စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အမေ



အမေဟာ ကျွန်တော့်ကို တခြားအမေတွေလိုပါပဲ လပေါင်းများစွာ ၀မ်းနဲ့လွယ်ပြီးမွေးခဲ့ရတာပါ ။ သူ့ခမျာ အစားအသောက်တွေပျက်ခဲ့ရတယ် ... ပျို့အန်တဲ့ဝေဒနာတွေခံစားခဲ့ရတယ် ... ခြေလက်တွေဖောယောင်ပြီး အထိုင်အထ ခက်ခဲ့ရတယ် ။ ပြီးတော့ အစက နူးညံ့ချောမွေ့လှတဲ့ အမေ့ရဲ့ဝမ်းပျဉ်းသားလေးတွေမှာ ရုပ်ဆိုးအကျည်းတန်လှတဲ့ အမာရွတ်တွေ စွဲထင်ခဲ့ရတယ် ။

အစက သွက်သွက်လက်လက်ရှိခဲ့တဲ့အမေ ... အခု ကိုယ်ဝန်ကြီးနဲ့ လှေကားတစ်ထစ်တက်ဖို့တောင် ရုန်းကန်နေရတယ် ... ဟိုနားဒီနားသွားဖို့အတွက် မနည်းကြိုးစားနေရတယ် ... အထိုင်အထလုပ်ဖို့အတွက်တောင် အမောမခံနိုင်ဘူး ... ညဘက်မှာ ကျွန်တော့်ကို ဖိမိမှာစိုးလို့ဆိုပြီး ဟိုလှည့်ဒိလှည့်နဲ့ ကောင်းကောင်းတောင် အိပ်မပျော်ရှာပါဘူး ။ ကျွန်တော့်အတွက် သူကြိုက်တဲ့ အစားအသောက်တွေကိုရှောင်ခဲ့ရပြီး သူ မကြိုက်တဲ့ အရသာမရှိတဲ့ အစားအသောက်တွေကို စားသောက်ခဲ့ရပါတယ် ။

ဒီလိုနဲ့ လပေါင်းများစွာ ပင်ပန်းဆင်းရဲခဲ့တဲ့ အမေ အခုတော့ မွေးခန်းထဲမှာ ရောက်နေပါပြီ ။ အစက အရှက်အကြောက်ကြီးတဲ့ အမေက အခုတော့ လူကြားထဲမှာ ကျွန်တော့်ကို မွေးထုတ်ဖို့အတွက် အ၀တ်အစားတောင် မကပ်နိုင်ရှာပါဘူး ။ အစက စကားပြောရင် ညင်ညင်သာသာလေးပဲ ပြောတတ်တဲ့ အမေက အခုတော့ လူကြားထဲမှာ အော်ဟစ်နေရတယ်လေ။ နောက်ဆုံး လူ့လောကကို နှုတ်ဆက်တဲ့ ကျွန်တော့်ရဲ့ ငိုသံလေးနဲ့ မွေးပေးတဲ့ဆရာမက ကျွန်တော့်ကိုပြလိုက်တဲ့ အချိန်မှာတော့ ခုနက သူမဟုတ်တော့သလိုပဲ အမေဟာ ပြုံးနေလေရဲ့ ။

ကျွန်တော့်အမေလိုပဲ ... သူငယ်ချင်းတို့ရဲ့ အမေတွေလည်း သူငယ်ချင်းတို့အတွက် အတားအဆီးတွေကို ကျော်ဖြတ်ခဲ့ရတယ် ... .
ကိုယ့်ကိုယ်ကို ဒုတိယဦးစားပေးအဖြစ် မြင်ခဲ့ဖူးတယ် ... ကိုယ့်သားသမီးတွေအပေါ်မှာ အမြင့်မားဆုံးမျှော်လင့်ချက် ထားခဲ့ဖူးတယ် ... အရူးတစ်ယောက်ပမာ စိတ်ပူခဲ့ဖူးတယ် ငိုယိုခဲ့ဖူးတယ် ... ကျွန်တစ်ယောက်လို အောက်ခြေသိမ်းကအစ လိုက်လုပ်ဖူးတယ် ...
သူ့ဘ၀ တစ်ခုလုံးကို သားသမီးတွေအတွက် မြုပ်နှံခဲ့ဖူးတယ် ။ ဒါတွေအားလုံးအတွက် အမေ့ဘက်က ဘာတစ်ခုမှ ပြန်မတောင်းဆိုခဲ့ပါဘူး ။ တိတ်တဆိတ်သာ မျှော်လင့်နေခဲ့ ရရှာတာပါ ။

ကျွန်တော်ယုံကြည်ပါတယ် ... အဲ့ဒီလို သားသမီးတွေအပေါ်ထားတဲ့ အမေတွေရဲ့ တုနှိုင်းမရတဲ့ မေတ္တာကြောင့် ... "အမေ" ဆိုတဲ့ စကားလုံးလောက် နွေးထွေးတဲ့ စကားလုံးကို ကျွန်တော်တို့ ရှာမတွေ့ခဲ့ကြတာပါ လို့ ...


.ပိုးဟပ်ဖြူ.

( Heart Canteen )

http://www.facebook.com/photo.php?fbid=391603934270777&set=pb.35101....

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...