စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မအောင်မြင်ခြင်း..အကြောင်းအရင်းများ


      မအောင်မြင်ခြင်း အကြောင်းအရင်းတွေ သိသွားရင်၊ အောင်မြင်ခြင်း အကြောင်းအရင်း ပြောစရာမလိုပဲ သိမှာပါ။ မကောင်းတာ ပယ်လိုက်ရင် ကောင်းတာ ကျန်တာပေါ့ ။မအောင်မြင်ခြင်း အကြောင်းအရင်းတွေ
ကိုယ့်ဆီမှာ အဖြစ်မခံရင်  အောင်မြင်ခြင်း အကြောင်းအရင်းတွေ ဖြစ်လာမှာ မုချဧကန် ပေါ့ဗျာ။

၁။ တိကျသော ရည်ရွယ်ချက် မရှိခြင်း။
၂။ မျိုးရိုးလိုက်ပြီး မွေးရာပါ ကိုယ်အင်္ဂါများ မတင့်တယ် မဖွယ်မရာ ရှိခြင်း။
၃။ အခြားသူများ၏ အရေးအခင်းများတွင် ဝင်ရောက်စွက်ဖက် တတ်သော ထူးဆန်းသည့်အကျင့်ရှိခြင်း။
၎။ မိမိ အလုပ်အကိုင်နှင့် ပက်သက်ပြီး လုံလောက်သော ပြင်ဆင်မှု မရှိခြင်း။
၅။ ကိုယ်တိုင် စည်းကမ်းသေဝပ်မှု မရှိခြင်း။
၆။ မိမိ၏ တိုးတက်ရေးနှင့် အခွင့်အလမ်းများ အပေါ် အရေးမစိုက်ခြင်း ၊ စိတ်ဝင်စားမှု မထားခြင်း။
၇။ အလယ် အလတ်တန်းစား အဆင့်ထက် ကျော်လွန်၍ ရောက်ရှိရန် မှန်းဆသော ကြီးမြင့်စိတ်မရှိခြင်း။
၈။ ငယ်စဉ် ဘဝက ပတ်ဝန်းကျင်၏ မကောင်းမှု အရှိန်အဝါများ ရိုက်ခတ်မှုဒဏ် ခံခဲ့ရခြင်း။
၉။ ကျန်းမာရေးကို အလေးမထား ဂရုမစိုက်ခြင်း။
၁၀။ စတင်ထားသော အလုပ်ကိစ္စကို ပြီးဆုံးသည့် အထိ လုပ်ကိုင်နိုင်သော ဇွဲမရှိခြင်း။
၁၁။ အဖျက်စိတ်ထားများ လက်ခံကျင့်သုံးနေခြင်း။
၁၂။ စိတ်ထိခိုက် လှုပ်ရှားမှုများအပေါ် ထိမ်းချုပ် ကွပ်ကဲမှု မပြုနိုင်ခြင်း။
၁၃။ မိမိက ဘာမျှမပေးပဲ နှင့် သူတပါးထံမှ ရယူလိုသော ဆန္ဒထားရှိခြင်း။
၁၄။ ဆုံးဖြတ်နိုင်စွမ်း မရှိခြင်းနှင့် အရာရာကို အရာရာကို တိကျမှု မရှိခြင်း။
၁၅။ တစ်စုံတစ်ခုကိုဖြစ်စေ ၊ ထို့ထက်များများကိုဖြစ်စေ မလုပ်ရဲ မကိုင်ရဲဘဲ အမြဲကြောက်ရွံ့စိတ်ရှိနေခြင်း။
     ၇ မျိုးရှိသည်.......
       (က) ဆင်းရဲ ပင်ပမ်းမည်ကိုကြောက်ရွံ့ခြင်း။
       (ခ) ဝေဖန် ပြစ်တင် ခံရမည်ကိုကြောက်ရွံ့ခြင်း။
        (ဂ) မကျန်းမမာ ဖြစ်မည်ကိုကြောက်ရွံ့ခြင်း။
        (ဃ) ချစ်ခက်မှုများ ပျက်ပြားမည် ၊ ချစ်ခင်သူများဆုံးရှုံးမည်ကို ကြောက်ရွံ့ခြင်း။
        (င)အသက်ကြီးရင့် အိုမင်းမည်ကို ကြောက်ရွံခြင်း။
        (စ) လွတ်လပ်ခွင့် ဆုံးရှုံးမည်ကို ကြောက်ရွံ့ခြင်း။
        (ဆ) သေရမည်ကို ကြောက်ရွံ့ခြင်းတို့ဖြစ်သည်။
၁၆။ အိမ်ထောင်ပြုရာတွင် အိမ်ထောင်ဖက် အရွေးမှားခြင်း။
၁၇။ အလုပ်အကိုင် ၊ အရောင်းအဝယ်ပြုလုပ်ရာတွင် ပေါင်းသင်း ၊ ဆက်ဆံသူမှားခြင်း။
၁၈။ မတော်မဆ ဖြစ်မလားဟု တွေးတော စိုးရိမ်မှု လွန်ကဲခြင်း။
၁၉။ အလုပ်အကိုင် ၊ အသက်မွေး ဝမ်းကျောင်းပြုမှု အရွေးမှားခြင်း။
၂၀။ မိမိ၏ အချိန်နှင့်အားများ ဆုတ်ယုတ်ပျက်ပြားမှုဖြစ်စေခြင်း ၊ စိတ်အာရုံစူးစိုက် ထိမ်းချုပ်ရန် အားမထုတ်ခြင်း။
၂၁။ ဝင်ငွေနှင့် ထွက်ငွေကို စာရင်းဇယား စီမံချက် မထားခြင်း ၊ မဆင်မခြင် မထိမ်းချုပ်ပဲ သုံးစွဲခြင်း။
၂၂။ မိမိကိုယ်ပိုင် အချိန်ကို စာရင်းဇယားဆွဲ၍ မှန်ကန် အကျိုးရှိစွာ မသုံးတတ်ခြင်း။
၂၃။ စိတ်ဝင်စားမှု ၊ စိတ်အားထက်သန်မှုတို့အပေါ်ထိမ်းချုပ်ကွပ်ကဲမှုမပြုပြင်ခြင်း။
၂၄။ စိတ်ရှည်သီးခံနိုင်စွမ်း မရှိခြင်း။
၂၅။ လူအများနှင့် ဆက်ဆံရာတွင် မျှတမှန်ကန်မှု မရှိခြင်း ၊ သဟ ဇာတစိတ်နှင့် မပူးပေါင်းခြင်း။
၂၆။ ရသင့်ရထိုက်သည်ကို အခြေမခံ အကြောင်းမပြု ၊ ထိုက်သင့်သော ကြိုးပမ်းမှု မပါပဲ တန်ခိုး ၊ အာဏာကြွယ်ဝမှုများ လိုချင်တပ်မက်လွန်းခြင်း ၊ တန်ရာတန်ရာမမှန်းပဲ အချောင်လိုချင်လွန်း ၊ လောဘကြီးလွန်းခြင်း။
၂၇။ သစ္စာ မရှိ ၊ သစ္စာ တရားမဲ့ခြင်း။
၂၈။ မာနကြီး ဘဝင်မြင့်ခြင်း ၊ ဝါကြွားအထင်ကြီးခြင်းများကို ထိမ်းချုပ် ကွပ်ကဲမှု မပြုနိုင်ခြင်း။
၂၉။ တစ်ကိုယ်ကောင်း ဆန်လွန်း  တစ်ကိုယ်ကောင်း စိတ်ကြီးခြင်း။
၃၀။ မိမိသိပြီးသား အမှန်တရားအပေါ် အခြေမခံပဲ ၊ ဝင်ရောက်စပ်စု အကြံပေးခြင်း။ (မိမိ အမှန်တကယ်မသိသော ကိစ္စများကို ဝင်ရောက်စပ်စုအကြံပေးခြင်း)
၃၁။ ဖြစ်နိုင်ရာ ဖြစ်တန်ရာကို မကြံစည် မကြည့်မြင်တတ်ခြင်း။
၃၂။ အရည်အချင်း ၊ အတွေ့အကြုံ ၊ ဗဟုသုတ ရှိသူများနှင့် ကြီးမြင့်စိတ် မဖွဲ့ခြင်း ၊ ပူးပေါင်းလုပ်ကိုင်ရန် ပျက်ကွက်ခြင်း။ (အရည်အချင်း ၊ အတွေ့အကြုံ ၊ ဗဟုသုတ ရှိသူများကို အားကျစိတ် ၊ အတူပူးပေါင်းလုပ်ကိုင်လိုစိတ်မရှိခြင်း ၊ မပူးပေါင်းခြင်း)
၃၃။ အနန္တ ဥာဏ်ပညာရှင် ရှိသည်ကို အသိအမှတ် မပြု ၊ ဥာဏ်တော်ရှင်၏ အင်အားကို မိမိနှင့် သင့်လျော်
 အောင် ရယူသုံးစွဲခြင်း။ (ပညာရှိကို မမှီဝဲမဆည်းကပ်ခြင်း)
၃၄။ ညစ်ညမ်း-ရိုင်းစိုင်း-ဆိုးသွမ်းသော စကားများဆိုခြင်း။
၃၅။ စဉ်းစား ဆင်ခြင်မှု မပြုပဲ စကားပြောဆိုခြင်း ၊ စကားများလွန်းခြင်း။
၃၆။ သူတပါးပိုင် ပစ္စည်းများ တပ်မက်မောခြင်း။
၃၇။ အကြောင်းတစ်စုံ တစ်ရာ မရှိဘဲ သူတပါး မကောင်းသတင်း မမှန်မကန် လုပ်ကြံပြောဆိုခြင်း။
၃၈။ စိတ်တန်ခိုး အင်အားများနှင့် စိတ်၏ သဘောသဘာဝများကို နားမလည်ခြင်း ၊ မလုပ်ဆောင်တတ်ခြင်း။
၃၉။ အချိန်ဆွဲခြင်း ဖင့်နွှဲလေးကန်မှု အကျင့်ရှိခြင်း။
၄၀။ တိကျသော ရည်ရွယ်ချက် မရှိ၍ ကိုယ်တိုင်ဦးဆောင် တီထွင် လုပ်ကိုင်မှု မပြုတတ်ခြင်း။
၄၁။ နှစ်လိုဖွယ်ရာ ၊ ခင်မင်ဖွယ်ရာ၊ ကြည်ညိုဖွယ်ရာ ရုပ်အဆင်း အင်္ဂါမရှိခြင်း။
၄၂။ တိကျသော ရည်ရွယ်ချက်  မရှိ၍ မိမိကိုယ်ကို အားထားယုံကြည်စိတ် မရှိခြင်း။
၄၃။ လာလတ္တံ့သော အချိန်ကလာအပေါ် မိမိအပေါင်းအသင်း ၊ မိမိလူမျိုး ၊မိမိကိုးကွယ်ရာ ဘုရားအပေါ် ယုံကြည်မှု မရှိခြင်း။
၄၄။ ထိမ်းချုပ် ကွပ်ကဲမှု မပါပဲ ကြံစည်ခြင်း ၊ မိမိစိတ်တန်ခိုး အင်အား ကိုတိုးတက်အောင်မပြုလုပ်ခြင်းတို့ဖြစ်သည်။

    * ဒီစာကိုဖတ်ပြီးသူတိုင်းဗဟုသုတများရနိုင်ကြပါစေ*

မလေးရှားထုတ် ခေါင်းလောင်းသံ သတင်းနှင့်ရုပ်သံဂျာနယ်မှကူးယူတင်ပြသည်။

ဒီနေရာမှ ကူးယူမှဝေပါသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...