စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဟိုင်းဝေးလမ်းပေါ်မှ ရေလမ်းပို့ဆောင်ရေး





ဟိုင်းဝေးလမ်းပေါ်မှာ ရေလမ်းဖောက်လုပ်ထားမှုကို နယ်သာလှန်နိုင်ငံ မှ ပြုလုပ်ထားပါတယ်။

Ringvaart လို့အမည်ရတဲ့ တူးမြောင်းဖြစ်ပြီး နယ်သာလှန်နိုင်ငံ အနောက်မြောက်ပိုင်း North Holland မှာ တည်ရှိတာ ဖြစ်ပါတယ်။ ၁၉၃၈ ခုနှစ်က စတင်တည်ဆောက်တဲ့ ရေတူးမြောင်းဖြစ်ပြီး ၁၉၄၅ ခုနှစ်မှာ စတင်အသုံးပြုခဲ့ပါတယ်။ ဟိုင်းဝေးလမ်းဖောက်လုပ်မှုကိုတော့ ၁၉၆၁ ခုနှစ်မှ ပြုလုပ်ခဲ့တာ ဖြစ်ပြီး ရေတူး
မြောင်း အောက်မှာ သုံးလမ်း ဖောက် လုပ်ခဲ့ခြင်း ဖြစ်ပါတယ်။

Ringvaart (Aqueduct Ringvaart Haarlemmermeer) အမည်ရ တူးမြောင်းဟာ အမှန်တော့ ၃၈ မိုင်ရှည်ပြီး မြို့ တစ်မြို့ ကနေ တစ်မြို့ ဆက်သွယ် ထားခြင်း ဖြစ်ပါတယ်။ ပျှမ်းမျှ အနက် ၈ ပေရှိပြီး လှေငယ်များ သွားလာနိုင်ပါတယ်။ ၇၀ စတုရန်းမိုင် ဧရိယာ ရှိတဲ့အတွက်လည်း ပို့ဆောင် ဆက်သွယ်ရေးအတွက် အသုံပြုနိုင်ခြင်း ဖြစ်ပါတယ်။ အပန်းဖြေလှေများ လည်း သွားလာခြင်းပြုလုပ်ပါတယ်။

Ringvaart ဟာ ၁၉၄၀ ဝန်းကျင်ကတည်းက တည်ရှိခဲ့တာ ဖြစ်တဲ့အတွက် ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် နေရာဒေသများထဲမှာလည်း တစ်ခုအပါ အဝင် ဖြစ်တယ်လို့ သိရပါတယ်။
---
Ref:wikipedia

http://innewsmyanmar.blogspot.com/2012/10/blog-post_3870.html

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...