စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဗြိတိန်အရောင်းရဆုံးသီချင်းအဖြစ် PSY ၏ Gangnam Style ရပ်တည်




 တောင်ကိုရီးယား Rapအဆိုတော် PSY၏
Gangnam Style သီချင်းသည် ဗြိတိန်၏ အရောင်း
ရဆုံး သီချင်းများ စာရင်းတွင် နံပါတ်(၁)
ချိတ်ခဲ့ကြောင်း သိရသည်။



 မြင်းစီးသည့် ပုံစံ ကဟန်ကြောင့် နာမည်ကြီးခဲ့သော သီချင်းဗီဒီယိုသည်
ကမ္ဘာအနှံ့တွင် အောင်မြင်မှု ခမ်းနားကြီးကျယ်စွာ ရရှိနေသလို ယခုအခါ
 ဗြိတိန် ဈေးကွက်ကိုပါ ထိုးဖောက်လာခြင်း ဖြစ်သည်။

ဗြိတိန်အရောင်းရဆုံးသီချင်းအဖြစ် PSY ၏ Gangnam Style ရပ်တည်
တောင်ကိုရီးယား Rapအဆိုတော် PSY၏ Gangnam Style သီချင်းသည် ဗြိတိန်၏
အရောင်းရဆုံး သီချင်းများ စာရင်းတွင် နံပါတ်(၁) ချိတ်ခဲ့ကြောင်း သိရသည်။

 မြင်းစီးသည့် ပုံစံ ကဟန်ကြောင့် နာမည်ကြီးခဲ့သော သီချင်းဗီဒီယိုသည် ကမ္ဘာ
အနှံ့တွင် အောင်မြင်မှု ခမ်းနားကြီးကျယ်စွာ ရရှိနေသလို ယခုအခါ ဗြိတိန်
 ဈေးကွက်ကိုပါ ထိုးဖောက်လာခြင်း ဖြစ်သည်။ ဗြိတိန်တွင် သီချင်းအဓိပ္ပါယ်ကို
 လူအတော်များများ နားမလည်ကြသော်လည်း PSY၏ မြူးကြွသော သံစဉ်နှင့်
ကဟန်ကို ခုံမင်စွာ အားပေးခြင်းကြောင့် ယခုလို အောင်မြင်မှု
ရလာခြင်း ဖြစ်သည်။





PSYသည် ကိုရီးယား အဆိုတော် တစ်ဦး အနေဖြင့် ဗြိတိန်၏ အရောင်းရဆုံး
သီချင်းများ စာရင်းတွင် ပထမဆုံး နံပါတ်(၁) ချိတ်ဖူးသူလည်း ဖြစ်လာသည်။

 Gangnam Style၏ အောင်မြင်မှုသည် အရှိန်အဟုန်နှင့် ဆက်လက်ပျံ့နှံ့နေရာ
 ဗြိတိန်တွင် သီချင်းရောင်းချရမှုသည် တစ်ပတ်အတွင်း (၇၃)ရာခိုင်နှုန်း
တိုးပွားလာခဲ့သည်။



 အဆိုပါ သီချင်းကို YouTubeတွင် တရားဝင် လွှင့်တင်ထားရာ ဝင်ရောက်
 ကြည့်ရှုသူပေါင်း (၃၂၇)သန်း ရှိနေပြီဖြစ်သည်။ ထို့အပြင် Likeလုပ်သူ
အရေအတွက်မှာလည်း စံချိန်တင်အဖြစ် (၃.၁)သန်းကျော် ရှိလာသည်။



PSYသည် ဗြိတိန်တွင် ၎င်း၏သီချင်း နံပါတ်(၁) ချိတ်သည့်အတွက် အထိမ်းအမှတ်
တစ်ခုခု ပြုလုပ်ရန် စိတ်ကူးကြောင်း ဆိုသည်။ ၎င်းက "ဗြိတိန်က ပရိသတ်
အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်နဲ့ Gangnam Styleကို ထောက်ခံ
အားပေးခဲ့လို့ပါ။

 ကျွန်တော် ဒီအတွက် ဘာလုပ်မယ်ဆိုတာ တွေးနေပါသလား။ တစ်ခုခုတော့
 ဖြစ်မှာပါ"ဟု ပြောကြားခဲ့သည်။ PSYက The Sun သတင်းစာနှင့် အင်တာဗျူး
တွင် မိမိ၏ သီချင်းအတွက် အဓိက ဒဿနမှာ အဝတ်အစားကို အဆင့်
အတန်းမြင့်မြင့် ဝတ်ဆင်ရင်း ခပ်ပေါပေါ ကခုန်ခြင်းဖြစ်ကြောင်း
 ပြောဆိုထားသည်။

Plannet News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...