စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အိပ်စက်ခြင်းအကျိုးကျေးဇူး


၁။လေ့လာခြင်းနှင့်မှတ်ဉာဏ်
      အိပ်စက်မှုဟာ ဦးနှောက်ကနေ မှတ်ဉာဏ်ဆီကို သတင်းအချက်အလက် အသစ်တွေ ပို့ပေးနိုင်အောင် ကူညီပါတယ်။စာမေးပွဲ၊အလုပ်အသစ်စတဲ့စိန်ခေါ်မှုတခုခုမလုပ်ခင်ညမှာကောင်းကောင်းအိပ်စက်ထားသူတွေဟာညမှာအိပ်ရေးမဝထားသူတွေထက် ကောင်းမွန်တဲ့ စွမ်းဆောင်မှုတွေ လုပ်နိုင်ပါတယ်။ လေ့လာမှုများစွာက တစ်ညလုံး အိပ်ရေးဝဝအိပ်ပြီးတဲ့အခါလူတွေမှာ ပြဿနာ ရင်ဆိုင်နိုင်တဲ့ စွမ်းအားသစ်နဲ့ အမြင်သစ်တွေ ရရှိအောင်မြင်ကြောင်း ဆိုပါတယ်။

၂။ကိုယ်အလေးချိန်
     အကြာကြီးအိပ်ပျက်တာဟာခန္ဓာကိုယ်ရဲ့ကာဗိုဟိုက်ဒရိတ်ဓာတ်သိုလှောင်မှုများခြင်းနဲ့စိတ်ဖိစီးမှုဟော်မုန်းကော်တီဇုန်းထွက်ရှိမှုများခြင်းကြောင့်ကိုယ်အလေးချိန်မြင့်တက်စေနိုင်ပါတယ်။ကော်တီဇုန်းဟော်မုန်းများတာဟာဝမ်းဗိုက်အဆီမျာြး  ခင်းနဲ့လည်း ဆက်စပ်မှုရှိပါတယ်။ အိပ်ရေးပျက်ရင် ဆာလောင်မှု ဖိနှိပ်ပေးတဲ့ Leptin ဟော်မုန်းနည်းသွားပြီးဆာလောင်မှုဖြစ်စေတဲ့ Ghrelin ဟော်မုန်းအထွက်များစေတဲ့အတွက် ပိုစားဖြစ်တာပါ။

၃။ဘဝအရည်အသွေး
  ကြာရှည်အိပ်ရေးပျက်ခြင်းနဲ့ ခဏတာအိပ်ရေးပျက်ခြင်းတွေဟာ စိတ်မရှည်မှု၊ ဒေါသ၊ အာရုံစူးစိုက်အားနည်းခြင်း၊ စိတ်တိုစိတ်ဆတ်ခြင်း စတာတွေဖြစ်စေနိုင်ပါတယ်။ မိသားစု၊ မိတ်ဆွေ အပေါင်းအသင်းတွေနဲ့ အချိန်မဖြုန်းချင်ရင် အိပ်စက်အနားယူသင့်ပါတယ်။ အိပ်ရေးပျက်တာဟာ ပင်ပန်းစေသလို အလုပ်လုပ်နိုင်စွမ်းကိုလည်း ထိခိုက်စေပါတယ်။

၎။ကိုယ်ခံစွမ်းအား
  အိပ်ရေးပျက်တာကခန္ဓာကိုယ်ရဲ့ကိုယ်ခံစွမ်းအားစနစ်ကိုပြောင်းလဲစေပ
ါတယ်။အိပ်ရေးပျက်တာများလို့ကိုယ်ခံစွမ်းအား ကျရင် အအေးမိခြင်း၊ ဖျားနာခြင်း၊ တုပ်ကွေးကွေးခြင်း စတာတွေ ဖြစ်လွယ်တတ်ပါတယ်။

၅။နှလုံးနှင့်အဆုတ်ကျန်းမာရေး
  အကြာကြီးအိပ်ရေးပျက်တာကနှလုံးနဲ့အဆုတ်ကျန်းမာရေးအပေါ်ဘယ်လောက်များများထိခိုက်စေတယ်ဆိုတာအတိအကျတော့မသိသေးပါဘူး။ဒါပေမယ့်အိပ်ရေးပျက်တာများရင်သွေးဖိအားမြင့်တက်ခြင်းနဲ့နှလုံးခုန်နှုန်းပုံမမှန်ခြင်းတွေဖြစ်စေနိုင်ပါတယ်။အိပ်ရေးမဝတာကြောင့်စိတ်ဖိစီးမှုဟော်မုန်းများခြင်းနဲ့ရောင်ရမ်းမှုဖြစ်စေပြီးဒီအကြောင်းရင်းနှစ်ချက်ဟာနှလုံးရောဂါထခြင်းနဲ့ ဆက်စပ်မှုရှိပါတယ်။

၆။ဘေးကင်းလုံခြုံမှု
  အိပ်ရေးဝတာဟာမတော်တဆထိခိုက်မှုဘေးအန္တရာယ်ကိုကာကွယ်ပေးပါတယ်။အိပ်ရေးပျက်ပါများရင်သတိလစ်ဟင်းမှုတွေ ဖြစ်လာပြီး လိမ့်ကျခြင်း၊ လဲကျခြင်း၊ ထိခိုက်ဒဏ်ရာရရှိခြင်းနဲ့ မတော်တဆ ထိခိုက်မှုတွေ အဖြစ်များ ပါတယ်။ အိပ်ရေးမဝခြင်းနဲ့ အိပ်ငိုက်ခြင်းတို့ကြောင့် နှစ်စဉ် အမေရိကန်မှာယာဉ်တိုက်မှုပေါင်းတစ်သိန်းကျော်ဖြစ်ပွားနေကြောင်း အမျိုးသားအဝေးပြေးယာဉ် လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းက ဆိုပါတယ်။

(ဖေ့ဘွတ်မှတဆင့်ပြန်လည်ကူးယူဖော်ပြလိုက်ပါတယ်)
(ကျနော့်လိုအချိန်မရှိတဲ့အထိကြူနေ လွမ်းနေပြီး မအိပ်ဘဲနေမှာစိုးလို့ တကူးတက တင်ပေးလိုက်တာပါ အဟီး)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...