စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကနေဒါတွင် အကျဉ်းသားနှစ်ဦးက ရုပ်ရှင်ဆန်ဆန် ထောက်ဖောက်ပြေး



လေထဲတွင် ဝဲနေသည့် ရဟတ်ယာဉ်ပေါ်မှ ချပေးလိုက်သည့် ကြိုးအတိုင်း တွယ်တက်ကာ ထောင်သားနှစ်ဦး လွတ်မြောက်သွားကြောင်း စိန့်ဂျရိုမီ အကျဉ်းထောင်မှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ကနေဒါနိုင်ငံတွင် စွန့်စားခန်း ရုပ်ရှင်ဆန်ဆန် ထောက်ဖောက်ပြေးပြီး အကျဉ်းသားနှစ်ဦး လွတ်မြောက်သွားကြောင်း သတင်းများက ဖော်ပြခဲ့သည်။ လေထဲတွင် ဝဲနေသည့် ရဟတ်ယာဉ်ပေါ်မှ ချပေးလိုက်သည့် ကြိုးအတိုင်း တွယ်တက်ကာ ထောင်သားနှစ်ဦး လွတ်မြောက်သွားကြောင်း စိန့်ဂျရိုမီ အကျဉ်းထောင်မှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။ မွန်ထရယ်လ် မြို့အနီးရှိ အဆိုပါ ထောင်တွင် ဖြစ်ပွားသည့် ထောင်ဖောက်မှု အပြီး၌ ရဲတပ်ဖွဲ့သည် အကြီးအကျယ် ဖြန့်ကျက်ကာ ထောင်သားများကို ရှာဖွေခဲ့သည်။

နောက်ပိုင်းတွင်မူ ထောင်သားတစ်ဦးကို ပြန်လည် ဖမ်းမိကာ နောက်ထပ် လူ(၂)ဦးကိုလည်း ဖမ်းဆီး ရမိကြောင်း ရဲများက ဆိုသည်။ လတ်တလောတွင်မူ ဒုတိယမြောက် ထောင်ဖောက်အကျဉ်းသား ခိုအောင်းနေမည်ဟု ယူဆရသော ဧရိယာကို ရဲများက ဝန်းဝိုင်းကာ တဖြည်းဖြည်းချင်း ဖြန့်ကျက် ရှာဖွေမှု ပြုလုပ်နေဆဲ ဖြစ်သည်။ ထောင်ဖောက်ရာတွင် ကူညီသူများအပြင် ရဟတ်ယာဉ်ကိုပါ ရှာဖွေ တွေ့ရှိခဲ့သည့်နောက် ရဟတ်ယာဉ် ပိုင်းလော့ကို ရဲများက မေးမြန်း စစ်ဆေးမှု ပြုလုပ်နေသည်။

ထောင်ဖောက်ပြေးသူ အကျဉ်းသား (၂)ဦးမှာ အသက်(၃၆)နှစ်ရှိ ဘင်ဂျမင် ဟူဒွန် ဘာဘီအူနှင့် အသက်(၃၃)နှစ်ရှိ ဒန်နီ ပရိုဗန်ဆဲလ်တို့ ဖြစ်ကြကြောင်း ရမဲများက ဆိုသည်။ ၎င်းတို့ နှစ်ဦးလုံးသည် ထောင်ဖောက်ပြေးရန် ကြိုးစားရင်း ဒဏ်ရာအချို့ ရရှိခဲ့ကြသည်။ ဟူဒွန် ဘာဘီအူကို ပြန်လည် ဖမ်းဆီး ရမိပြီးနောက် ဒေသခံ မီဒီယာများက မေးမြန်းခဲ့ရာ ၎င်းက ထောင်မှလွတ်ရေးအတွက် အသေခံရန် အသင့်ရှိနေကြောင်း ပြောဆိုသွားသည်။

Source: BBC

http://www.facebook.com/photo.php?fbid=393432794087891&set=a.351047714993066.7

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...