စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







“ ဝတ်ကျေ တမ်းကျေ တာဝန်ကျေလိုမှု ”

 
“၀တ်ကျေ တမ်းကျေ၊ သံပြုံးတမန်ပြုံး” စသည့် အကြောင်းနှင့် ပတ်သက်ပြီး အောက်ပါ အကြောင်းအရာလေးကို ပြောပြချင် ပါသည်။

တစ်ခါတုန်းက ဖြစ်သည် -

အသက်အရွယ် ကြီးရင့်လာပြီ ဖြစ်သည့် လက်သမား ဆရာကြီး တစ်ယောက် ဟာ အသက်အရွယ် အရ သော်လည်းကောင်း၊ အေးအေးလူလူ နေချင်သည့် အတွက်ကြောင့် သော်လည်းကောင်း အနားယူချင် နေခဲ့သည်။

ထို့ကြောင့် လက်သမား ဆရာကြီးသည် မိမိနှင့် စာချုပ် ချုပ်ဆိုထားသည့် မိမိရဲ့ အလုပ်ရှင်ကို မိမိအနေဖြင့် အိမ်ဆောက်သည့် လုပ်ငန်းကနေ အနားယူချင်ပြီး မိမိဇနီး၊ သားသမီးတွေနှင့် အတူတူ ပျော်ရွှင် ချမ်းမြေ့သည့် မိသားစု ဘ၀လေးမှာ နေထိုင် သွားလိုကြောင်း သူ့ရဲ့ အကြံအစည်ကို ပြောပြလိုက် သည်။ လက်သမား ဆရာကြီးက သူ့သဘော ဆန္ဒအရသာ သူ့အလုပ်ရှင်ကို ပြောရသော်လည်း သူ့အနေဖြင့် အလုပ်ရှင်အပေါ်တွင် စာချုပ် သက်တမ်းအရ အကြွေးတွေ ကျန်နေသေးသည်။ သို့သော်လည်း သူ အမှန်တကယ်ကို အနား ယူချင် နေခဲ့သည်။ သူ့လို တော်တဲ့ လက်သမား ဆရာကြီးဆီက အနားယူမည် ဆိုသည့် စကားကြားရသည့် အခါ အလုပ်ရှင်အနေဖြင့် စိတ်မကောင်း ဖြစ်သွား ရသည် ။

ထို့နောက် အလုပ်ရှင်က “ လူမှုရေးအရ ကျွန်တော့်ကို အိမ်တစ် လုံးလောက် နောက်ဆုံးအနေနဲ့ ဆောက်ပေး နိုင်မလား ”

လက်သမား ဆရာကြီးက “ ကောင်းပါပြီ ” လို့ပြောလိုက်တယ်။

ဒါပေမဲ့ အမှန်တကယ် နောက်ဆုံးအိမ်ကို ဆောက်ကြသည့်ခါ လက်သမား ဆရာကြီးရဲ့ ရင်ထဲ နှလုံးသား ထဲမှာ သိပ်စိတ်မပါချင် တော့ပေ။ နောက်ဆုံး အိမ်ဖြစ်သည့် အတွက် စေတနာလည်း လျော့ရဲ သွားသလို စိတ်ကလည်း အနားယူချင် စိတ်သာ စိုးမိုးနေခဲ့သည့် အတွက် နောက်ဆုံး သူဆောက်ရမယ့် အိမ်ကိုလည်း ကရော်ကမယ်၊ ၀တ်ကျေတမ်းကျေ အဖြစ်လောက်သာ ဆောက်လုပ် ဖြစ်ခဲ့သည်။ အိမ်ဆောက် ပစ္စည်းတွေကိုလည်း အရည်အသွေး ညံ့တဲ့ ပစ္စည်းတွေ ကိုပဲ အသုံးပြုခဲ့သည်။

ထိုသို့ပင် လက်သမား ဆရာကြီးသည် သူ့ဘ၀၏ နောက်ဆုံးအိမ်ကို ဆောက်လုပ် ပြီးစီးသွား ခဲ့သည်။ အလုပ်ရှင်က အိမ်ကို လာကြည့်ပြီး လက်သမား ဆရာကြီးကို လက်ဆွဲ နှုတ်ဆက်လိုက်သည်။ ထို့နောက် အိမ်သော့ ကိုယူပြီး

“ ဒါဟာ ခင်ဗျားရဲ့ အိမ်ပါပဲ ကျွန်တော် ခင်ဗျားကို နောက်ဆုံးအနေနဲ့ လက်ဆောင် ပေးတာပါ ” ဟု ပြောလိုက်သည်။

အကြောင်း အရာလေးကတော့ ပြီးသွားခဲ့ပါပြီ။ ကျွန်ုပ်တို့အနေဖြင့် “၀တ်ကျေ တမ်းကျေ” ဟူသော စကား၏ နောက်ကွယ်တွင် စေတနာ ပျက်ကွက်ခြင်း သဘောတွေ ပါဝင် နေတတ်သည်ကို ကျွန်ုပ်တို့နေ့စဉ် ဖြတ်သန်းနေရသော လူမှုဘ၀တွင် မြင်တွေ့ရပေမည်။

မကြာသေးမီ ကာလကပင် တာဝန်ဝတ္တရားအရ လုပ်ဆောင်ခဲ့ကြသော သူများသည် မိမိတို့ တာဝန် ၀တ္တရားအရ လုပ်ကိုင် ဆောင်ရွက် လိုက်ရ သော်လည်း မိမိလုပ်ဆောင်သော ဆောင်ရွက်ချက် အပေါ်တွင် စေတနာ ကောင်း မပါခဲ့သောကြောင့် လူအများ၏ ပါးစပ်ဖျားတွင် ရေးပန်းစားသွားခဲ့ပြီး မိမိ၏ ရာထူး၊ အာဏာ၊ အသက်အရွယ်၊ အရည်အချင်း အစရှိသည့် ဂုဏ်သိက္ခာ များပင် အဖတ်ဆည် မရလောက်အောင် ဖြစ်ခဲ့ရသော သာဓက များပင် ပူပူနွေးနွေး ရှိနေပေသေးသည်။

မှန်လှသည် -

အချို့သော သူများကား မိမိ၏ ကိုယ်ကျိုး သက်သက်မျှသာ ငဲ့ကြည့်တတ်သော သူငယ်နာ မစင်သေးသည့် စိတ်ထားများဖြင့် တာဝန် ၀တ္တရားများကို တာဝန်ယူကာ ထမ်းဆောင် နေကြသည်။ သို့သော်ကား ထိုပုဂ္ဂိုလ်တို့ ကိုယ်တိုင်ပင် မိမိယူထားသော တာဝန်မှာ အဘယ်အတိုင်း အတာ ပမာဏ ရှိနေသည်ကို ကောင်းစွာ ပိုင်းခြားပြီး သိမြင်နိုင်သူများကား မဟုတ်ပေ။ သိမြင်နိုင်သူ အပိုင်းကား နည်းပါးလှပြီး အများစုမှာ စိုင်ကော်လို့ ခြုံပေါ် ရောက်သွား သူများသာ ဖြစ်နေသည်ကို တွေ့ရပေမည်။ ထိုသူအများစု ပြုလုပ်လိုက်သော အမှုကိစ္စ အ၀၀တို့ကို လေ့လာကြည့်မည် ဆိုပါက ၀တ်ကျေ တမ်းကျေ လုပ်ရပ်များဖြင့်သာ အတိပြီးနေသည်ကို တွေ့ရပေမည်။

အမှန်ကား မိမိယူထားလိုက်သော တာဝန် ၀တ္တရားအပေါ်တွင် တာဝန်ရှိသူ သည် မဖြစ်မနေ တာဝန် ယူရမည်းကား မြေကြီးလက်ခတ် မလွဲပင်။ ထို့ကြောင့် ထိုတာဝန် ၀တ္တရားကို မဖြစ်မနေ ပြုလုပ်ရပေမည်။ ထိုသို့ ပြုလုပ်လိုက် ရသော အခါတွင် တာဝန်ရှိသူ အနေဖြင့် လုံ့လပယောဂ၊ ဦးနှောက် အတွေးအခေါ် စသည်တို့ကို စိုက်ထုတ်ရ ပေတော့မည်။ သို့သော် မိမိအနေဖြင့် မည်မျှပင် စိုက်ထုတ်ပင် စိုက်ထုတ်လိုက် ရပါသော်လည်း ထိုလုပ်ရပ်အပေါ်တွင် စေတနာ မသန့်ဖြစ်ပါက၊ စေတနာမပါ ဖြစ်ခဲ့ပါက အချည်းနှီး အလဟဿ ဖြစ်ကာ နောင်တ (ကုက္ကုစ္စ)တရား ကြီးစွာရနိုင်ပြီး ပူပန်နေရပေမည်။

ထိုနောင်တ တရားကား မိမိဘ၀ ကူးပြောင်းသည့်တိုင် ဖြစ်နေမည် ဆိုပါက ဗုဒ္ဓ၀ါဒ သဘောအရ နောင်ဘ၀အတွက်ပင် မတွေးဝံ့စရာ ဖြစ်သွားနိုင်သည်။

ထို့ကြောင့် မိမိအနေဖြင့် မဖြစ်မနေ လုပ်ဆောင်ရမည့် တာဝန်ဝတ္တရားများ အပေါ်တွင် လုပ်ဆောင်ရမည့် အတူတူ အများအတွက် အကျိုးလည်း အမှန် တကယ် ရှိဖြစ်သွားအောင် လုပ်ဆောင်တိုင်း လုပ်ဆောင်တိုင်း အခိုက် အတန့်တွင် စေတနာ ကောင်းလေးများ ထည့်ထားပေးပြီး သို့မဟုတ် ကိုယ်သာ ဆိုလျှင်ဆိုသည့် အတွေးလေးများ ထည့်ထားပေးပြီး လုပ်ဆောင်နိုင်မှသာလျှင် ……..


ဘ၀ကျောင်းဖတ်စာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...