ပါမယ်။

စိုးနန္ဒာကျော် (The Sign of Love)
မိုင်ဒါကွင်းထဲမှာတော့ ညီမတို့တစ်ဖွဲ့လုံးကို MRTV-4 က လာဖို့ခေါ်ထားတာရှိတယ်။ သေချာတာကတော့ မိုင်ဒါကွင်းထဲမှာ ညီမ သင်္ကြန်

ပထမရက်လောက်တော့ရှိမှာပါ။ အဖွင့်ရက်ရှိဖို့ များပါတယ် ။ ပွဲအဖွင့်အပိတ်တော့ ညီမလေးတို့ အဖွဲ့လိုက်တော့ ရှိဖို့များမှာပါ။

ရန်ရန်ချန်း
ကမ္ဘာအေးဘုရားလမ်းပေါ်က GTR on the street မဏ္ဍပ်မှာ ကိုရီးယားနိုင်ငံက DJ သမားနှစ်ဦးဖြစ်တဲ့ DJ DOSA ၊ အမျိုးသမီး DJ Lim Zi နဲ့ ရန်ရန်ချန်း၊ G

Family ၊Snare ၊ 9one ၊ Ar-T ၊ စောညီညီ (Too big)၊ Bo Lay (ဗျောက်အိုး)၊ G Tone ၊ Super Model တို့နဲ့ ရှိမှာပါ။ (ဂျာနယ်တွင် ဖော်ပြခဲ့သော မဏ္ဍပ်တွင်

Wai Ka, Big Wic, L Sway, Nge Nge တို့မှာ ဖျော်ဖြေမည့်စာရင်းတွင် မပါဝင်ကြောင်း မဏ္ဍပ်တာဝန်ရှိသူက အသိပေးလာသဖြင့် ပြင်ဆင်သိမှတ်ပေးပါရန်)

အောင်ရဲလင်း
မဏ္ဍပ်က ချက်ထရီယမ်ဟိုတယ် မျက်စောင်းထိုးက ကန်တော်ကြီးပတ်လမ်းမှာပါ။ The Captain လို့ ပေးထားတယ်။ ပါမှာက ကျွန်တော်တစ်ယောက်ပဲ

သေချာသေးတယ်။ မိတ်ဆွေတွေတော့ လာမှာပါ။ နှစ်သစ်မှာ လူသားတွေအားလုံး ကျန်းမာခြင်း၊ ချမ်းသာခြင်း၊ ၀မ်းသာခြင်း၊ အစစအရာရာ ဆင်ပြေပါစေလို့

ဆုတောင်းပေးလိုက်ပါတယ်။

အိမ့်ချစ်
မန္တလေးမြို့တော်ဝန်မဏ္ဍပ်မှာ ရှိပါမယ်။

ထက်ထက် (Bobby Soxer)
၁၉လမ်းက Skynet မဏ္ဍပ်မှာ ရှိပါမယ်။ မနက်တစ်ကြိမ်၊ ညတစ်ကြိမ် ဖျော်ဖြေပေးရမယ်လေ။ ကန်တော်ကြီးပတ်လမ်းက 69.4 မှာလည်း မဏ္ဍပ်ထိုင်မယ်။

အဲဒီမှာတော့ ဖျော်ဖြေရေးမပါဘူး။

မိုးမိုး
နေပြည်တော် ACE ဆောက်လုပ်ရေးမဏ္ဍပ်မှာ ရှိပါမယ်။ နောနော်၊ ကျော်ကျော်ဗို၊ ၀ါဆိုမိုးဦး၊ Jenny တို့ပါမယ်ထင်တယ်။

ရဲလေး
ဒီနှစ်သင်္ကြန် မဏ္ဍပ်မထိုင်ဖြစ်ဘူး။ ရန်ကုန်မှာပဲနေပြီး အလှူအတန်းလေးတွေ လုပ်ဖြစ်မယ်။

စန္ဒီမြင့်လွင်
ကိုဂျွန်လွင် စီစဉ်တဲ့ မျှော်စင်ကျွန်း Grand Royal မဏ္ဍပ်မှာရှိမယ်။ Big Bag, Wanted, Idoits, ဇွဲပြည့် Super Model နဲ့ DJတွေ Dancer တွေပါတယ်။

လွှမ်းပိုင်
ရန်ကုန် Skynet မဏ္ဍပ်မှာရှိမယ်။ ထက်ထက်၊ ၀ိုင်းစု၊ ကျော်ထွဋ်ဆွေ၊ နန်းသူဇာတို့လည်းပါမယ်။ 69.4 မှာလည်း ရှိမယ်။

ဝိုင်းစုခိုင်သိန်း
ရန်ကုန် Skynet မဏ္ဍပ်မှာရှိမယ်။

M ဆိုင်းလူ
မဏ္ဍပ်မထိုင်ဖြစ်ဘူး။ ခရီးသွားဖြစ်မယ်။ ဘယ်ကိုသွားဖြစ်မယ်လို့တော့ မသေချာသေးဘူး။

7Day News Journal

http://www.facebook.com/photo.php?fbid=402244673206703&set=a.351047714993066.76

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...