စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







နည်းပညာလောက အရေးပါခဲ့သော မမများ



Written by တင်ညွန့်

တလောက Google ထဲဝင်ပြီး "women in technology" ဆိုတာ ရှာကြည့်လိုက်တယ်။ စိတ်မကောင်းစရာ ရှားပါးလိုက်တာ။ တွေ့မယ့်တွေ့တော့လည်း Maximum PC ထဲ လာတွေ့တယ်။
ခေတ်ဟောင်း၊ ခေတ်နှောင်းကနေ ခုကာလအထိ ကျွန်တော်တို့ မကြားဘူးတဲ့ မမတွေရဲ့ အမည်တွေကို တွေ့လိုက်သိလိုက်ရတယ်။ ဒီ မမ တွေ နည်းပညာ လောကအတွက် ဘာတွေ စွမ်းဆောင် အောင်မြင်ခဲ့ကြသလဲ ကြည့်လိုက်ရင် စိတ်ဝင်စားစရာတွေပဲ။
အမျိုးသမီးတွေဟာ အိုင်တီလောကမှာ သူ့နေရာနဲ့သူ အရေး ပါခဲ့ကြတာ မငြင်းနိုင်ပါဘူး။ သူတို့ကို ဘာကြောင့် အမွှန်းတင်ကြရတာလဲ။

15. The Ladies of ENIAC

Kay McNulty, Marlyn Wescoff, Fran Bilas, Ruth Lichterman ဆိုတဲ့ အမျိုးလေးယောက်နဲ့ ပုံထဲမှာ မပါတဲ့ Adele Goldstein နဲ့ Betty Snyder ဆိုသူတွေဟာ ပထမဦးဆုံး "computors" လို့ခေါ်တဲ့ ENIAC မှာ စတင်အလုပ်လုပ်ခဲ့သူတွေ ဖြစ်တယ်။


ပင်ဆယ်ဗေးနီးယားတက္ကသိုလ်မှာရှိတဲ့ Moore အင်ဂျင်နီယာကျောင်းမှာ သူတို့ ဒီကွန်ပျူတာနဲ့ အလုပ်လုပ်ခဲ့ကြတယ်။ သူတို့ လုပ်ငန်းကိုခေါင်းစဉ် အနေနဲ့ "computer" လို့ပေးခဲ့ကြတယ်။ ပစ်ခတ်မှုစာရင်း၊ ဗုံးကြဲတဲ့ လမ်းကြောင်းတွေကို ဒီအမျိုးသမီးတွေက ကွန်ပျူတာနဲ့အတူ တွက်ချက်ပေးခဲ့ကြတယ်။


သူတို့တွက်ချက်မှု အခြေခံစက်ကတော့ ENIAC ကွန်ပျူတာပေါ့။ ဒီအမျိုးသမီး ၅ ယောက်လောက်ဟာ ENIAC ကွန်ပျူတာရဲ့ switch ပေါင်း ၃ဝဝဝ နဲ့ တန် ၈ဝ လောက် ရှိတဲ့ ဟာ့ဒ်ဝဲတွေကို သူတို့လက်တွေနဲ့ ကိုင်တွယ်စီမံခဲ့ကြရတာ ဖြစ်ပါတယ်။
ENIAC ခေတ်ရောက်လာတော့ ယခင် "computors" လို့ခေါ် တဲ့စက်တွေ သိပ်အသုံးမဝင်တော့ဘူး။ Adele Goldstine နဲ့ Betty Jennings တို့နှစ်ယောက်က ENIAC မှာ ပရိုဂရမ်ကို store လုပ်ရတဲ့ တာဝန်ကိုယူရတယ်။


Goldstein ကတော့ ENIAC ရဲ့ မူလ technical menual ကိုရေးတဲ့သူဖြစ်ပါတယ်။ သူတို့ကြိုးပမ်းမှုကြောင့် ပထမဦးဆုံး ဆော့ဖ်ဝဲ application တွေနဲ့ ပထမဦးဆုံး programming classes တွေပေါ်ပေါက်လာခဲ့တယ်။ အဲဒီ ENIAC မှာ လုပ်ခဲ့တဲ့အမျိုးသမီးတွေကို ၁၉၉၇ ခုနှစ်မှာ WITI Hall of Fame ဆိုတဲ့ဘွဲ့တွေကို ပေးအပ်ချီးမြင့် ဂုဏ်ပြုခဲ့တယ်။


https://www.facebook.com/photo.php?fbid=441375055960331&set=a.351047714993066.7

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...