စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ရှေးဟောင်းသမိုင်းဝင်မုံရွာမြို့ ရွှေဂူနီဘုရား အံ့ဘွယ်တော်(၉)ပါး



သက္ကရာဇ်၂၂၆ခုသီရိဓမ္မာအာသောကမင်းကြီးရှစ်သောင်းလေးထောင်သောစေတီ များတည်စဉ် ကာလ ကတည်းက ယခုကျောက္ကာမြောက်ရွာရဲ့ နောက်ဘက်မြေပြန့်မှာ ထင်ရှာ
းသောကျောက်သံမြို့ ရှိခဲ့တယ်လို့ ဆိုပါတယ် .၄င်းမြို့ရဲ့ ရှေကဘက် သဲဖြူချောင်းအနီးမှာ အသောကကျောင်းနဲ့ အသောကစေတီတော် ဆိုတာ ရှိခဲ့ပါတယ် ..ဒါဟာ ရွှေဂူနီဘုရား ရဲ့ မူလ အစ ဖြစ်ပါတယ်.. သက္ကရာဇ်၃၆၀ခုမှာအသောကနွယ်မောရိယမင်းဆက်ပျက်သုံးချိန် မှာကျောက်သံမြို့ကြီးလည်း ပျက်စီး စေတီတော်ကြီးလဲ သဲဖြူသောင်ကမ်း ပါးပြိုဖုံး လွှမ်းပြီး
တောင်ကုန်း အဖြစ်ကို ရောက်ခဲ့ရပါတယ် ..

ကျောက်သံမြို့ကြီးပျက်ကြီးရဲ့အရှေကမြောက်အရပ်မှာ ကျောက္ကာရွာကြီးကို တည်ထောင်ခဲ့ကြ တယ်လို့ ဆိုပါတယ် .. သက္ကရာဇ် ၇၆၂ မှာတော့ အင်းဝမင်းဆက် (၄)ဆက်မြောက်
ဘုရင်မင်းခေါင်ကြီးလက်ထက်မှာ ကျောက္ကာရွာဟာအုပ်စုပဓာနရွာကြီးအဖြစ်ကိုရောက်ခဲ့ပြီးဒေသဆိုင်ရာ အုပ်ချုပ်ရေးအရာရှိတစ်ဦး ခန့်ထားခဲ့ပါတယ် ..

အဲသည်အုပ်ချုပ်ရေးအရာရှိကဘဲဦးဆောင်ပြီး မြေစိုင်ခဲတွေ ခြုံနွယ်တွေကိုရှင်းလင်းပြီးအသောကဘုရားကိုရှင်းလင်းပြီး ကုလားကျောင်းတိုက်ခံ တ၀လိုဏ်ဂူဖြင့်စေတီတည်ခဲ့ပြီးရွှေဂူဘုရား လို့ ဘွဲ့တော်ချီခဲ့ပါတယ်..

သက္ကရာဇ်၈၈၈မှ၉၅၅အတွင်းသာသနာညှိုးနွမ်းချိန်မှာတော့ ရွှေဂူဘုရားဟာလဲ ပြိုပျက်ပြီးတောင်ကုန်း အဖြစ်ကို ရောက်ရှိခဲ့ရပါတယ် ..

သက္ကရာဇ်၉၈၈သာလွန်မင်းတရားကြီးလက်ထက်မှာတော့ကျောက်က္ကာရွာက နွားကျောင်းသားမောင်ဆုအောင်ကိုယ်သိကြားမင်းကပူးကပ်ပြီးအံ့ဘွယ်စကားပြောကြားလို့ တောခြုံအတွင်းက သီ၇ိဓမ္မာသောကမင်းစေတီဟောင်းကိုဆရာတော်ဘုရားများနဲ့ရပ်ရွာလူကြီးတွေ ရှေကမှောက်မှာမှန်ကန်စွာညွှန်ပြနိုင်တဲ့သတင်းဟာသာလွန်မင်းတရားကြီးနားတော်သို့ ပေါက်ကြားတော်မူပြီး ဆုလာဘ် များစွာ ချီးမြှင့်တာကို ခံရပါတယ်..

ဒါ့ပြင် ရွှေဂူနီစေတီတော်ကိုဝတ္ထုကမြေသတ်မှတ်လှူဒါန်းခြင်း၊မဟာရံတံတိုင်းပြုလုပ်စေခြင်း၊စေလွှတ်အပ်သောမှူးမတ်တို့ရဲ့ဆင်တော်တုပ်ဝပ်ပြီး ရွှေဂူနီစေတီကိုပူဇော်ခဲ့တဲ့နေရာမှာ ဆင်ဖြူတော်ရုပ်ထုလုပ်စေခြင်း တို့ကို ဆောင်ရွက်စေခဲ့ပါတယ်

သက္ကရာဇ် ၉၉၉ ခုမှာ ကျောက္ကာရွာသူရွာသားများဟာ ဆရာတော် ရှင်ဥာဏမဉ္ဇူအမှူးပြုပြီးအသောကစေတီငယ်ကိုဌာပနာပြီးဥာဏ်တော်မြှင့်ကာတည်ခဲ့တာဖြင့် (၁၀၀၀)ခုနှစ်မှာ ပြီး ခဲ့ပါတယ် ..လိုဏ်ဂူရဲ့ နံရံကို ဟင်္သာပြဒါးဆေးနဲ့ ရေးခြယ်လို့ ရွှေဂူနီလို့ ဘွဲ့တော် ချီကြောင်း မှတ်သားရပါတယ် ...

ရွှေဂူနီဘုရား အံ့ဘွယ်တော်(၉)ပါး...

(၁) နတ်တို့သနင်း သိကြားမင်းသည် ဆင်းကာဖော်ပြ အသောက၏ မူလစေတီ အခြေတည်í ဂူနီဘုရားပေါ်ထင်ရှားထူးခြားအံ့ဘွယ်တော် ။

(၂) မြောက်သို့တူရူမျက်နှာမူí ရွှေဂူနှစ်ဆင့်လွန်ထူးတင့်ဘုန်းပွင့်အံ့ဘွယ်တော် ။

(၃)သာလွန်မင်းတရားမှူးမတ်များတို့ဘုရားထံတော် ရောက်လာသော်မူ ဆင်တော်ဝပ်လျှိုး ဦးနှိမ်ကျိုး တန်ခိုးအံ့ဘွယ်တော် ။

(၄) သိဒ္ဓိသွင်းသော် အင်းနှင့်ဆေးဝါးမန္တရားလည်း စွမ်းအားတန်ခိုးရှိ သိဒ္ဓိအံ့ဘွယ်တော်။

(၅) နေ့စဉ်အမြဲပူဇော်ပွဲနှင့် လှူမြဲဒါနဖူးလာကြ ထာဝရအံ့ဖွယ်တော် ။

(၆) ကောင်းမှုပြုကာ ဆုပန်ထွာသော်လိုရာဆုပေါင်းပြည့်စုံကြောင်း ဂုဏ်ပေါင်းအံ့ဘွယ်တော် ။

(၇)ဗုဒ္ဓဓာတ်တော်ကိန်းဝပ်ပျော်သဖြင့် ကျောင်းတော်စေတီကြိမ်ကြိမ်တည် ထူလည်း အံ့ဘွယ်တော် ။

(၈)ရုပ်ပွားတော်အားသဒ္ဒါပွားအများလှူဒါန်းရွှေသင်္ကန်းကြောင့် ရောင်လျှမ်းထိန်ညီး ရွှေတုံးကြီး အပြီးအံ့ဘွယ်တော် ။

(၉) သစ္စာအဓိဌာန် ကျောက်ချီပြန်သော် ဂုဏ်လျှုံမြတ်ဖျား တန်ခိုးအားကြောင့်ထင်ရှားတိတိ ဧကန်သိ ရှိဘိအံ့ဘွယ်တော် ..။

ဒီနေ့မှပဲအကြောင်းတိုတ်ဆိုင်မှုတွေကြောင့် မုံရွာကိုသတိရတာနဲ့ မုံရွာနဲ့ပက်သက်ပြီးမမေ့နိုင် တဲ့ နေရာတစ်ခုအနေနဲ့ ရွှေဂူနီဘုရား အကြောင်းကို တင်ပေးလိုက်ပါတယ်..

လိုအပ်သည့်များရှိပါကနာလည်တတ်ကျွမ်းသည့်သူများမှ ဖြည့်စွတ်ပေးပါရန် မေတ္တာရပ်ခံပါသည်...

photo'မုံရွာမြို့ အရှေ့ စူးစူး(၈)မိုင်ခန့်အကွာ ကျောက်က္ကာရွာမှာ မြို့ ကျက်သရေဆောင် တန်ခိုးကြီး ရွှေဂူနီဘုရား...

Credit ►နှင်းဆီဖူးလေးများ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...