စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သင့်စိတ်ကို နိုင် အောင် ထိန်းပါ

           သင့်စိတ်ကိုနိုင်အောင်ထိန်းနိုင် ကအလွန်အကျိုးရှိပေသည် မိမိဘဝရော မိမိ၏ပတ်ဝန်းကျင် သံသာရာမှာရောလွန်စွာအကျိုးရှိထိရောက်ပါသည် အောင်မြင်မှုတွေငွေကြေးချမ်းသာမှုတွေအာလုံးဟာ စိတ်ကိုထိန်းသိမ်းနိုင် သူတွေအတွက်သာသဘာဝတရားကြီးက ချမှတ်ထားပါတယ် စိတ်ကိုမထိန်းသိမ်းနိုင်သူသည်ဘယ်နေရာဘယ်ဒေသရောက်ရောက်ပျက်စီးဆုံးရှုံးမှုကိုဘဲ
တွေ့ကြုံရပါလိမ့်မယ်။

          အရက်သမားသည်အရက်၏မကောင်းသောအကျိုးအပြစ်ကိုသူကောင်းကောင်းသိသည်
 လောင်းကစားသမားသည် လောင်းကစားမှု၏ မကောင်းကျိုးကိုသူကောင်းကောင်းသိသည် ကြာကူလီသမားသည် ကြာကူလီ၏ မကောင်းကျိုးကို သူများထက်ပို၍သူသိ၏ မူးယစ်ဆေးသုံးစွဲသူသည် မူးယစ်ဆေး၏ မကောင်းသောအကျိုးအပြစ်ကိုသူကောင်းကောင်းနားလည်သည် ဘာ
ဖြစ်လို့ သုံးစွဲရတာလဲလို့ဆိုသောအခါ မိမိ၏စိတ်ကိုမိမိမထိန်းသိမ်းနိုင်လို့ပါပဲ

              သင်ကအရက်သမားကို အရက်၏မကောင်းကြောင်းအရက်သောက်ပြီးရင် လူရိုင်းစိတ်ဝင်ကြောင်းအသင်ကပြောလျှင် သူရယ်နေပေလိမ့်မည် ဘာဖြစ်လို့လည်းဆိုတော့ကား အသင်ထက်သူကလက်တွေ့ခံစားသိရှိနေလို့ပါ စိတ်ကိုထိန်းသိမ်းဖို့
ဘာသာရေးခေါင်းဆောင်အသီးသီးကတိုက်တွန်းနှိုးဆော်သောသိက္ခာပုဒ်တွေချမှတ်ထားတာတွေ့ရပါလိမ့်မယ်

            သင်အကြွင်းမဲ့ထိန်းချုပ်နိုင်သည့်အရာသည်အတွေးအမြင်ပင်ဖြစ်လေသည် ဤသည်မှာလူသားတို့အားတက်ဖွယ်အထူးခြားဆုံးအချက်ဖြစ်သကဲ့သို့လူသည်
ဘဝအဆင့်မြင့်မားကြောင်းသာဓကလည်းဖြစ်လေသည်ဤထူးခြား
 မြင့်မားသောအခွင့်အရေးဖြင့်သင့်ဘဝကြမ္မာကိုသင့်ဆန္ဒအတိုင်း ဖန်တီးနိုင်လေသည်သင်စိတ်ကို မထိန်းသိမ်းနိုင် မသိမ်းနိုင်လျှင် အခြားအရာများ

               ကိုလည်းသင် ထိန်းသိမ်းနိုင်မည်မဟုတ်ပေ သင်ပိုင် ဆိုင်သောအရာများထဲမှသင် ဂရုမစိုက်လိုသောအရာရှိလျှင် ထိုအရာသည် ရုပ်ဝတ္ထုပစ္စည်းသာဖြစ်ပါစေ သင့်စိတ်သည် သင့်ဝိဥာဉ်နားခိုရာနေရာဖြစ်သည် ထို့ကြောင့်အလွန်ထူးခြားဆန်းကြယ်
သောသဘာဝရှိသည့် စိတ်ကိုသတိတရားဖြင့်ကာကွယ်ပါ အသုံးချပါ ဤသို့လုပ်ဆောင် နိုင် ရန်သင့်တွင် စိတ်စွမ်းအားရှိသည်

        ကိုယ်ပိုင်စည်းကမ်းဖြင့်စနစ်တကျလေ့ကျင့်ခြင်းဖြင့် စိတ်ကိုထိန်းသိမ်းနိုင် လာမည် သင့်စိတ်ကို သင်မနိုင် လျှင် စိတ်ကသင့်ကိုနိုင်သွားပေမည် မပြတ်သားသည့် သရေပွဲမရှိပေ စိတ်ကိုထိန်သိမ်းရန် အကောင်းဆုံးနည်းမှာတိကျသောလုပ်ငန်းအစီအစဉ်ဖြင့် ပြတ်သားသောရည်မှန်းချက် အတွက်စိတ်ကိုအားလပ်ချိန်မရှိအောင် အလုပ်ပေးသည့် အကျင့်ပင်ဖြစ်လေသည်

         ထူးခြားသောအောင်မြင်မှုရှိသူများ၏ဘဝကိုလေ့လာလျှင်သူတို့သည်သူတို့၏စိတ်ကိုထိန်းသိမ်းနိုင်ကြပြီး တိကျသောရည်မှန်းချက်အတွက်ယင်းစိတ်ကိုအား ကြိုးကိုင်ကာအသုံးသည်ကိုတွေ့ရပေမည်ဤ သို့မထိန်းသိမ်းလျှင် အောင်မြင်မှုရရှိနိုင်မည်မဟုတ်ပေ

               မအောင်မြင်သောသူများတွင်ယေဘုယျအားဖြင့်ထင် ရှားသောလက္ခဏာတစ်ခုရှိလေသည် ယင်းလက္ခဏာမှာသူတို့သည်ဆုံးရှုံးသည့်အကြောင်းအချက်အားလုံးကိုသိနေခြင်း ပင်ဖြစ်သည် ဤသို့မအောင်မြင်ရခြင်းကိုရှင်းပြရန်လည်းသူတို့တွင်အ
လွန်ခိုင်လုံသည်ဟုသူတို့ယုံကြည်သောအကြောင်းပြချက်များရှိနေလေသည်သူတို့တင်ပြသော
အကြောင်းပြချက်တစ်ချို့မှာလိမ္မာပါးနပ်၍အနည်းအကျဉ်းသာခိုင်လုံမှုရှိလေသည်
သို့သော်အကြောင်းပြချက်များဖြင့်ငွေရှာ၍ရမည်မဟုတ်ပေ ။

မိမိစိတ်ကိုအကောင်းဆုံးထိန်းသိမ်းနိုင်ဖို့လို့သည် အရူးတစ်ယောက်လိုတော့စိတ်ကိုမလွှတ်မိပါစေနဲ့
မိမိ၏စိတ်ကိုနည်းနည်းထိန်းကနည်းနည်းအကျိုးရှိပေသည် များများထိန်းကများများထိန်းကများများအကျိုးရှိသည် ကိုယ့်
ဘဝအောင်မြင်တိုးတတ်ဖို့အတွက် အရေးကြီးဆုံးအချက်သည် မိမိစိတ်သာဖြစ်သည်

ပတ်ဝန်းကျင်မှာရော မိတ်ဆွေကောင်းတွေနဲ့ပါသဟဇာတကျနေပါလိမ့်မယ့်
လူ၏အသံကိုသွင်းထားပြီးနောက်ပြန်ထွက်လာနိုင်သည့်ဓာတ်စက်ကိုတီထွင်နိုင်မည်မဟုတ်။
သောမတ်အယ်ဒီဆင်အားဝိုင်းပြောကြသည်ဘာဖြစ်လို့လဲဆိုတော့ဘယ်သူမှ
ဒီစက်မျိုးမတီထွင်ဖူးသေးလို့ပါပဲဟုဆိုကြသည်

သူတို့၏စကားကိုအယ်ဒီဆင်ကလက်မခံပါစိတ်ဖြင့်ကြံဆနိုင်သောအရာတိုင်းကိုဖြစ်နိုင်သည်ဟု
ယုံကြည်လျှင်ယင်းအရာတီထွင်ဖန်တီး၍ရသည်ဟုအယ်ဒီဆင် ယုံ
ကြည်လေသည် ဤအသိညာဏ်ကြောင့်အယ်ဒီဆင်သည်လူအများစုထက်သာလွန်သွားလေသည်
အောင်မြင်မှုလိုချင်လျှင် ငွေကြေးချမ်းသာချင်လျှင် သင့်ကိုယ်သင်ပြန်၍ကြည့်ပါ ငါ ငါ့စိတ်ကိုနိုင်အောင်ထိန်းသိမ်း
နိုင်ပြီလား အဲဒီအပေါ်မှာပဲ မူတည်ပါတယ် ။

မြတ်ဌေးမောင်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...