ရှေးရှေးတုန်းက သာဝတ္ထိပြည်မှာ သောရေယျဆိုတဲ့ သူဌေးသား တစ်ယောက်ရှိခဲ့တယ်။ ပစ္စည်းဥစ္စာ ကြွယ်ဝပြီး သူငယ်ချင်းများနဲ့ စိတ်ထင်တိုင်းကြဲကြတဲ့ ၊ လူငယ်များပေါ့။
တစ်နေ့တော့ သူငယ်ချင်းများနဲ့ လှည်းယာဉ်ကို စီးကာ မြစ်ဆိပ်ကို ရေချိုးဆင်းတယ်။ ထိုအခိုက် မြိုးထဲသို့ ဆွမ်းခံကြွရန်အတွက် ရေချိုးနေသော အရှင်မဟာကစ္စည်းမထေရ်နဲ့ မြစ်ဆိပ်မှာ ဆုံတွေ့ကြပါသတဲ့။
အရှင်မဟာကစ္စည်းဟာ ရှေးဘဝက အရှင်မဟာကဿပဘုရားရှင်ရဲ့ စေတီတော်မှာ ရွှေသင်္ကန်းလှူဒါန်းခဲ့ လို့ ရုပ်ရေအဆင်းဟာ ရွှေလိုဝါဝင်းလို့နေပါသတဲ့။
ဒီလို့လှပတင့်တယ်တဲ့ မထေရ်ကိုမြင်တော့ သောရေယျ သူဌေးသား စိတ်ဖောက်ပြားကာ " ဤရွှေလို ဝါဝင်း လှပတဲ့ မထေရ် ငါရဲ့ဇနီးဖြစ်ရင်ကောင်းမှာပ
သောရေယျတစ်ယောက် ရဟန္တာကို ပြစ်မှာလျှင် ပြစ်မှားခြင်း တစ်ကိုယ်လုံး ယားယံလာပြီး ရင်သား အစုံ ပေါ်ထွက်ကာ ပုရိသအသွင်ပျောက် ဣတ္ထိယအသွင်သို့ ချက်ချင်းရောက်သွားတယ်။
ထို့နောက် သောရေယျဟာ သူ့ရဲ့ သူတော်စင်အပေါ် ပြစ်မှားမိတဲ့ ဖြစ်ရပ်၊ မိန်းမအသွင် ပြောင်းသွားရတဲ့ ဖြစ်ထွေ ကို သူငယ်ချင်းများအား ပြောပြရမှာ ရှက်လို့ ချုံကွယ်ကာ ပုံးအောင်းနေလိုက်တယ်။ "သူ့ရဲ့ မိန်းမနဲ့သား နှစ်ယောက် သူဒီလို မိန်မဘဝ ပြောင်းသွားတာကို သိခဲ့လျှင်.. သောရေယျ မြို့သူ မြို့သားများ သူ့အဖြစ်အပျက်ကို သိခဲ့လျှင် အားလုံး ထူးထူးဆန်းဆန်းဖြစ်၍ ငါ့ကို လာကြည့်ကြမည်.. ရှက်ဖွယ်တကား" ဟု တွေးကာ သောရေယျ တစ်မြို့တစ်ရွာမှာ ဇာတ်မြုပ်နေလိုစိတ်ဖြစ်လာတယ
တက္ကသိုလ်ပြည်ကိုရောက် သောရေယျ
သောရေယျ တစ်ယောက် မိန်မအသွင် ပြောင်းပြီး မိန်းမစိတ်ပေါက်လာသဖြင့် မိန်းမ အဝတ်အစားများ ဝတ်ကာ တက္ကသိုလ်ပြည်သို့ ခရီးဆက်ခဲ့တယ်။ ရွာသူ/ရွားများလည်း မိန်းအသွင်ဖြစ်နေသော သောရေယျကို ဘယ်သူမှ မမှတ်မိတော့။ ရေချိုးဆင်းသော သူငယ်ချင်းများလည်း ပျောက်သွားသော သောရေယျ ရှာမရတဲ့ နောက်ဆုံး ရေနှစ်သေပြီဟု တစ်ထစ်ချမှတ်ကာ မြို့ကို ပြန်လာ၍ သေသူအတွက် အလှူဒါနပြု လုပ်ကာ အမျှဝေးလိုက်ကြတယ်။
သူဌေးမယား သောရေယျ
သူရေယျ တစ်ယောက် လမ်းခရီးတစ်ယောက်မှာ လမ်းလျှောက်ရင်း ခရီးပြင်းလို့ ခြေများ ကွဲအပ်ကာ ခရီးသွား လှည်သမားများကို သူပါလာသော လက်စွပ်ကိုပေးကာ လှည်စီး၍ တက္ကသိုလ်ပြည်ကို လိုက်သွားခဲ့တယ်။ လမ်းခရီး တစ်လျှောက်မှာ သောရေယျရဲ့ အလှအပကို မြင်တဲ့ လှည်သမားများက သူတို့ရဲ့ သူဌေးသားကို ဒီကလေးမ ပေးစားရင် ကောင်းလေစွလို့ တွေးကာ တက္ကသိုလ်ပြည်ရောက်လျှင် သူဌေးသားနဲ့ မိတ်ဆက်ပေးလိုက်တယ်။ သူတို့ နှစ်ဦးသားလည်း မြင်မြင်ခြင်း ချစ်ကြိုက်သွားပြီး သူဌေးမယား ဘဝဖြင့် သားနှစ်ယောက်မွေးဖွားခဲ့တယ်
သူငယ်ချင်းဟောင်းများနှင့် ပြန်လည်ဆုံတွေ့
တစ်နေ့မှာ တက္ကသိုလ်ကို ကုန်ရောင်း/ဝယ်လာတဲ့ သူငယ်ချင်းဟောင်းများ အမှတ်မထင် လမ်းမပေါ်မှာ တွေ့လိုက်တယ်။ သောရေယျက သူငယ်ချင်းဟောင်းများကို သတိရ၊အမှတ်ရပြီး သူ့ရဲ့ အစေ အပါး များကို သောရေယျမြို့သား မိတ်ဆွေဟောင်းများကို အိမ်မှာ ခေါ်ကာ သေချာပြုစု စောင့်ရှောက် လုပ်ကြွေးတယ်။ သာရေယျ မြို့သားများ .. လူစိမ်းတစ်ယောက် မသိ၊ မမြင်ဘူးပါပဲ ယခုလို ဧည့်ဝတ်ကျေကာ ပြုစုစောင့်ရှောက် လုပ်ကြွေးတာကို အံသြလို့ ဖွင့်ဟကာ... သူဌေးမ.. ကျနော်တို့အား .. အရင်က မသိကြွမ်းဘူးပါပဲ .. ဘာကြောင့် ဧည့်ဝတ် ကျေပွန်ရသလဲလို့" မေးသတဲ့။
ဒီအခါမှာတော့ သူရဲ့ ဘဝဖြစ်စဉ် အရှင်မဟာကစ္စည်းကို ပြစ်မှားမိလို့ မိန်းမဖြစ်သွားရတဲ့ ဇာတ်လမ်းစုံကို ရှင်းပြတယ်။ ဒီနောက်မှာတော့ သူငယ်ချင်းများ မူလက သောရေယျသူဌေးသားရုပ်ကို ဖမ်းမိကြပြီး တစ်ယောက်နဲ့ တစ်ယောက် ဖက်၍ ငိုကြတယ်။
ရှင်မဟာ ကစ္စည်းထံ ဝန်ချတောင်းပန်
သူငယ်ချင်းများ တိုင်ပင်ကြပြီး ပြစ်မှားခဲ့တဲ့ အရှင်မဟာကစ္စည်းထံသွားကာ ပြစ်မှားမိတဲ့ အပြစ်များကို ခွင့်လွှတ်ရန် တောင်းပန်တဲ့ အခါမှာတော့ အရှင်းမဟာကစ္စည်းက ကြည်ကြည်ဖြုဖြူ ခွင့်လွှတ်လို့ သောရေယျ မိန်းမဘဝမှ ယောကျာ်ဘဝ ပြန်ဖြစ်ရပြန်တယ်။
လင်နှင့်သားနှစ်ယောက်ကို ခွဲခွာ
ယောကျာ်းပြန်ဖြစ်သွားတဲ့ သောရေယျ တက္ကသိုလ်ပြည်က လင်ဟောင်းနဲ့ သားသမီးများနဲ့ ပြန်လည် ဆုံတွေ့တဲ့ အခါ လင်ဟောင်းက ဤအိမ်မှာပဲ သားများနဲ့အတူ မိတ်ဆွေတွေလို အတူနေကြတာပေါ့လို့ တောင်းပန်တယ်။ သို့သော်လည်း တစ်ဘဝတည်းမှာပင် မိန်းမဖြစ်ရ၊ ယောက်ျားဖြစ်ရသော သောရေယျ ဘဝနာလို့ အရှင်မဟာ ကစ္စည်းထံမှာ ရဟန်းပြုခွင့်တောင်းကာ ရဟန်းပြုလိုက်တယ်။
ရဟန်းဘဝ သောရေယျ
ရဟန်းဘဝမှာလည်း မိတ်ဆွေးရဟန်းများက ..." သောရေယျ .. ယောက်ျားဘဝရခဲ့တဲ့ ကလေးများနဲ့ မိန်းမဘဝက ရခဲ့တဲ့ ကလေးများကို ဘယ်ကလေးကို ပိုချစ်သလဲလို့" မေးတဲ့အခါ.. မိန်းမဘဝက ရခဲ့တဲ့ ကလေးကို ပိုချစ်ကြောင်း ဖြေသတဲ့။
ရဟန္တာဘဝ သောရေယျ
ဒီလို မိတ်ဆွေရဟန်းများရဲ့ ဟိုမေးဒီမေးကို တဖြည်ဖြည်း ရှက်စိတ်ဝင်ကာ ပရိတ်သတ်ကာ ရှောင်ရှားလျှက် တစ်ယောက်တည်း တရားအားထုတ်တာ ရဟန္တာဖြစ်သွားတယ်။ အဲဒီနောက်မှာတေ့ သူငယ်ချင်း ရဟန်းများမေးတဲ့ ' ဘယ်သားအား ပိုချစ်ပါသလဲ"လို့ မေးတဲ့ မေခွန်းကို "ယခု ငါ့အား အရာဝတ္ထုအားလုံး အပေါ်မှာ ခုံမင်နှစ်သက်မှု မရှိတော့လို့ ဖြေသတဲ့။
ဒီလိုဖြေတော့ ရဟန်းများက သောရေယျ မုသာဝါဒ ပြောတယ်ဆိုကာ မြတ်စွာဘုရားထံလျှောက်ထားတယ
မြတ်စွာဘုရားက .. စွဲလမ်းခုံမင်မှု မရှိတော့တဲ့ သောရေယျဟာ အမှန်ကိုသာ ဆိုခြင်းဖြစ်တယ် ချစ်သားတို့ဟု ဆိုကာ...
လောက၌ ပျော်ရွှင်ခြင်းကို...
အမေကလည်း မပေးနိုင်
အဖေကလည်း မပေးနိုင်
ဆွေးမျိုးသားချင်းများကလည်း
ကောင်းစွာ ဆောက်တည် တည်ကြည်သော စိတ်ကသာလျှင်
ပျော်ရွှင်မှု အစစ်မှန်ကို ပေးနိုင်တယ်လို့ မိန့်ကြားတော်မူပါတယ်။
ဓမ္မပဒ၊ သောရေယျဝတ္ထု
**************************
ပျော်ရွှင်မှုကို အပြင်မှာ ရှာရှာရင်း ဘဝတွေ၊ ပစ္စည်းတွေ၊ အချိန်တွေ.. ကုန်းခန်းသွားကြတဲ့ မိတ်ဆွေများလည်း နောက်ဆုံးတော့ ပျော်ရွှင်မှု အစစ်အမှန်ဆိုတာ .. ကိုယ်တွင်းက တည်ကြည်တဲ့ စိတ်ပါဟု.. ပြောချင်တယ်။
မြန်မာဗုဒ္ဓသာသာအသင်း၊ ကနေဒါ
ဒီနေရာမှကူးယူမှဝေပါသည်။
No comments:
Post a Comment