စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







လူသားလူနာတစ်ဦးကဲ့သို့ ဆေးကုသမှု ခံယူနိုင်သော စက်ရုပ်များ



(သိပ္ပံနှင့် နည်းပညာ)

လူတစ်ဦးကဲ့သို့ နှလုံးခုန်ခြင်းနှင့် ခန္ဓာကိုယ်၌ ပွန်းပဲ့ဒဏ်ရာများ၊ လေဖြတ်ရောဂါ၊ အဆုတ် ကင်ဆာရောဂါနှင့် သေစေနိုင်သော Ebola ဗိုင်းရပ်စ် ကူးစက်ခံရသည့် လူနာတစ်ဦးကဲ့သို့ လက္ခဏာများ ပြသနိုင်သည့် Stan အမည်ရှိ စက်ရုပ်ကို အနာဂတ်ကာလ၌ ဆေးကျောင်းသားများအတွက် လေ့ကျင့်မှုများ ပြုလုပ်ရာ တွင် အသုံးပြု သွားမည်ဖြစ်ကြောင်း သိရသည်။

Stan စက်ရုပ်သည် လူနာတစ်ဦးကဲ့သို့ အသက်ရှူခြင်း၊ နှလုံးခုန်ခြင်းနှင့်
အကြောမှ ဆေးသွင်းခြင်းကို လက်ခံနိုင်သော လက်တစ်ခုပါဝင်ပြီး ၎င်း၏ ခန္ဓာကိုယ်တွင် ရောဂါ လက္ခဏာများကို အဖြေရှာရန်အတွက် ကျောင်းသား ရာပေါင်းများစွာက ခွဲစိတ်ကုသခြင်းများကို လုပ်ဆောင် ရာတွင် အသုံးပြု သွားမည် ဖြစ်ကြောင်း သိရသည်။ Stan သည် ကုသမှုလုပ်ဆောင် နေစဉ် ပြောင်းလဲမှု လက္ခဏာများနှင့် အရေးပါသော လက္ခဏာများကို ပြသကြောင်း သိရသည်။ ထို့အပြင် Stan သည် နာမကျန်း ဖြစ်နေသော လူနာတစ်ဦး မဟုတ်
သော်လည်း ကိုယ်လက် မအီမသာ ဖြစ်နေသော လက္ခဏာများပြသရန် အတွက် လုပ်ဆောင်ပေးနိုင်သည့် လူနာ တစ်ဦးကဲ့သို့ ပြုလုပ်ပေး နိုင်သော စက်ရုပ် တစ်ရုပ်သာဖြစ်သည်။

၎င်းစက်ရုပ်တွင် သွေးဖိအားစနစ်များ ပါဝင်ရုံသာမက အလင်းကို တုံ့ပြန်
နိုင်ပြီး ကျယ်ဝန်း၍ လှုပ်ရှားနိုင်သော မျက်ဝန်းတစ်စုံ ပါရှိသည်။ ၎င်းစက်ရုပ် သည် လူနာအရေးပေါ် အခြေအနေမျိုး ဖြစ်လာသည့် လက္ခဏာများကို မော်နီတာပေါ်တွင် ဖော်ပြနိုင်ပြီး ကုသမှုပေးပါက သက်သာသည့် လက္ခဏာများ ပြန်လည်ပြသပေးသည်။ စက္ကန့်တိုင်းတွင် ကုသမှုပြောင်းလဲ တိုင်း ကွန်ပျူတာက အခြေအနေကို တုံ့ပြန် ဖော်ပြပေးသည်။ ၎င်းစက်ရုပ် သည် အသက်ရှူနိုင်ပြီး သွေးခုန်နှုန်းကို ပြသနိုင်ပါသည်။ အသက်ရှူရာတွင် အောက်စီဂျင်ရှူသွင်းပြီး ကာဗွန်ဒိုင် အောက်ဆိုက် ဓာတ်ငွေ့ကို ပြန်လည် ရှူထုတ်ပါသည်။ ဥပမာအားဖြင့် Stan သည် CPR အကြော အတွင်းသို့ ဆေးထည့်သွင်းခြင်းနှင့် လေအဝင် အထွက်တို့ကဲ့သို့ သော လုပ်ငန်းစဉ်များကို တုံ့ပြန်နိုင်စွမ်း ရှိသည်။

Stan သည် ဆေးကျောင်းသားများ အတွက် လူသားလူနာတစ်ဦးကဲ့သို့
ဆေးကုသမှုများကို ပြုလုပ်နိုင်ပြီး အရေးပါသော အခြေအနေများကို
တုံ့ပြန် ပေးစွမ်း နိုင်သောကြောင့် ကျောင်းသားများ မှားယွင်းမှုရှိခဲ့ပါက သေဆုံးမှု ဖြစ်ပေါ်နိုင်မည် မဟုတ်ပေ။ Stan ကို ရော်ဘာကဲ့သို့ ပလတ်စတစ် အမာနှင့် အပျော့တို့ဖြင့် ပြုလုပ်ထားပြီး စကော့တလန်ရှိ ဆေးဝါးကုသမှုဆိုင်ရာ ပုံစံတူ ပြုလုပ်ဖန်တီးမှုဌာနတွင် ထားရှိ ထားကြောင်းနှင် ၎င်းတွင် ဝါယာကြိုး အမျိုးမျိုး၊ မော်တာများ၊ ပြွန်များ၊ စပီကာများနှင့် ကွန်ပျူတာချစ်ပ်များ ပါဝင် ကြောင်း သိရသည်။

လာဘက်ဒေသရှိ Forth Valley Royal ဆေးရုံတွင် အခြေစိုက် ထားသော ယင်းဌာနသည် ဆေးကျောင်းသား များ အတွက် လက်တွေ့လုပ်ဆောင်မှု အတွေ့အကြုံများကို ပေးစွမ်းကြောင်း မေ့ဆေး ဆရာဝန် ဒွန်နာဖရာဆာက ပြောကြားခဲ့သည်။ Stan သည် CAE ကျန်းမာရေး စောင့်ရှောက်မှု ကုမ္ပဏီမှ ထုတ်လုပ်ထားသော အဆင့်မြင့် နည်းပညာသုံး စက်ရုပ် ခုနစ်ရုပ် အနက် တစ်ရုပ်အပါ အဝင်ဖြစ်ပြီး အရေးပေါ် ဆရာဝန်များနှင့် သူနာပြုများအတွက် လေ့ကျင့်မှုများ ပြုလုပ်ရာတွင် ရောဂါလက္ခဏာ များကိုလည်း ဖော်ပြနိုင်မည်ဖြစ်
သည်။ အလားတူပင် ကိုယ်ဝန်ဆောင်အမျိုး သမီး ပုံစံစက်ရုပ်၊ ကလေးငယ် နှစ်ဦး ပုံစံစက်ရုပ်နှင့် မွေးကင်းစကလေးပုံစံ စက်ရုပ် တို့ကိုလည်း ထုတ်လုပ်ထား ကြောင်းသိရသည်။

Sim အမည်ရှိ နို့စို့အရွယ်ကလေး ပုံစံတူ စက်ရုပ်သည် ၁၆ ပေါင် ရှိပြီး
ငိုခြင်း၊ ရယ်ခြင်းများကို ပြုလုပ်နိုင်စွမ်း ရှိသော မျက်ဝန်းများပါရှိသည်။ ထို့ အပြင် နား၊ မျက်လုံးနှင့် ပါးစပ်များမှ အရည် စစ်ထုတ်ခြင်း များကိုလည်း ပြုလုပ် နိုင်စွမ်းရှိသည့် အပြင် နှလုံး၊ အူသိမ်အူမ၊ အသက်ရှူသံနှင့် အခြား လုပ်ဆောင်မှု များကိုလည်း လုပ်ဆောင် နိုင်စွမ်းရှိသည်။ အသက်ရှူ လမ်းကြောင်း ပိတ်ဆို့မှု
များ ဖြစ်ပေါ်ပါက ရင်ဘတ်အတွင်း ပြွန်သွင်းခြင်းများကို အန္တရာယ်ကင်းစွာ လေ့ကျင့်မှုများ လုပ်ဆောင်နိုင်ရန် အတွက် Stan စက်ရုပ်ကို အသုံးပြုနိုင် ကြောင်း သိရသည်။

ထို့ကြောင့် ဆရာဝန်နှင့် ဆေးဝန်ထမ်းများသည် တုပပြုလုပ်ထားသော လူနာပုံစံ စက်ရုပ်များကို အသုံးပြု၍ ဆေးဝါးကုသမှု အတွက် လေ့ကျင့်မှုများ ပြုလုပ် လျက် ရှိကြောင်း ရေးသားဖော်ပြ လိုက်ရပါသည်။ ။

ရည်မွန်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...