စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မျက်နှာဖုံး(Mask) ကိုအထိရောက်ဆုံး အသုံးပြုနည်း

     သူငယ်ချင်းအားလုံး ချောမွေ့ကြည်လင်တဲ့ မျက်နှာလှလှလေးတွေပိုင်ဆိုင်နိုင်ဖို့ မျှဝေပေးလိုက်ပါတယ်.
မျက်နှာဖုံးမှာ Sheet Mask နဲ့ မျက်နှာကိုလိမ်းပြီးတဲ့နောက်မှာ မျက်နှာဖုံးပုံစံပြောင်းသွားတဲ့ (လိမ်းပေးရတဲ့) Mask ဆိုပြီး ၂မျိုးရှိပါတယ်. ၂မျိုးလုံးမှာ သူ့နေရာနဲ့သူ အသုံးဝင်ပါတယ်. Gel ပုံစံ. Cream ပုံစံ Mask တို့ကိုတော့ မျက်နှာပေါ်မှာ ဖြန့်လိမ်းပြီး တင်ပေးရပါတယ်. ဒီ Mask ကို အသုံးပြုခြင်းအားဖြင့်...
(၁) သင့်မျက်နှာ အသားအရေကို အတွင်းထဲထိသန့်စင်အောင် ဆေးကြောပေးနိုင်ပါတယ်.
(၂) ချွေးပေါက်များကို ပြုပြင်ပေးပါတယ်. ကျယ်နေတဲ့ ချွေးပေါက်ကိုလည်း ကျဉ်းစေပါတယ်.
(၃) မျက်နှာအသားအရေကို ကြည်လင်ဝင်းပစေပြီး နူးညံ့ချောမွတ်စေပါတယ်.
Mask မှာ ရွံ့အခြေခံပြီး ထုတ်လုပ်ထားတဲ့ အမျိုးအစား.သစ်သီးအဆီအနှစ်တွေကို အခြေခံထုတ်လုပ်ထားတဲ့ အမျိုးအစားနဲ့ ဒိန်ချဉ်နဲ့ပြုလုပ်ထားတဲ့ Mask ဆိုပြီး အမျိုးမျိုးရှိပါတယ်
.
အဆီပြန်အသားအရေနဲ့ ရောထွေးအသားအရေ (T.zone အဆီပြန်နဲ့ C.zone ခြောက်သွေ့) ပိုင်ရှင်တွေက ရွှံ့အခြေခံတဲ့ Mask ကိုသုံးသင့်ပါတယ်. သဘာဝရွှံ့ဟာ မျက်နှာပေါ်ပိုနေတဲ့ အဆီတွေကို ဖယ်ရှားတဲ့ အကောင်းဆုံးပစ္စည်းဖြစ်ပြီး ခြောက်သွေ့ကျန်ခဲ့ခြင်းမျိုးလည်း မဖြစ်ပါဘူး. ထိခိုက်လွယ်တဲ့ Sensitive အသားအရေပိုင်ရှင်မျိုးလည်း ဒီ Mask မျိုးကိုသုံးနိုင်ပါတယ်.

အသားခြောက်တဲ့သူများကတော့ Moisturizing Mask ကိုသုံးနိုင်ပါတယ်. Mask ကိုပြန်မခွာခင် အသားထဲစိမ့်ဝင်အောင် ခပ်ဖွဖွလေး ညင်ညင်သာသာပုတ်ပေးပါ.

အသားအရေညစ်နွမ်းသူများ Exfoliating Mask ကိုသုံးနိုင်ပါတယ်. သစ်သီးများက ထုတ်လုပ်တဲ့ Peel Off Mask တွေလည်း သင့်တော်ပါတယ်. Mask သုံးပြီးရင် ချောမွေ့ပြီး အသားအရေလတ်ဆတ်မှုကို ခံစားပါလိမ့်မယ်.
သာမန်အသားအရေပိုင်ရှင်မျိုးကတော့ အမျိုးအစားပေါများတယ်. အသားအရေ၀င်းပတာကို လိုချင်ရင် Radiance Deep Clean Mask ကိုသုံးနိုင်ပါတယ်.

ထိခိုက်လွယ်တဲ့ အသားအရေပိုင်ရှင်မျိုးကတော့ ဒိန်ချဉ်ကိုအခြေခံထုတ်လုပ်ထားတဲ့ Mask ကိုသုံးပါ.

သက်ရင့်အသားအရေပိုင်ရှင် Firming Mask ကိုအသုံးပြုနိုင်ပါတယ်. အသားအရေကို ရေဓာတ်ပြန်ဖြည့်ပေးပြီး အသားအရေခြောက်သွေ့မှုကနေ ကာကွယ်ပေးပါတယ်. အသားခြောက်မှုကြောင့်ဖြစ်တဲံ အရေးပြားတွန့်တာ. အရေးအစင်းတွေဖြစ်တာမျိုးကို ကာကွယ်ပေးပြီးဖြစ်စေပါတယ်. Firming Mask သုံးပြီးရင် အရွယ်တင်နုပျိုတဲ့ အသားအရေရလဒ်ကို ရပါလိမ့်မယ်.
Mask အသုံးပြုခြင်းပိုကောင်းစေရန် Mask ကိုဖယ်ပြီးနောက် အာနိသင်စိမ့်ဝင်နိုင်ရန် မျက်နှာကိုဖွဖွလေး နှိပ်ပေးရပါမယ်.
Sheet Mask ကိုအိတ်ထဲကထုတ်တဲ့အခါနဲ့ မျက်နှာပေါ်တင်တဲ့အခါ အလဟဿမဖြစ်အောင် သတိထားပါ. စက္ကူပါးပုံစံဖြစ်နေတဲ့ Sheet ကိုမျက်နှာပေါ်တင်ပြီးရင် အသားအရေနဲ့ တစ်ထပ်တည်းကပ်ပြီး နေတဲ့ဟာမျိုးကို ရွေးချယ်ပါ.
Cream နဲ့ Gel ပုံစံ Mask တွေကတော့ ပိုပြီးအသားအရေ ထိန်းသိမ်းမှုမျိုးဖြစ်နိုင်ပါတယ်. အသားအရေဆိုးဆိုးဝါးဝါး ပျက်စီးနေလျှင် Cream နဲ့ Gel Mask က ဆဲလ်အဟောင်း ဆဲလ်အသေတွေကို ဖယ်ရှားပေးတဲ့ ကုထုံးဖြစ်လို့ ပိုထိရောက်ပါတယ်. Mask တင်ပြီးတဲ့နောက်မှာလည်း မျက်နှာကိုနှိပ်ပေးဖို့ မမေ့ပါနဲ့.
ပျိုပျိုအိုအို သူငယ်ချင်းအားလုံး ကြည်လင်ဝင်းပတဲ့ မျက်နှာလေးများကို ပိုင်ဆိုင်နိုင်ကြပါစေလို့......

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...