စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အဘိဓမ္မာအခါတော်နေ့အကြောင်း သိကောင်းစရာ

သီတင်းကျွတ်လပြည့် အဘိဓမ္မာ အခါတော်နေ့သည် . . . .

မြတ်စွာဘုရားရှင် တာဝတိံတာနတ်ပြည်၌ မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿိတ နတ်သားအား ကျေးဇူးဆပ်သောအားဖြင့် ၀ါတွင်းသုံးလပတ်လုံး အဘိဓမ္မာဒေသနာတော်မြတ်ကို ဟောကြားတော်မူရာ ပြီးဆုံးသောနေ့ဖြစ်ပါသည်။
လူတို့၏ အရေအတွက်အားဖြင့် ရက်ပေါင်းကိုးဆယ် (သုံးလ)ဟုဆိုသော်လည်း တာဝတိံသာနတ်တို့၏ အရေအတွက် သတ်မှတ်ချိန်နှင့်ဆိုလျှင် မိနစ်မျှသာရှိလေသည်။

ဤသို့ လူတို့သတ်မှတ်ချိန် ရက်ကိုးဆယ်(သုံးလ)၊ တာဝတိံသာနတ်တို့၏ သတ်မှတ်ချိန် မိနစ်ပိုင်းမျှအားဖြင့် သဗ္ဗညုဗုဒ္ဓသည် အဘိဓမ္မာတရာတော်တို့ကို ဟောကြားရာတွင် အဘယ်ကျမ်းသည် အဘယ်မျှအချိန်ကာလ ဟောကြားခဲ့လေသနည်းဆိုလျှင် ရှေးဆရာအစဉ် အဆက် အာစရိယပရမ္ပရတို့သည် အောက်ပါကဗျာဖြင့် မှတ်တမ်းပြုခဲ့ကြပါသည်။

'' ဓမ္မသင် ၀ိဘင်္ဂ၊ ဒွါဒသရက်စီ၊
ခြောက်ရက်ကြာ၊ ကျမ်းဓာတုရယ်နှင့်၊
ပုဂ္ဂလာ ခုနစ်ရက်၊ ဟောမြွက်ခဲ့သည်။
ကထာဝတ် ရက်ရှစ်ညီ၊ ၀ီသာပ ယမိုက်ကျမ်း၊
ပဉ္စ၀ီ ပဋ္ဌာနရယ်လို့၊ လ. သုံးလီ မယ်တော်မိကို၊
ဟောသည့်ရက်တမ်း"

ဤသို့အားဖြင့် မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့သော အဘိဓမ္မာဒေသနာတော်မြတ်သည် တာဝတိံသာနတ်ပြည်၏ သက်တမ်းနှင့် တွက်ဆကြည့်ပါလျှင် သာသနာ ၂၅၅၆ နှစ်ဆိုပါက နတ်တို့၏ ရက်ပေါင်း (၂၅) ရက်မျှသာရှိသေးသည်ကို တွေ့ရပါသည်။

ထို့ကြောင့် ယခုလူသက်တမ်းအတွင်း အသက်ရှင်နေထိုင်သူတို့သည် သက်တမ်းကုန်၍ နတ်ပြည့်ရောက်မည်ဆိုပါက အဘိဓမ္မာဒေသနာတော်ကို ကြားနာဖူးသည် နတ်များထံမှ ပြန်လည်ကြားနာခွင့်ရနိုင်ပါသေးသည်။ မိမိကလည်း အဘိဓမ္မာဒေသနာတော်များကို လူပြည်၌ သင်ယူလေ့လာ၊ ကြားနာခြင်းပါရမီဓာတ်ခံရှိပါက နတ်သားများပြန်လည်ဟောကြားသော တရားတော်များနာယူလိုက်ရုံဖြင့် နားလည်သဘောပေါက်ကာ အရိယာအဆင့်တက်လှမ်းနိုင်မည်ဟု ယူဆရပါသည်။

နိဂုံးချုပ်ရသော် မြတ်စွာဘုရားရှင်ဟောကြားတော်မူခဲ့သော ပိဋကသုံးပုံတွင် အဘိဓမ္မာ ဒေသနာတော်သည် ဦးစွာကွယ်ပျောက်ရမည်ဖြစ်သောကြောင့် ဗုဒ္ဓသာသနာတော် ခံတပ်ကြီးသဖွယ်ဖြစ်သော အဘိဓမ္မာဒေသနာတော်များကို သင်ယူလေ့လာ၊ ကျက်မှတ်၊ အာဂုံဆောင်ထားသင့်ပါကြောင်း အသိပေးပြောကြားအပ်ပါသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...