စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







စိန့်ပီတာစဘတ်မြို့ (သို့) လီနင်ဂရက်မြို့သို့ အလည်တစ်ခေါက် - (၁)

    မြန်မာမှန် ပုဂံရောက်ဖူးမှ" ဟူ၍ဆိုရိုးရှိသည်နှင့်အညီ ကျွန်တော်တို့ မြန်မာလူမျိုးများအားလုံး ပုဂံမြို့ကို ချစ်မြတ်နိုးစွာ တန်ဖိုးထားခဲ့ကြသည်။။ ထို့အတူပင် ရုရှားနိုင်ငံတွင်လည်း စိန့်ပီတာစဘတ်မြို့ကို ရောက်ပြီးမှသာ ရုရှားနိုင်ငံသို့ ရောက်ခဲ့သည်ဟု ဆိုနိုင်ကြောင်း လူပြော၊သူပြောဖြင့် မှတ်သားရဖူး၏။။ ထို့ကြောင့်ပင် စိန့်ပီတာစဘတ်မြို့ဆီသို့ အလည်သွားရောက်ရန် ကျွန်တော် စိတ်ဆန္ဒပြင်းပြခဲ့ရသည်။။ အကြောင်းမတိုက်ဆိုင်သဖြင့် အရင်နှစ်များက မသွားဖြစ်ခဲ့။။ 

     ယခုနှစ်နွေရာသီ ကျောင်းပိတ်ရက်တွင်တော့ မဖြစ်မနေကို သွားရောက်ခဲ့သည်။။ မသွား၍လည်း မဖြစ်တော့။။ စိန့်ပီတာစဘတ်မြို့ ရေကြောင်း တက္ကသိုလ်တွင် တက်ရောက်နေသည့် သူငယ်ချင်းများက သင်တန်းပြီးဆုံးပြီမို့ ပြန်ကြပေတော့မည်။။ သူတို့ပြန်သွားပြီးမှ အလည်သွားခဲ့လျှင် စားရေး၊ နေရေး၊ လိုက်ပို့ပေးမည့်သူမရှိသည့် အရေးများဖြင့် အခက်ကြုံရပေလိမ့်မည်လေ။။ ထို့ကြောင့်ပင် သူငယ်ချင်း(၃)ယောက် ဇွန်လ (၁၈)ရက်နေ့တွင် ရထားလက်မှတ် ဖြတ်ရန်ဘူတာဆီသို့ ထွက်ခဲ့ကြ၏။။

    ခရီးသွားရန်ပြင်တိုင်း အဆင်မပြေတတ်သည့် ကျွန်တော့်ဇာတာအရ မော်စကိုမှ စိန့်ပီတာစဘတ်သို့ သွားမည့် ရထားများတွင် (၁၉)ရက်နေ့ ညနေ(၃)နာရီ ရထားအတွက် လက်မှတ်တစ်စောင်မှလွဲ၍ (၂၀)ရက်နေ့အထိ လက်မှတ်မရနိုင်တော့ဟု သိရ၏။။ စိန့်ပီတာစဘတ်မြို့တွင် နှစ်စဉ်ကြုံတွေ့ရသည့် "အဖြူရောင်ညများ" ဖွင့်ပွဲကို (၂၃)ရက်နေ့တွင် ကျင်းပမည်ဖြစ်သဖြင့် ခရီးသွားများ များပြားလွန်းနေခြင်း ဖြစ်သည်။။ ထို့ကြောင့်ပင် တစ်ယောက်က (၁၉)ရက်နေ့သွားနှင့်ပြီး ကျွန်တော်နှင့် နောက်တစ်ယောက်က (၂၂)ရက်နေ့ မနက်တစ်နာရီ ရထားဖြင့် မော်စကိုမြို့မှ စိန့်ပီတာစဘတ်မြို့ဆီသို့ "အဖြူရောင်ညများ" အမှီခရီးနှင်ခဲ့ကြတော့သည်။။
မော်စကို-စိန့်ပီတာစဘတ်ပြေးဆွဲသည့် ရထားများ
(၂၂)ရက်နေ့ မနက် ၉ နာရီခွဲအချိန်တွင်တော့ ကျွန်တော်သိပ်ရောက်ဖူးချင်သည့် စိန့်ပီတာစဘတ်မြို့ ဆီသို့ရောက်ရှိခဲ့တော့သည်။။ လာကြိုသည့် သူငယ်ချင်းများနှင့် စကားတပြောပြောဖြင့် မြေအောက် ရထားတစ်တန်၊ ကားရထားတစ်တန်ထပ်စီးပြီး ကွန်းခိုရာ သူငယ်ချင်းများ၏ ကျောင်းသားဆောင်ဆီသို့ ရောက်ရှိခဲ့၏။။
ရက်သတ္တ နှစ်ပတ်ခန့် ကွန်းခိုခဲ့သည့် အဆောင်
ရောက်ရောက်ခြင်း ရေမိုးချိုး ထမင်းစားသောက်ပြီး တစ်ရေးအိပ်လိုက်သည်။။ ညနေစောင်းတော့ ဝေးဝေးမသွားချင်သေးသဖြင့် သူငယ်ချင်းများနှင့်အတူ သိပ်မဝေးလှသည့် ရေပန်းဥယျာဉ်ရှိသည့် ပန်းခြံဆီ ထွက်လာခဲ့လိုက်ကြ၏။။
ပန်းခြံအရှေ့ရှိ လီနင်ရုပ်တု
(စိန့်ပီတာစဘတ်မြို့ကို လီနင်ဂရက်မြို့ဟုလည်း ခေါ်ခဲ့ကြသေးသည်။။)
နေသာနေပေမယ့် ရာသီဥတုက စိမ့်စိမ့်လေးအေးနေသည်မို့ ရေပန်းများမှ ရေမှုန်များကြား ရာသီဥတုက ကျွန်တော်တို့အကြိုက် ဖြစ်သွားခဲ့သည်။။။
လက်ဆများသွားလို့ ဇက်ကျိုးသွားသည့် သူ့ဘဝ :P :P
ထိုရေပန်းတွေ အနီးမှာ အမြည်းအစုံအလင်ဖြင့် အပြင်မှာမတွေ့တာ ကြာပြီဖြစ်သော သူငယ်ချင်းများ စုကာ ရေပန်းများနှင့်အပြိုင် လေပန်းခဲ့ကြပြီး ည ၁၁ နာရီခွဲခန့်တွင် အဆောင်သို့ ပြန်ခဲ့ကြတော့သည်။။ (စိန့်ပီတာစဘတ်မြို့တွင် ကျွန်တော်တို့ရောက်သည့်နေ့မှ ပြန်သည့်နေ့အထိ မိုးလုံးဝမချုပ်ခဲ့ပါ။။ ၂၄ နာရီပတ်လုံး အလင်းရောင် ရှိနေ၏။။ ထို့ကြောင့်ပင် အဖြူရောင်ညများဟု ခေါ်ကြပါ၏။။ )
@@@@@@@@@@@@@@@@@@@@
နောက်တစ်နေ့မှာတော့ မနက်စောစောထပြီး နာမည်ကျော် ညက်ဘာမြစ်ကမ်းဘက်သို့ ထွက်ခဲ့ကြသည်။။ ညက်ဘာမြစ်ဘေးမှ ခရက်ပို့ခ်ျ (မြန်မာကျောင်းသားများအခေါ် ယုန်ကျွန်း)ဆီ အရင်ဝင်ဖြစ်၏။။ ၄င်းနောက် ရုရှားနိုင်ငံတွင် အကြီးဆုံးဖြစ်သည့် အယ်ရ်မီတက်ရှ်ပြတိုက်ကြီး (Эрмитаж - hermitagemuseum) သို့ဝင်ရောက်ဖြစ်ခဲ့ကြသည်။။
ဒီအရုပ်လေးအစွဲပြုပြီး ယုန်ကျွန်းဟုခေါ်ကြသည်.. :P :P

ယုန်ကျွန်းအတွင်း
ယုန်ကျွန်းအပြင်မှ စစ်သမိုင်းပြတိုက်
စိန့်ပီတာစဘတ်မြို့ရှိ နာမည်ကျော် ညက်ဘာမြစ်
ဒီလိုဘုတ်တွေစီးပြီး မြစ်ကြောင်းတစ်လျောက် မြို့တစ်ပတ် ပတ်စီးလို့လည်းရသဗျ
ညက်ဘာမြစ်ပေါ်က ရွက်လှေစားသောက်ဆိုင်
အဖြူရောင်ညများ ပွဲတော်ဖွင့်ပွဲအတွက်ပြင်ဆင်ထားသည့် စင်တစ်ခု
Hermitagemuseum အဝင်ပေါက်
Hermitagemuseum သည် အထပ်သုံးထပ်ပါရှိသည့် အဆောင်များဖြင့် ဖွဲ့စည်းထားပြီး အခန်းပေါင်း ထောင်ချီရှိသည့် ပြတိုက်ကြီးဖြစ်သည်။။ ၄င်းပြတိုက်ကြီးအတွင်းရှိ ပန်းချီးကားချပ်များ၊ အရုပ်များ၊ ရှေးဟောင်းပစ္စည်းများအား တစ်မျိုးလျှင် (၃)မိနစ် ကြည့်ပါက ပြတိုက်ကြီးတစ်ခုလုံးရှိ ပစ္စည်းများအကုန်ကြည့်ရန် အချိန် (၁၅) နှစ်လိုအပ်သည်ဟု သိရ၏။။ ကျွန်တော်တို့ကတော့ ခေါင်းတစ်ချက်လှည့် တစ်ခန်းနှုန်းဖြင့် တစ်နေ့တည်း အပြတ်ကြည့်ပစ် ခဲ့လိုက်သည်။။ :P :P :P နိုင်ငံပေါင်းစုံမှ ရှေးဟောင်းပစ္စည်း ပြခန်းများလည်း ပါဝင်ပြီး မြန်မာပြခန်းတွင် ရှင်သီဝလိ ရဟန္တာကိုယ်တော် ပုံတော်များ ဗုဒ္ဓဆင်းတုတော်များ ပြသထားသည်။။
အီတလီပြခန်းမှ ရှေးစစ်ဝတ်စုံများ (ကြိုက်လို့ မှတ်မိနေတာ)
ဒီပုံတွေအပြင် ဒိထက်လှတဲ့ ပုံတွေတော်တော်များများ ရှိပါသေးတယ်။။ ခက်တာက ပုံတွေရှေ့မှာ ရုပ်ဆိုးဆိုး ကောင်လေးတစ်ယောက် မတ်တပ်ရပ်ရပ်နေလို့ မတင်ပေးတော့ပါဘူး။။ ပြတိုက်ကြီးထဲက ထွက်ပြီး အပြန်မှာ မြို့လယ်ကို နည်းနည်းပတ်ကြည့်ဖြစ်ခဲ့ပါတယ်။။ အရမ်းလှပါတယ်။။ ခက်တာက နောက်ခံလှလှလေးတွေ့တာနဲ့ ပြေးပြေးပြီး မတ်တပ်ရပ်တဲ့ကောင်လေးကြောင့် တင်မပေးတော့ပါဘူး၊။ :D
သူများတွေလို ကင်းဗတ်စပေါ်တင်ပြီး ဆေးကောင်းကောင်းနဲ့ ဆွဲတာမဟုတ်ပဲ ပုံမှာမြင်ရတဲ့အတိုင်း ဆွဲနေတာတွေ့လို့ ရိုက်လာတာ။။။
ဒါကတော့ သူဆွဲနေတဲ့ တကယ့်အပြင်က ပုံပါ။။
အဲဒီနောက်မှာတော့ လိုက်ပို့တဲ့ သူငယ်ချင်းတွေရော ကျွန်တော်တို့ပါ ခြေကုန်သွားသလို ခြေထောက်တွေ မသယ်နိုင်အောင်ထိ ဖြစ်လာလို့ အဆောင်ကိုပြန်ပြီး တစ်ဖြတ်နားကြပါတယ်။။ ည(၁၁)နာရီထိုးရင် (၂)နာရီခွဲမှာလုပ်မယ့် "အဖြူရောင်ညများ" ပွဲတော်ဖွင့်ပွဲကို သွားကြဦးမှာမို့လေ။။။
နောက်နေ့မှ ကျန်တာတွေ ထပ်တင်ပေးပါတော့မည်။။ ရက်သတ္တ နှစ်ပတ်ခန့်ကြာခဲ့သည်မို့ တစ်ပုဒ်တည်းဖြင့် မကုန်ပါသဖြင့် အပိုင်း(၂) မျှော်ပါရန်... :P :P
လေးစားလျက်
အလင်းသစ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...