စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မန္ဘာခ်စ္တဲ့ ဘေလာ့ဂ္ဂါ


      သူငယ်ချင်းတို့ရေ၊ ကောင်းသောနေ့လေးပါနော်၊ ဒီနေ့ ကျနော် ပြောချင်တာလေးကတော့ အွန်လိုင်းလောကမှာ ကိုယ်တွေ့ ဖြစ်ရပ်တွေ၊ လေ့လာထားသမျှ စာတိုပေစတွေကို ပြန်လည် မျှဝေပေးနေတဲ့ ဘလော့ဂ်ဂါများရဲ့ ကိုယ်စား မြင်းမူ- မောင်နိုင်မိုး ရေးသားတဲ့ ပြည်သူချစ်တဲ့ စာရေးဆရာ ဆိုတဲ့ ကျဗျာလေးကို ကိုးကားပြီး  စကားလေး နည်းနည်း ပြောချင်ပါတယ်။

          သူငယ်ချင်းတို့ရေ... ၊ အွန်လိုင်း လောကကို လေ့လာကြည့်ရင် စာရေးသူ၊ စာရေး/ဖတ်သူနဲ့ စာဖတ်သူ ဆိုတာတွေကို တွေ့ရမှာ ဖြစ်ပါတယ်၊ ဒီတော့ အားလုံး သိကြတဲ့ အတိုင်းပါပဲ၊ အွန်လိုင်းမှာ စာရေးနေသူတွေဟာ သူတို့ရဲ့ ကိုယ်ပိုင် အချိန်တွေ ပိုနေလွန်းလို့၊ အလုပ်တွေ အားနေလွန်းလို့၊  စာရေးဆရာ ဖြစ်ချင်လွန်းလို့၊ ဂုဏ်သတင်း ကျော်ဇောချင်လွန်းလို့ ရေးနေကြတာ မဟုတ်ပါဘူး၊ အွန်လိုင်း သုံးနေတဲ့ ဘ၀တူ သူငယ်ချင်း တွေကို သူတို့ မှတ်သားထား သလောက်၊ သူတို့တွေ သိထား သလောက် လေးတွေနဲ့ အကျိုးပြု နေကြတာပါ၊ ဒါကြောင့်လည်း စာဖတ် ပရိတ်သတ်များ အနေနဲ့ အွန်လိုင်း လောကမှာ မိမိတို့ နှစ်သက်ရာ ကဗျာ၊ သုတ၊ ရသ၊ ဆောင်းပါး စသည့် မည်သည့် စာပေကိုမဆို လွယ်ကူစွာ ဖတ်မှတ် လေ့လာ ပြီးရင်တော့ မိမိတို့ရဲ့ သဘောထား အမြင်ကို အပြုသဘော ဆောင်တဲ့ ကွန့်မန့်လေးတွေ ရေးခဲ့ကြစေချင်ပါတယ်၊ ဘာကြောင့်လည်း ဆိုတော့  

စာဖတ်သူရဲ့ သဘောထား မှတ်ချက်တစ်ခုဟာ စာရေးသူ နောက်တစ်ပုဒ်
 ရေးနိုင်ဖို့ အတွက် အားဆေး တစ်ခွက်တဲ့လေ.....

မန္ဘာခ်စ္တဲ့ ဘေလာ့ဂ္ဂါ
xxxxx
ြန္လိုင္း ဘေလာ့ဂ္ဂါ ဆိုသည္မွာ
ကဗျာ ၀တ္ထု ဆောင်းပါးစုဖြင့်
သုတ ရသ ဟာဒယ စသည်
လောကပန်းချီ ဆေးချက်ညီလျှက်
မန်ဘာအပေါင်း မပျင်းရအောင်
အနုပညာ သူ့သစ္စာဖြင့်
မေတ္တာ ဖြန့်ဝေတတ်သူပါ။
xxxxx
အွန်လိုင်း ဘလော့ဂ်ဂါ ဆိုသည်မှာ
သပြာငွေကြေး ပုံလို့ပေးလည်း
ရေးချင်မှသာ ရေးတတ်စွာတည့်
ရင်မှာလေးနက် ခံစားချက်ကို
ပြိုးပြက် လင်းလှိုင် မြင်ကွင်းခိုင်မှ
ဆုတ်ကိုင် မိရ ဖန်ဆင်းပြသည်
ရတိုင်း မယူတတ်သူပါ။
xxxxx
အွန်လိုင်း ဘလော့ဂ်ဂါ ဆိုသည်မှာ
မိမိ ဂုဏ်အရှိန် ထွန်းလင်းထိန်ဖို့
လူတကာအလယ်မှာ ၀င့်ဝင့်ထည်ဖို့
ကြိုးကြိုးပမ်းပမ်း မစွဲလမ်းပဲ
မန်ဘာ့မှတ်ချက် အားပေးချက်အပေါ်
တင်းတိမ်ကျေနပ် ရောင့်ရဲတတ်၏
ချစ်မြတ်နိုးရာ စာ ကဗျာသာ
ရတနာတစ်ခု ပမာပြုသည့်
စိတ်ထားဖြူတဲ့ စေတနာရှင်ပါ။
xxxxx
သြော်.... လိုတိုင်းမတ ရတိုင်းမယူ
ဖြူစင်မေတ္တာ စေတနာဖြင့်
စာပေကလောင် တို့များဆောင်လျှက်
လှအောင်လည်းဆင် ယဉ်အောင်လည်းတွေး
အလေးဂရု အစဉ်ပြုလျှက်
မန်ဘာ့အကျိုး ဆောင်သယ်ပိုးရင်း
မြတ်နိုးဖွယ်သော စာပေတောဝယ်
ပျော် မော ကြည်ဖြူ ဖေးမကူမည်
မန်ဘာ့ မေတ္တာ ခံယူကာဖြင့်
ရှေ့ဆက် ချီစို့ ညီညွတ်စွာ
မန္ဘာ ခ်စ္တဲ့ ဘေလာ့ဂ္ဂါ။     ။
xxxxxxxxxx

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...