စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဝိပဿနာဘာဝနာ ဆိုတာ




ဒါနရယ် သီလရယ် သမထရယ်က
ဘုရားမပွင့်ခင်ကတည်းက ရှိပြီးသား။ဝိပဿနာဘာဝနာ၊ သတိပဋ္ဌာန် ဘာဝနာ
ဆိုတာက ဘုရားပွင့်တော်မူပြီးတဲ့ နောက်မှာမှ ဘုရားဟောမှပဲ ဖြစ်လာတာနော်။

ဝိပဿနာဘာဝနာက မနောကံကို အပေါ်ယံ
ထိန်းထား ချုပ်ထားရုံတင် မဟုတ်ဘူး။(သမထဘာဝနာက စိတ်ကို တခြားအာရုံ
မရောက်အောင် အတင်းချုပ်ထားတာ၊ ဖမ်းထားတာ။ထိန်းထားတဲ့ သဘောဖြစ်တယ်။) ၀ိပဿနာဘာဝနာကစိတ်မှာ ဖြစ်တတ်တဲ့ ကိလေသာရဲ့ သဘာဝကို နက်နက်နဲနဲ
သိပြီးတော့ အသိဥာဏ်နဲ့ ပယ်လိုက်တာ။

အဲဒီတော့ ဘာနဲ့ တူသလဲဆိုတော့ သမထက
ဖိထားတာနဲ့ တူတယ်။ ထွက်မလာအောင် အပေါ်ကနေဖုံးထားတယ်၊ ဖိထားတယ်။
ဝိပဿနာက ဖုံးထား ဖိထားတာ မဟုတ်ဘူး။အတွင်းကနေ သူ့ ရဲ့ အကြောင်းရင်းကို ကုလိုက်သလိုပဲ။
ကိလေသာကို အရင်းအမြစ်ကနေပြီးတော့ တစ်ခါတည်း
ပယ်နိုင်အောင် အားထုတ်တဲ့ ဘာဝနာဖြစ်တဲ့ အတွက်ကြောင့် ပိုပြီးတော့ နက်နဲတယ်။ ဥာဏ်အများကြီးပါတယ်။ ကာယာနုပဿနာ၊ ဝေဒနာနုပဿနာ၊
စိတ္တာနုပဿနာ၊ ဓမ္မာနုပဿနာ တို့ ကိုအားထုတ်လာတဲ့ အခါမှာ သဘာဝကို
အမှန်အတိုင်းမြင်အောင် ကြည့်တာပဲ။

ဆရာတော် ဦးဇောတိက(ကိုယ်နွမ်းသော်လည်း စိတ်မပန်းပါ-မှ)

မေတ္တာဖြင့် စုစည်းဝေမျှသူ  အနှိုင်းမဲ့စာတိုပေစများ
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...