စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကမ္ဘာ့အရပ်အရှည်ဆုံးတွေထဲမှာ မြန်မာတွေကောပါဝင်ပါသလား

ယနေ့ကမ္ဘာ့ဂင်းနစ်စံချိန်တွင် အရပ်အရှည်ဆုံးလူသားစံချိန်ကို တင်ထားကြသူတို့မှာ နိုင်ငံခြားတိုင်းပြည်များမှ ဖြစ်နေပါသည်။
စင်စစ် ထိုသူတွေထက် မိမိတို့ မြန်မာနိုင်ငံတွင် အရပ်မြင့်သူများ ရှိခဲ့သည်ဆိုလျှင် ယုံတမ်းစကားဟု ထင်ကြပါလိမ့်မည်။တကယ်တော့ ယုံတမ်းစကား မဟုတ်ပါ။ အမှန်တကယ်ရှိခဲ့သည်ဆိုသော အထောက်အထားများ ရှိနေပါသည်။

ထိုအထောက်အထားများမှာ မိမိတို့မြန်မာနိုင်ငံ ကုန်းဘောင်ခေတ်လက်ထက်အခါက ရှေးပညာရှင်များ စနစ်တကျအထောက်အထားခိုင်ခိုင်မာနှင့် ပြုစုထားသောနန်းတွင်း ပရပိုက်ဖြူလာ မှတ်တမ်းအချက်အလက်များ ဖြစ်ပါသည်။

ရှေးမြန်မာမင်းများလက်ထက်တော်ကြီးအခါက တိုင်းပြည်လူထုတွင် ထူးထူးကဲကဲ ဆန်းဆန်းပြားပြား
ဖြစ်ပေါ်လာတတ်သော အကြောင်းအရာများကို နန်းစဉ်ပုရပိုဒ်ဖြူများတွင် ပညာရှိအများက ရေးမှတ်ထားရလေ့ရှိသည်။သာဓကအားဖြင့် ထူးဆန်းသော အတိတ်နမိတ်ပေါ်ခြင်း၊ သဘာဝလွန်တိရစာန်များ၊ လူသားများတွေ့ရှိခြင်းစသော
ထူးဆန်းဖြစ်ရပ်များကို ရက်၊လ၊အတိအကျနှင့် မှတ်တမ်းတင် ပြုစုထားကြသည်။
ထိုကဲ့သို့ ထူးကဲစွာဖြစ်သော အကြောင်းအရာများကိ မှတ်တမ်းတင်ရာတွင် ဓာတ်ပုံရိုက်ကူးသော
ကင်မရာများပေါ်ပေါက်ခြင်းမရှိသေးသဖြင့် နန်းတွင်းပန်းချီကျော်များက ပုံတူကူးဆွဲ မှတ်တမ်းတင်ထားပြီး
နန်းတွင်းသူ၊ နန်းတွင်းသားများ အထူးဧည့်သည်တော်များသည် ထိုပုရပိုဒ်ဖြူမှတ်တမ်းများကို
လေ့လာကြည့်ရှုလေ့လာနိုင်ကြသည်ဟုဆိုသည်။

ထိုမှတ်တမ်းများအရမြန်မာသက္ကရာဇ်၁၁၅၃ ခုနှစ်ဘိုးတော်မင်းတရားကြီးလက်ထက်တွင် ရတနာသိင်္ဃမြို့နယ်ကအုကျေးရွာမှ အရပ် ၇တောင်မြင့်သော ကအုံလူကြီးတစ်ဦးသည် ဘိုးတော်မင်းတရားထံ အမှုတော်ထမ်းရန်
ရောက်လာခဲ့သည်ဟု သိရ၏။ယင်းလူကြီးသည် အရပ် ၇ တောင်ရှိသည်ဆိုလျှင် ယနေ့အတိုင်းအတာဖြင့်တိုင်းသော် ၁၀ပေ၊ ၆ လက်မ ရှိသည်ကို
အံ့သြစွာတွေ့ရှိရပေ၏။ယင်းနန်းတွင်း ပုရပိုက်ဖြူမှတ်တမ်းမှာပင် မြန်မာသက္ကရာဇ် ၁၂၀၃ ခုနှစ်၊ ရွှေဘိုမင်းလက်ထက်တော် ကြီးတွင်
ဒလမြို့ သမြင်တို အရပ်မှ မင်းတရားထံ အမှုတော်ထမ်းရောက်ရန်လာသော မိအံ့ကြီးဆိုသူမှာလည်း
အရပ်၅တောင်ရှိသည်ဟုသိရ၏။

အထက်ဖော်ပြသူများကို နန်းတွင်းပန်းချီကျော်များက မှတ်တမ်းတင်ရေးဆွဲထားခဲ့သည်။
ထို မှတ်တမ်းအရဆိုသော် ယနေ့ကမာ့စံတော်ချိန်မှတ်တမ်းများအရ ကမ္ဘာ့အရပ်ရှည်ဆုံးလူသားများသည်
မိမိတို့မြန်မာနိုင်ငံမှ အရပ်ရှည်ဆုံးလူသားများကို ကျော်လွန်နိုင်ခြင်းမရှိသေးဟု ဆိုရမည်ဖြစ်ပါကြောင်း။
ကိုးကားချက် -မှတ်မှတ်ထင်ထင် မြန်မာ့သမိုင်းဝင်ဖြစ်ရပ်များ(၁၀၀)၊နန္ဒမိုးကြယ်။
ကွန်ပျူတာချွတ်ယွင်းမှုကြောင့် ထပ်ဆင့်များမပါသည်ကို အနူးအညွတ်တောင်းပန်အပ်ပါသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...