စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကုသိုလ်များ တယ်အားရစရာကောင်းတယ်



ကုသိုလ်များ တယ်အားရစရာကောင်းတယ်။
(ဓမ္မပဒ၊ သာမာဝတီဝတ္ထုထဲမှာ) ဂေါတမမြတ်စွာဘုရားရှင်
ပွင့်ထွန်းတော်မူစ အချိန်က အဖြစ်အပျက်ကလေးပါ။

ဟို..ဟိမ၀န္တာက ရသေ့ငါးရာ ကောသမ္ဗီပြည်ကို ၀ါကပ်ဖို့ 
လာကြတာ။ လမ်းခုလတ်မှာ အရိပ်အာဝါသကောင်းတဲ့ညောင်ပင်ကြီးတစ်ပင်အောက် ခရီးတစ်ထောက်
နားနေကြတယ်။ အဲဒီမှာ ရေကလဲဆာ၊ မောကလဲမောနှင့်ခေါင်းဆောင်ရသေ့ကြီး စိတ်ကူးပေါ်လာတာက....

အင်း ဒီလောက်ကြီးကျယ်တဲ့ ညောင်ပင်ကြီးမှာနေတဲ့
ရုက္ခစိုးနတ်မင်းကြီးဟာလဲ သမညမဟုတ်ဘူး။တန်ခိုးကြီးတဲ့ ရုက္ခစိုးနတ်မင်းကြီးတစ်ဦးဖြစ်မှာပဲ။
နတ်တို့ တန်ခိုးနှင့် သောက်ရေကလေးများပေးရင် ကောင်းမှာပဲ" လို့  စိတ်ကူးမိသတဲ့။

နတ်မင်းကြီးက ရသေ့ကြီးစိတ်ကူးတာသိပြီး
ရေလှူလိုက်တယ်။ နောက် .. ချိုးရေ စားစရာသောက်စရာ စိတ်ကူးတိုင်း စိတ်ကူးတိုင်း လှူလိုက်တယ်။
ရသေ့ကြီးက ဆက်ပြီးတောင့်တတယ်။

"သြော် .. ဒီလောက် တန်ခိုးကြီးတဲ့ နတ်မင်းကြီးကို မြင်ချင်စမ်းပါဘိ"
နတ်မင်းကြီးကလဲ ညောင်ကိုင်းတွေကြားက ကိုယ်ထင်ပြလိုက်တယ်။ ရသေ့တွေအားလုံးဟာ နတ်မင်းကြီးရောနတ်ဗိမာန်ကြီးပါ မြင်ရတော့ သိပ်ပြီးအံ့အားသင့်
ဝမ်းမြောက်ပြီး ၀ိုင်းမေးကြပြန်တယ်။

"နတ်မင်းကြီး... သင်ရဲ့ စည်းစိမ်တွေ တန်ခိုးဣဒ္ဓိပါဒ်တွေ
ကြီးကျယ်လိုက်တာ။ ဘယ်လိုကောင်းမှုကုသိုလ်တွေပြုလုပ်ခဲ့လို့ ပါလဲ"။ ဒီတော့ နတ်မင်းကြီးက -

"အရှင်ရသေ့တို့ ... ဒါကိုတော့ မမေးကြပါနှင့်၊
မသိချင်ကြပါနှင့်" လို့ ပြောတယ်။ တောင်းပန်ရှာတယ်။သူလုပ်ခဲ့တဲ့ ကုသိုလ်က နည်းနည်းကလေး
မပြောပလောက်တော့ ရှက်ပြီးနေသတဲ့။ ရသေ့တွေကမေးလွန်းမက မေးကြတော့မှ အနာထပိဏ် သူဋ္ဌေးကြီးအိမ်မှာ အခစားနှင့် လုပ်ရတဲ့ ဆင်းရဲသားဖြစ်ကြောင်း၊
သူဋ္ဌေးကြီးအိမ်မှာ နို့ စို့ ကလေးတွေက အစဥပုသ်စောင့်ကြရကြောင်း၊ သူလဲ တောထဲမှ ပြန်လာ၊
ဥပုသ်နေ့ မှန်း ညနေရောက်မှ သိပြီး နေ့ ဝက်ဥပုသ်စောင့်ရာက လေနာထပြီး ကွယ်လွန်ခဲ့ကြောင်း
ရှက်ရှက်နှင့် ပြောပြရှာသတဲ့။

ကဲ..ကြည့်စမ်း ၊ ဒို့ ဒီကယောဂီတွေလို အပြည့်စောင့်ရတဲ့ ၉ ပါးသီလမျိုး၊ သမထ ၀ိပဿနာ ကုသိုလ်မျိုး
မဟုတ်သေးဘူး၊ အားတက်စရာ မကောင်းဘူးလား။

(မြေဇင်းဆရာတော်ဘုရားကြီး)

မေတ္တာဖြင့် စုစည်းဝေမျှသူ
အနှိုင်းမဲ့စာတိုပေစများ
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...