စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကိုယ်သေရင် ဘယ်ရောက်မလဲဆိုတာ တွက်ကြည့်ရအောင်

    သဘောကျလို့ ဆိုဒ်တစ်ခုက ကူးလာပေးတာပါ။
ဆရာတော်အရှင်ဆေကိန္ဒဟောတဲ့ တရားလေးပါ။
ဒီဘ၀မှာ လူလာဖြစ်တယ်ဆိုတာ အရင်က မရဏစာမေးပွဲကို ဇြေခဲ့ကြလို့တဲ့။
ဒီဘ၀မှာလည်း ဖြေကြရမှာ မလွဲမသေပဲတဲ့။ေ
မးခွန်းက ၁၀ ပုဒ်။ အမှတ်က ၁၀၀။ တစ်ပုဒ်ကို ၁၀ မှတ်။ အောင်မှတ်ကတော့ ၄၀ တဲ့။။။

(1) သီလတွေ ဘယ်လောက် ဆောက်တည်ပြီးပြီလည်း
(2) ဒါနတွေ ဘယ်လောက်ရှိပြီလည်း
(3) ဘာဝနာတွေ ဘယ်လောက် ပွားများ အားထုတ်ပြီးပြီလည်း
(4) ဘုရားတရားသံဃာမိဘဆရာအပေါ် ရိုသေကိုင်းရှိင်းမှု ဘယ်လောက်ရှိလည်း
(5) ဘုရားတရားသံဃာမိဘဆရာတို့ရဲ ဝေယျာဝတ်စကို ဘယ်လောက်လုပ်ပြီးပြီလည်း
(6) တရား ဘယ်လောက်နာပြီးပြီလည်း
(7) တရား ဘယ်လောက်ဟောပြီးပြီလည်း
(8) အမျှ ဘယ်လောက်ဝေပြီးပြီလည်း
(9) သာဓု ဘယ်လောက်ခေါ်ပြီးပြီလည်း
(10) စိတ် ဘယ်လောက်ဖြောင့်ပြီလည်း တဲ့

အမှတ်က
၁၀အောက်ဆိုရင် ငရဲ
၁၀ ကနေ ၁၉ ထိဆိုရင် တိရိစ္ဆာန်
၂၀ ကနေ ၂၉ ထိဆိုရင် ပြိတ္တာ
၃၀ ကနေ ၃၉ အထိဆိုရင် အသူရကယ်
၄၀ ကနေ ၄၉ ထိဆိုရင် လူ
၅၀ ကနေ ၇၀ အထိဆိုရင် နတ်
၇၀ ကနေ ၉၉ အထိဆိုရင် ဗြမ္ဘာ
၁၀၀ ဆို၇င်တော့နိဗ္ဗာန်တဲ့
အမှတ်က ဘယ်လိုတွက်လည်းဆိုရင် ...

        မလှုချင်ပဲနဲ့လှုရင် ၂ မှတ်တဲ့ ။လူုချင်လို့ လျှူရင် ၄ မှတ်တဲ့ မလူပဲ မနေနိုင်တာမှာ ၆ မှတ်တဲ့ ကျန်တာတွေလည်း အဲလိုပဲတွက်တဲ့။အဲဒီမှာ သူငယ်ချင်းတစ်ယောက်ကပြောတယ် ။ ကိုယ်က လျှူချင်တယ် ပိုက်ဆံက မရှိတော့ ဘယ်လိုလုပ်ရမှာလည်းတဲ့၊
ငွေနဲ့ပတ်သက်ပြီး လျှုတာ တစ်ခုထဲမှ ဒါနမဟုတ်ပါဘူး။မစင်စွန့်တဲ့အခါ ဒီမစင်တုန်းကို စားကျမဲ့သတ္တ၀ါတွေ ကျန်းမာကြပါစေ မျှတကြပါစေဆိုတဲ့ စိတ်လေးနဲ့စွန့်ရင်လည်း ရှယ်ဒါနတ
ဲ့ပြီးတော့ ပန်းကန်ဆေးတဲ့အခါစားလို့ကျန်တဲ့ ထမင်းဟင်းစေ့လေးတွေကိုလည်း
မြောင်းထဲမှာနေတဲ့ ပိုးလောက်လားလေးတွေကို ကျန်းမာကြပါစေ မျှတကြပါစေ ဆိုပြီးမှ ဆေးရင်လည်း ဒါနဲပဲတဲ့။

            ပြီးတော့ဘုရားသွားတဲ့အခါ ငွေမစိုက်ပဲနဲ့ ယူလို့ရတဲ့ကုသိုလ်တွေက
ဘုရားမှာတင်ထားတဲ့ ဘုရားပန်းကပ်တာ ဆီမီးကိုပူဇော်တာေ၇ချမ်းကပ်တာ၊ သန့်ရှင်းရေးလုပ်တာ ...
ဒါတွေအကုန်လုံးက ကိုယ်ယူတတ်ရင် ရတဲ့ ကုသိုလ်တွေတဲ့၊ပြီးတော့သူငယ်ချင်းတစ်ယောက်ကပြောတယ်
တရားဟောတာ ဆိုတဲ့အချက်က ငါက ဘုန်းကြီးမှ မဟုတ်တာတဲ့။ အဲလိုမဟုတ်ပါဘူး။
ကိုယ်သိတဲ့ တရားလေးတွေကို တစ်ယောက်နဲ့တစ်ယောက် ပြောပြတာမျှဝေတာ ဓမ္မမိတ်ဆွေတွေ အလင်းစေတမန်လေးတွေပဲတဲ့၊နောက်ဆုံးတစ်ချက်က စိတ်ဖြောင့်တာဆိုတဲ့အချက်က ဘာကိုပြောချင်တာလည်းဆိုတော့တရားအားထုတ်တဲ့အခါ စိတ်ဖြောင့်စွာဖြင့်အားထုတ်နိုင်ရဲ့လား ဆိုတာလေးပါ။

            ကိုယ်နာကြားဖူးတဲ့တရားတွေထဲက မျှဝေလိုက်တာပါ၊တရားစခန်းဝင်ရင် တရားမဟောခင် ဆရာတော်တွေပြောတဲ့စကားတစ်ခွန်းရှိပါတယ်။တရားတွေကို နာလည်း နာနိုင်ကြပါစေ။နာတဲ့အတိုင်းလည်း သိနိုင်ကြပါစေ၊သိတဲ့အတိုင်းလည်း ကျင့်ကြံနိုင်ကြပါစေတဲ့
တရားကို မနာဖြစ်ဘူး၊တစ်ချို့က နာတယ်။နားမလည် သဘောမပေါက်ဘူး၊နာလည်း နာတယ်။နာတဲ့အတိုင်းလည်း သိတယ်။ဒါပေမဲ့မကျင့်ကြံနိုင်ကြဘူးတဲ့၊ဒါပေမဲ့လေ သိလာ၇င်တော့ ဘာပဲပြောပြော အ၇င်ကစိတ်ထက်တော့ ပါးသွားပါတယ်။

          အကုန်မကျင့်ကြံနိုင်ပေမဲ့...ဂျီးတွေအထပ်ထပ်ပိတ်နေတဲ့ လက်ကိုင်ပ၀ါတစ်ခုကို ၅ မိနစ်နဲ့ ပြောင်အောင်လျှော်ဆိုရင် မပြောင်နိုင်ပေမဲ့၅ မိနစ်အတွင်း လျှော်လိုက်တဲ့ဂျီးကတော့ ပါးသွားတယ်တဲ့။ အမှားပါရင် ခွင့်လွတ်ပါ။

မှတ်ချက်။ ။http://gamestarthiphop.ning.com မှ Gamestart Hip Hop ရေးသားသော ဘလော့အား ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...