စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







လူ့ချွေးဖြင့်အန္တရာယ်ရှိ ပိုးမွှားများအား ကာကွယ်နိုင်


   ချွေးထွက်သည့် အခါ အရေပြားမှ ထုတ်လုပ်သည့် dermcidin ဟု အမည်ရသည့် သဘာဝ ပဋိဇီဝ ပိုးသတ်ဆေး တစ်မျိုးသည် တီဘီပိုး အပါအ၀င် အခြားရောဂါ ပိုးများစွာကို နှိမ်နင်းနိုင်ကြောင်း သိပ္ပံ ပညာရှင်များက တွေ့ရှိ ခဲ့ကြသည်။
အဆိုပါတွေ့ရှိချက်ကြောင့် ပိုးသတ်ဆေး အာနိသင် ခံနိုင်ရည်ရှိသော ဘက်တီးရီးယား များအား နှိမ်နင်း နိုင်မည့် ဆေးသစ်များ ထုတ်လုပ် နိုင်မည်ဖြစ်သည်။
 
အီဒင်ဘာရာ တက္ကသိုလ် သုတေ သီများသည် အဆိုပါ ဒြပ်ပေါင်း၏ အက်တမ်ဖွဲ့စည်းပုံကို တွေ့ရှိ ခဲ့ကြပြီး အန္တရာယ်ရှိပိုးမွှားများနှိမ်နင်းရာတွင် အစွမ်းထက်လက်နက်တစ်ခုအဖြစ် အသုံးချနိုင် တော့မည် ဖြစ်သည်။
ပဋိအဏုဇီဝ ပက်ပ်တိုက် (anti-microbial peptides - AMP) ဟု ခေါ်တွင်သည့် သဘာဝပဋိဇီဝပစ္စည်း များအား ရောဂါပိုးများအနေနှင့် ခံနိုင်ရည်တိုးလာခြင်းမရှိသော ကြောင့် သမားရိုးကျ ပဋိဇီဝဆေးဝါး များထက် ရေရှည်တွင်ပိုမိုထိရောက်နိုင်သည်။
 
     ပဋိပစ္စည်းများသည် ပိုးမွှားများ၏ အားအနည်းဆုံး အစိတ်အပိုင်းကို တိုက်ခိုက်နိုင်ပြီး ယင်းတိုက်ခိုက်သည့် ဒဏ်ကို ပိုးမွှားများအနေနှင့် ခုခံနိုင်ရန် ခဲယဉ်းသောကြောင့် သမားရိုးကျ ပဋိဇီဝ ပစ္စည်းများထက် ပိုမို ထိရောက် ရခြင်းဖြစ်သည်။
နိုင်ငံတကာ သိပ္ပံ ပညာရှင်များ အဖွဲ့က အထက်ပါတွေ့ရှိချက်ဖြင့် အန္တရာယ်ရှိပိုးမွှားများကို နှိမ်နင်း နိုင်သော အစွမ်းထက် ပဋိဇီဝဆေးသစ် တစ်မျိုးကို ထုတ်လုပ်နိုင်ရန် မျှော်လင့် လျက်ရှိကြသည်။
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...