စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အာဇာနည်နေ့ကိုဖြင့်... မမေ့သင့်ပါပြီ



ကျွန်မတို့ငယ်ငယ်ကဆို အာဇာနည်နေ့ဆိုရင်
အာဇာနည်ခေါင်းဆောင်ကြီးတွေ ကျဆုံးတဲ့၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်၊  နံနက် (၁၀) နာရီ (၃၇) မိနစ်
အချိန်ကိုရောက်ရင် ရန်ကုန်တမြို့လုံး ဥသြဆွဲတဲ့အသံတွေ ဖုံးလွှမ်းနေ တတ်ပြီး၊ ရေဒီယိုကပါ
ဥသြဆွဲတဲ့အသံတွေ အသံလွှင့်ပေးပါတယ်။ အဲဒီ ဥသြဆွဲတဲ့အသံ ပေါ်ထွက်လာတာနဲ့တပြိုင်နက်ထဲ
လမ်းပေါ်မှာ မောင်းနှင်နေ တဲ့ မော်တာ် ကားတွေ ရောက်ရာနေရာမှာ အရိုအသေပေးတဲ့အနေနဲ့ ရပ်တန့်ပြီး
ဂါရ၀ပြုကြပါတယ်လို့ကျွန်မဖေဖေပြောတာကြားဖူးခဲ့တယ်။
ကျွန်မတို့ခေတ်ရောက်လာတော့ ရေဒီယိုကသီချင်းရယ်..တီဗိမှာအာဇာနည်ဗိမာန်သွားပြီးအလေးပြုတာတွေ
တွေ့ရပါတယ် ။ဒီဘက်ခေတ်မှာတော့....ကလေးတွေက အာဇာနည်နေ့ဘာဆိုတာ.........

အာဇာနည်နေ့ဆိုလျှင် ၀မ်းနည်းယူကျုံးမရစရာ၊
တမ်းတလှိုက်မောစရာ နေ့တစ်နေ့အဖြစ် မြန်မာပြည်သူပြည်သားများ  မေ့လျော့ထားပုံ ပေါက်နေပေသည်။
အာဇာနည်နေ့" သည် မြန်မာ့လွတ်လပ်ရေးကို ကြိုးပမ်းရာတွင် ရှေ့တန်းမှ ဦးဆောင်ခဲ့သည့် ပုဂ္ဂိုလ်ကြီးများ
လွတ်လပ်ရေးကြိုးပမ်းနေစဉ် ရလုရခါနီးတွင် အသက်ပေးသွားသည်အထိမ်းအမှတ်နေ့လေးတစ်နေ့ဖြစ်ပါသည်။

မိမိနိုင်ငံကို လိုချင်မက်မောသောကြောင့် သိမ်းပိုက်ထားခဲ့သည့် နယ်ချဲ့တို့လက်အောက်မှ လွတ်မြောက်ရန်

ကြိုးပမ်းမှုတိုင်းတွင် စွန့်လွှတ်အနစ်နာခံရသည့် ပုဂ္ဂိုလ်များစွာ ရှိမြဲဖြစ်ရာ အသက်သွေးချွေး စတေးခဲ့ရသည့်
အညတရပုဂ္ဂိုလ်များနှင့်ပါ အာဇာနည်နေ့သည် သက်ဆိုင်ပါသည်။


"အာဇာနည်နေ့" သည် မိမိနိုင်ငံ၊ မိမိလူမျိုးအတွက် မိမိအသက်ကိုပင်ပဓာနမထားအသက်ကိုပင်ပေးကာ

စွန့်လွှတ်သွားသောသူများကို ဂုဏ်ပြုထားတဲ့နေ့တစ်နေ့ဖြစ်ပါသည်.။
အာဇာနည်ဆိုတာ တိုင်းပြည်တိုင်းမှာရှိပါတယ်။ အာဇာနည်တွေရဲ့သမိုင်းဟာ ကျောက်ထက်အက္ခရာတင်ထားဖို့
လိုသလို လက်ဆင့်ကမ်းပေးဖို့  မျိုးဆက်တိုင်းမှာ တာဝန်ရှိတယ်လို့လဲ ကျွန်မထင်မြင်ယူဆမိပါတယ်။
အာဇာနည်ဆိုတာကို ခုခေတ်ကလေးတွေမေ့နေလောက်ပါပြီ
အာဇာနည် ဆိုတာ အဆိုတော်လားတောင် ကလေးတွေ မေးနေကြတဲ့အဖြစ်
ဒီတော့ သိတဲ့လူကြီးတွေအနေနဲ့လက်ဆင့်ကမ်းလို့
အာဇာနည်ဆိုတာ
 စွန့်ရဲသည့်သတ္တိ၊ လက်ရုံးရည် နှလုံးရည်၊ မိမိအသက်ကို ပဓာနမထား တိုင်းပြည်နဲ့လူမျိုးအတွက်
သက်စွန့်သွားတဲ့ မျိုးချစ် အာဇာနည်ကိုးဦး ဆိုတာ 
ကလေးတွေရင်ထဲတံဆိပ်ခတ်နှိပ်ပေးဖို့တိုက်တွန်းလိုက်ပါတယ်။

အာဇာနည်ကိုးဦးအချက်အလက်
aungsan.jpg
အမည် - ဗိုလ်ချုပ်အောင်ဆန်း
ငယ်အမည် - မောင်ထိန်လင်း
မွေးဖွားရက် - ၁၉၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက် (၁၂၇၆ ခု တပေါင်းလဆန်း ၁ ရက်) စနေနေ့။
မိဘ - ရှေ့နေကြီး ဦးဖာ + ဒေါ်စု
နေရပ် - မကွေးတိုင်၊ နတ်မောက်မြို့။
သေဆုံးရက် - ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်၊ စနေနေ့၊ နံနက် ၁၀ နာရီ ၃၇ မိနစ်။
ဇနီးအမည် - ဒေါ်ခင်ကြည် (၆-၉-၁၉၄၂ တွင် လက်ထပ်ခဲ့)
ကျန်ရစ်ခဲ့သူများ - (ဇနီး) ဒေါ်ခင်ကြည်၊ (သား) အောင်ဆန်းဦး၊ အောင်ဆန်းလင်း၊ (သမီး) အောင်ဆန်းစုကြည်။

mya.jpg
အမည် - သခင်မြ
ငယ်အမည် - မောင်မြရွှေ
မွေးဖွားရက် - ၁၈၉၇ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်၊ ကြာသပတေးနေ့။
မိဘ - ဦးဘိုးချွန် + ဒေါ်သက်လယ်
နေရပ် - ပြည်ခရိုင်၊ ထုံးဘိုမြို့။
သေဆုံးရက် - ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်၊ စနေနေ့၊ နံနက် ၁၀ နာရီ ၃၇ မိနစ်။
ဇနီးအမည် - ဒေါ်ခင်ညွန့်။
ကျန်ရစ်ခဲ့သူများ - (ဇနီး) ဒေါ်ခင်ညွန့်။

supsanhtun.jpg
အမည် - မိုင်းပွန်စော်ဘွားကြီး စ၀်စံထွန်း
မွေးဖွားရက် - ၁၉၀၇ ခုနှစ် မေလ ၃၀ ရက်၊ ကြာသပတေးနေ့။
မိဘ - မိုင်းပွန်စော်ဘွားကြီး စ၀်ခွန်ထီး + မြောက်နန်းဆောင် မဟာဒေ၀ီ နန်းစိန်ဥ
သေဆုံးရက် - ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်၊ တနင်္ဂနွေနေ့၊ မွန်းတည့် ၁၂ နာရီ။
ဇနီးအမည် - (မိုးမိတ်စော်ဘွားကြီးသမီး) စ၀်ခင်သောင်း (၁၉၃၂ ခုနှစ်တွင် လက်ထပ်)
ကျန်ရစ်ခဲ့သူများ - (သမီး) စောသုနန္ဒာ၊ (သား) စ၀်ခိုင်ဖ၊ (သမီး) စောမြင့်ကြည်။

manbakhain.jpg
အမည် - မန်းဘခိုင်
မွေးဖွားရက် - ၁၉၀၃ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်။
မိဘ - ယုန်တလင်းရွာသူကြီး မန်းပေကုန်း + ဒေါ်ပု
နေရပ် - ဟင်္သာတမြို့နယ်။
သေဆုံးရက် - ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်၊ စနေနေ့၊ နံနက် ၁၀ နာရီ ၃၇ မိနစ်။

ubacho.jpg
အမည် - ဦးဘချို
မွေးဖွားရက် - ၁၈၉၃ ခုနှစ်၊ ဧပြီလ ၂၃ ရက်၊ တနင်္လာနေ့။
မိဘ - ဆေးဆရာကြီး ဦးဘိုးစာ + ဒေါ်မြစ်
နေရပ် - မြောင်းမြမြို့။
သေဆုံးရက် - ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်၊ စနေနေ့၊ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်။
ဇနီးအမည် - ဒေါ်လှမေ (၁၉၂၀ ပြည့်နှစ်တွင် လက်ထပ်)
ကျန်ရစ်ခဲ့သူများ - (ဇနီး) ဒေါ်လှမေ၊ (သမီး) မခင်နု၊ မခင်ပု၊ မေမေခင်၊ ခင်ခင်ဦး။

urazak.jpg
အမည် - ဦးရာဇတ်
မွေးဖွားရက် - ၁၈၉၈ ခုနှစ်၊ ဇန်န၀ါရီလ ၂၀ ရက်၊ ကြာသပတေးနေ့။
မိဘ - အငြိမ်းစားတိုက်ပိုင် အင်စပက်တော် မစ္စတာအေရာမန် + ဒေါ်ငြိမ်းလှ
နေရပ် - မိတ္ထီလာမြို့။
သေဆုံးရက် - ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်၊ စနေနေ့၊ နံနက် ၁၀ နာရီ ၃၇ မိနစ်။
ဇနီးအမည် - ဒေါ်ခင်ခင် (၁၉၃၈ ခုနှစ်တွင် လက်ထပ်)
ကျန်ရစ်ခဲ့သူများ - (ဇနီး) ဒေါ်ခင်ခင်၊ (သား) မောင်တင်မြင့်၊ (သမီး) ခင်ခင်စိန်၊ (သား) မောင်လှကြည်။

ubawin.jpg
အမည် - ဦးဘ၀င်း
မှတ်ချက် - (ဗိုလ်ချုပ်အောင်ဆန်း၏ အစ်ကို)
မွေးဖွားရက် - ၁၉၀၁ ခုနှစ် ဇွန်လ ၁၁ ရက်၊ အင်္ဂါနေ့။
မိဘ - ရှေ့နေ ဦးဖာ + ဒေါ်စု
နေရပ် - မကွေးတိုင်း၊ နတ်မောက်မြို့။
သေဆုံးရက် - ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်၊ စနေနေ့၊ နံနက် ၁၀ နာရီ ၃၇ မိနစ်။
ဇနီးအမည် - ဒေါ်ခင်စော
ကျန်ရစ်ခဲ့သူများ - (ဇနီး) ဒေါ်ခင်စော၊ (သမီး) မတင်လှဝင်း၊ (သား) မောင်စောဝင်း၊ မောင်အေးဝင်း၊ (သမီး) ခင်မြ၀င်း၊ (သား) မောင်စိန်ဝင်း၊ မောင်ထွေးဝင်း။

uohnmg.jpg
အမည် - ဦးအုန်းမောင်
မွေးဖွားရက် - ၁၉၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်၊ တနင်္ဂနွေနေ့။
မိဘ - မစ္စတာ အိပ်ခ်ျဒဗလျူတရပ်တ်ဝိန်း + ဒေါ်ရွှေမြင့်
နေရပ် - မကွေးတိုင်း၊ မင်းဘူးမြို့။
သေဆုံးရက် - ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်၊ စနေနေ့၊ နံနက် ၁၀ နာရီ ၃၇ မိနစ်။
ဇနီးအမည် - ဒေါ်သိန်းကြွယ်
ကျန်ရစ်ခဲ့သူများ - (ဇနီး) ဒေါ်သိန်းကြွယ်၊ (သား) တင်မောင်သိန်း၊ ကိုကိုလှ၊ မောင်မင်းမြင့်။

kohtwe.jpg
အမည် - ရဲဘော်ကိုထွေး
မှတ်ချက် - (ဦးရာဇတ်၏ သက်တော်စောင့်)
မွေးဖွားရက် - ၁၉၂၉ ခုနှစ်။
မိဘ - အငြိမ်းစား လယ်ယာစိုက်ပျိုးရေးဝန်ထောက် ဦးကိုကိုလေး + ဒေါ်မင်းရီ
နေရပ် - မန္တလေးမြို့၊ တောင်ပြင်သိပ္ပံရပ်။
သေဆုံးရက် - ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်၊ စနေနေ့၊ နံနက် ၁၀ နာရီ ၃၇ မိနစ်။

ကိုးကား
  1. ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့က လုပ်ကြံခံခဲ့ရသော အာဇာနည် (၉)ဦး၏ ကိုယ်ရေးအကျဉ်း၊ The VOICE Weekly၊ အတွဲ-၆၊ အမှတ်-၃၅၊ Supplement B,C
  2. ဓာတ်ပုံများ - ၀ီကီမြန်မာ

ထိုလင့်တွင်အပြည့်အစုံဖတ်ပါ: http://www.shwemyotaw.com/profiles/blog/show?id=5442636%3ABlogPost%3A4610776&xgs=1&xg_source=msg_share_post#ixzz20Vu4r3iD

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...