စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကျောင်းသားကျောင်းသူများအတွက်စာဖတ်နည်း

ကျောင်းစာဖတ်သူများ ကျောင်းစာများအလွယ်တကူမမေ့ရန်အတွက် ဝေမျှပေးလိုက်ပါသည်။

(၁) ဘောလ်ပင်ကိုင်ပြီးဖတ်

စာဖတ်သည့်အခါ အချက်အလက်များကို မျက်စိရှန်းမသွားစေရန် မည်သည့်ကျောင်းစာအုပ်ကိုပဲဖတ်ဖတ်
ဘောပင်လ်တစ်ချောင်းကိုင်ဖတ်ပါ။

(၂)ရှုပ်နေအောင်ခြစ်ပစ်

စာအုပ်ထဲတွင်ရေးခြစ်မှတ်သားပြီး မှတ်စုလည်းတို့ထားပါ။အရေးကြီးသောအချက်များ သဘောတရားများကို စာအုပ်ပေါ်တွင်
တို့မှတ်ထားပါ။ ရေးခြစ်မှတ်သားထားခြင်း မရှိသော စာအုပ်မှာ မိမိနှင့်စိမ်းသလို ခံစားရသဖြင့် မကျက်ရသေးသကဲ့သို့
ဖြစ်နေတတ်သည်။

(၃)ဘာသာပြန်ကြည့်

အလွယ်တကူသဘောပေါက်နိုင်ရန် မိမိနားလည်သလို(မဟုတ်ရင်တောင်) ကြိုက်သလိုမှတ်သားပါ။
ထိုစကားလုံးကိုပြန်တွေ့တိုင်း မိမိဖော်ထားသည့် အဓိပ္ပာယ်နှင့်တွဲမှတ်မိသဖြင့် မှတ်ဥာဏ်ကောင်းစေသည်။


(ကိုးကားချက်)စာဖတ်ကျွမ်းခြင်းဖြင့် ဘ၀တိုးတက်ရေး-၂ (ဇင်သန့်)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...