စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







Android Smartphoneနှင့် လေယာဉ်စနစ်ကို ထိန်းချုပ်နိုင်



ဟက်ကာများသည် Android Smartphoneနှင့် လေယာဉ်စနစ်ကို ထိန်းချုပ်နိုင်

လုံခြုံရေးသုတေသနပညာရှင် Hugo Tesoမှ ဟက်ကာတယောက်အနေဖြင့် Android Smartphoneကို အသုံးပြုခြင်းဖြင့် လေယာဉ်စနစ်ကို ထိန်းချုပ်နိုင်ကြောင်း Hack In Box Security Conferenceတွင် ပြောကြားခဲ့သည်။

လေယာဉ်ဆီသို့ dataပို့လွှတ်သော protocolကို ထိုးဖောက်သုံးစွဲခြင်းနှင့် လေယာဉ်ကိုစီမံခန့်ခွဲသည့် softwareများ၏ bug (error)များကို အသုံးချခြင်းဖြင့် ဟက်ကာသည် လေယာဉ်သို့ radio signalပေးပို့ပြီး လေယာဉ်ကို လမ်းကြောင်း၊ အမြင့်၊ မြန်နှုန်းနှင့် လေယာဉ်မှုးကြည့်ရှုနေသော displayကိုပင် ပြောင်းလွှဲရန် စွမ်းဆောင်နိုင်ကြောင်း သိရသည်။

Tesoသည် မြေပုံကို ထိလိုက်တာနှင့် လေယာဉ်ဆီသို့ လမ်းကြောင်းရှာပေးနိုင်သော Andoird Applicationကို ရေးသားခဲ့ပြီး သူ၏ Samsung Galaxyဖုန်းဖြင့် သရုပ်ပြခဲ့သည်။

Tesoက သူ့အနေဖြင့် လေယာဉ်၏ သွားလာမှုနှင့် သက်ဆိုင်ရာ အားလုံးကို ပြောင်းလဲနိုင်စွမ်းရှိပြီး ဆိုးရွားသော ကိစ္စရပ်များကိုပင် လုပ်ဆောင်နိုင်ကြောင်း ပြောခဲ့သည်။ Tesoက ပြည်ထောင်စု လေကြောင်းအုပ်ချုပ်ရေးအဖွဲ့နှင့် ဥရောပ လေကြောင်းလုံခြုံရေး အုပ်ချုပ်ရေးအဖွဲ့သို့ ယခုထောက်ပြခဲ့သော အားနည်းချက်များကို ပြင်ဆင်ရန် သတိပေးခဲ့သည်။
Credit to:Update News In Myanmar
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...