စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မြူဆိုင်းခြင်းကြောင့်ဖြစ်တတ်သည့် ကျန်းမာရေးပြဿနာများ



လေထုအတွင်းမှာ ကာဗွန်ဒိုင်အောက်ဆိုက်၊ ကာဗွန်မိုနောက်ဆိုက်၊ နိုက်ထရိုဂျင် အောက်ဆိုက်၊ တခြားဓာတုပစ္စည်းတွေနဲ့ အမှုန်အမွှားတွေ ရောစပ်သွားရင် မြူဆိုင်း သွားပြီး ကျန်းမာရေးအတွက် အန္တရာယ် ရှိပါတယ်။ တော်ရုံတန်ရုံ မြူဆိုင်းသွား တာဟာ ကျန်းမာနေတဲ့ လူတွေအတွက် အန္တရာယ် သိပ်မများလှပေမယ့် နဂိုရှိပြီးသား ရောဂါတွေကိုတော့ ပိုမိုဆိုးရွား စေနိုင်ပါတယ်။ ေ
တာမီးလောင်ကျွမ်း သလိုမျိုး PSI (Pollutant Standards Index) ၁၀၀ မှတ်ထက်ကျော်သွားရင် လူတိုင်းအတွက် အောက်ပါ ကျန်းမာရေး ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

၁။ နှာခေါင်း
အသက်ရှူသွင်းစဉ်မှာ ဓာတုပစ္စည်းနဲ့ အမှုန့်တွေဟာ နှာခေါင်းကို ယားယံစေတဲ့အတွက် အဲဒီအမှုန်တွေကို ခန္ဓာကိုယ်အပြင်သို့ ထုတ်နိုင်အောင် နှာခေါင်းမှာ ချွဲတွေလုပ်ပေးပါတယ်။ ချွဲတွေအများကြီး ထွက်လာတာကြောင့် နှာခေါင်းတွင်းလမ်းကြောင်းပိတ်ဆို့ပြီး (နှာပိတ်ပြီး) နှာခေါင်းအတွင်း ရောင်ရမ်းလာပါတယ်။ ဓာတ်မတည့်တာကြောင့် နှာစေးတတ်သူ (Allergic Rhinitis) တွေမှာ အခြေအနေ ပိုဆိုးတတ်ပါတယ်။ Antihistamine သောက်ပေးဖို့လိုပါတယ်။

၂။ အဆုတ်နှင့် အသက်ရှူလမ်းကြောင်း
အမှုန်တွေဟာ အသက်ရှူလမ်းကြောင်းအတိုင်း ဝင်ရောက်လာတဲ့အခါမှာ အဆုတ်နဲ့ အသက်ရှူလမ်းကြောင်း ရောင်ရမ်းမှုတွေ ဖြစ်လာပါတယ်။ အမှုန်တွေ အပြင်ထွက် သွားအောင် အဆုတ်နဲ့ အသက်ရှူလမ်းကြောင်းမှ ချွဲတွေထုတ်ပေးပါတယ်။ ဒါ့အပြင် ပြင်ပပစ္စည်းတွေ ထုတ်ပစ်နိုင်အောင် ချောင်းဆိုးတဲ့ တုံ့ပြန်မှုတွေ ဖြစ်လာပါတယ်။ ချွဲတွေကြောင့် အသက်ရှူလမ်းကြောင်း ကျဉ်းမြောင်းသွားသဖြင့် ချွဲတွေလည်း ထပ်မံပြီး ပိုထွက်လာကာ နာတာရှည် အသက်ရှူလမ်းကြောင်းပြဿနာ မရှိသူတွေမှာတောင် အသက်ရှူမဝတာတွေ ဖြစ်လာတတ်ပါတယ်။
ကလေးငယ်တွေဟာ အသက်ရှူနှုန်း မြန်ဆန်ပြီး ဇီဝရုပ်ဖြစ်ပျက်နှုန်းလည်း မြင့်တက်ကာ သူတို့ရဲ့အဆုတ်ဟာ ကြီးထွားဆဲ ဖြစ်တာကြောင့် သူတို့မှာ ပိုပြီးအန္တရာယ်များပါတယ်။ အသက်ကြီးသူတွေနဲ့ ကိုယ်ဝန်ဆောင်သူတွေမှာလည်း သူတို့ရဲ့အဆုတ် ထုထည်ပမာဏ နည်းသွားတာကြောင့် အထူးဂရုစိုက်ရပါတယ်။ ရင်ကျပ်ပန်းနာရှိသူနဲ့ နာတာရှည် အဆုတ်ရောဂါရှိသူတွေအနေနဲ့ မိမိသောက်နေကျဆေးဝါးတွေကို နေ့စဉ်သောက်ရမှာ ဖြစ်ပြီး လိုအပ်ပါက ဆေးဝါးပမာဏ တိုးမြှင့်ဖို့ လိုအပ်တာကြောင့် ဝေဒနာစတင် ခံစားနေရတာနဲ့ မိမိရဲ့မိသားစုဆရာဝန်နဲ့ ပြသပါ။

၃။ နှလုံး
နှာခေါင်းနဲ့ အသက်ရှူလမ်းကြောင်း ရောင်ရမ်းတာကြောင့် ခန္ဓာကိုယ်တွင်း ဖိစီးမှုများ လာပြီး နှလုံးခုန်နှုန်းမြန်လာကာ သွေးဖိအား မြင့်တက်လာပါတယ်။ ခန္ဓာကိုယ်ကလည်း သွေးခဲမှုမြန်မြန်ဖြစ်စေမယ့် ဓာတုပစ္စည်းတွေ ထုတ်လုပ်လာပါတယ်။ သွေးဖိအား မြင့်တက်တာနဲ့ သွေးခဲမှုတွေဖြစ်လာတာကြောင့် နှလုံးသွေးကြောရောဂါရှိသူ ဒါမှမဟုတ် နှလုံးမကောင်းသူတွေမှာ နှလုံးတိုက်ခိုက်ခံရတာ၊ လေဖြတ်တာ ဒါမှမဟုတ် နှလုံးအလုပ် မလုပ်နိုင်တာတွေ ဖြစ်လာနိုင်ပါတယ်။

၎။ မျက်စိ
အမှုန်တွေနဲ့ ဓာတုပစ္စည်းတွေဟာ မျက်စိထဲဝင်ရောက်သွားရင် မျက်စိမှာ ပူစပ်ပူလောင် ဖြစ်တာကြောင့် မျက်စိမှ မျက်ရည်တွေထွက်လာပြီး မျက်စိရောင်ရမ်းနာ (Conjunctivitis) ဖြစ်လာနိုင်ပါတယ်။ မျက်စိခြောက်သွေ့တတ်သူ (အထူးသဖြင့် ကွန်ပျူတာ ကြာကြာ ကြည့်ရသူတွေ) နဲ့ Allergic Conjunctivitis ရှိသူတွေမှာ ဖြစ်နိုင်ခြေ ပိုများတတ်ပါတယ်။ မျက်ကပ်မှန်တပ်ဆင်သူများ မျက်ကပ်မှန်ဖြုတ်ထားသင့်ပြီး မျက်ရည်ချောဆီကို မျက်စိအတွင်း မကြာခဏ ထည့်ပေးသင့်ပါတယ်။ မျက်စိရောင်ရမ်းမှုအတွက် မျက်စိပေါ်မှာ ရေနွေးဖတ်နဲ့ တစ်မိနစ်မှ နှစ်မိနစ်ခန့် ကပ်ထားပေးပါ။ ရောဂါလက္ခဏာ ပိုဆိုးလာပါက ဆရာဝန်နဲ့ပြပါ။

၅။ အရေပြား
မြူဆိုင်းတာဟာ ကျန်းမာတဲ့အရေပြားအပေါ် အန္တရာယ်သိပ်မပေးနိုင်ပါဘူး။ ဒါပေမဲ့ နှင်းခူရောဂါရှိသူတွေမှာ ပိုမိုယားယံပြီး ရောင်ရမ်းလာနိုင်တဲ့အတွက် Moisturiser ကို တစ်နေ့သုံးလေးကြိမ် လိမ်းပေးပါ။

ကာကွယ်နည်းလမ်းများ
အဆုတ်နဲ့ နှလုံးရောဂါရှိသူတွေအနေနဲ့ မြူအသင့်အတင့်ရှိနေရင် အိမ်ထဲမှာပဲနေသင့်ပြီး အိမ်ပြင်ထွက်ပြီး လမ်းလျှောက်တာတွေ မလုပ်သင့်ပါ။ ကျန်းမာတဲ့ သူတွေဟာလည်း မြူဆိုင်းတာ အရမ်းများနေစဉ်မှာ PSI အမှတ် ၁၀၀ ကျော်ရင် အိမ်တွင်းမှာပဲ နေသင့်ပါတယ်။ အကယ်၍ အိမ်အပြင်ထွက်ရရင် နှာခေါင်းမှာ နှာခေါင်းစည်းအုပ်ပြီးမှ ထွက်သင့်ပါတယ်။ နှာခေါင်းစည်းအုပ်ထားတာတောင် အလွန်သေးငယ်တဲ့ အမှုန်တွေဟာ ခန္ဓာကိုယ်တွင်းဝင်ရောက်ပြီး ဒုက္ခပေးနိုင်တာမို့ တတ်နိုင်ရင် အိမ်အပြင်မထွက်ပါနဲ့။Health

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...